ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ အချစ်ကိုရွေးနိုင်တာ နှစ်နည်းရှိတယ်။ ဦးနှောက်နဲ့နှလုံးသား၊ ဒါကလည်း အသက်အရွယ်ကို လိုက်လို့လည်း ပါချင်ပါမှာပေါ့။ တချို့က ဦးနှောက်နဲ့ရွေးတယ်။ တချို့က နှလုံးသားနဲ့ရွေးတယ်။ တချို့ကတော့ နှစ်ခုစလုံးနဲ့ မျှရွေးတယ်။ ] ( နှစ်ကိုယ်ခွဲ … မှ ) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျ …

ဝန်ဇင်းစာချစ်သူများအတွက် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်ခင်ဗျ။ အဲ့ဒါကတော့ ဆရာမင်းလူရေးသားတဲ့ “နှစ်ကိုယ်ခွဲ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ လူငယ်တွေ၊ ယောက်ျားလေး မိန်းကလေးမရွေး၊ လူငယ်တိုင်း ရင်ထဲထိရှ နှစ်သက်ကြမယ့် ဝတ္ထုတစ်အုပ်ပါ။ အထက်မှာ ဖော်ပြထားတဲ့ စာလိုပဲ မိန်းကလေးတစ်ယောက်ကို မြင်မြင်ခြင်း အဆမတန် ရင်တွေခုန်ပြီး စွဲလမ်းသွားတဲ့ ယောက်ျားလေးတစ်ယောက်က သူ့အချစ်ကို ဘယ်လိုမျိုးရွေးချယ်လက်ခံခဲ့လဲ ဆိုတဲ့ အကြောင်းကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။ 

[ “ငါ့စိတ်ထင်ကတော့ ဦးနှောက်က ဘယ်လိုပဲ ဆင်ခြင်စဉ်းစားနေနေ၊ ဘယ်လိုသတ်မှတ်ချက်တွေပဲ ပေးပေး၊ တကယ့်တကယ်ပိုင်ခွင့်၊ ဗီတိုအာဏာပေါ့ကွာ၊ အဲဒီ တစ်ချက်လွှတ်အာဏာကတော့ နှလုံးသားထဲမှာပဲရှိတယ်”
ကြည့်စမ်း…။ ကျွန်တော်မေ့နေတယ်။ ဒီကောင်တွေ အစဖော်ပေးမှ သတိရတော့တယ်။ ဒါတွေကို ကျွန်တော်လည်း သိပါတယ်။ ဒါပေမဲ့ စိတ်လောကြီးနေလို့၊ တစ်နည်းအားဖြင့် သူ့ကိုစွဲလမ်းတဲ့စိတ်က လွှမ်းမိုးနေလို့ သတိမမူမိခဲ့တာပါ။
ခုတော့ ကျွန်တော်သိပြီ။ အချစ်ကို ဘာနဲ့ရွေးရမလဲဆိုတာ။ 
“ငါသိပြီ…ငါသိပြီ” လို့ ကျွန်တော် ထအော်လိုက်တယ်။ ဒီကောင်တွေက ဘာပေါက်တာလဲဆိုတဲ့ အကြည့်မျိုးနဲ့ ဝိုင်းကြည့်နေကြတုန်း…ကျွန်တော် ပြောလိုက်ပါတယ်။ 
“သူ့ကိုမြင်မြင်ချင်း ငါ့ရင်တွေ သိပ်ခုန်နေခဲ့တယ်ကွာ” ]

အရင်ပို့စ်တွေမှာ ဆရာမင်းလူရဲ့စာအုပ်တွေကို ဖတ်ညွှန်းပေးတဲ့အခါ ဇာတ်လမ်းအမြည်းနဲ့ ဇာတ်ကောင်စရိုက်၊ ဝတ္ထုတစ်ခုလုံးအပေါ် သုံးသပ်ညွှန်းဆိုချက်ကို အကျဉ်းအားဖြင့် ဖော်ပြပါတယ်။ ဒါပေမဲ့ အခုစာအုပ် “နှစ်ကိုယ်ခွဲ” စာအုပ်ကိုတော့ ဖတ်ညွှန်း များများစားစား မဖော်ပြတော့ပါဘူး။ အကြောင်းကတော့ ဒီစာအုပ်ဟာ အထွေအထူး ဖတ်ညွှန်းပေးစရာ မလိုလောက်အောင် စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ဝန်ဇင်းစာချစ်သူများလည်း ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

ကဲ … ဒါဆိုရင် ဆရာမင်းလူရဲ့ “နှစ်ကိုယ်ခွဲ” စာအုပ်ကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦး ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......  






Related Posts