ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတို့ ထိပ်တိုက် တွေ့ဆုံကြတဲ့ ဝတ္ထုကောင်းတစ်ပုဒ် ]
…..

စာအုပ်အမည် - ကတ္တီပါကျိန်စာ
စာရေးဆရာ - ဗျူး

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ်

ဖတ်ညွှန်း - ညီအစ်ကိုနှစ်ယောက်ကြားက သံယောဇဉ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတို့ကို ထိပ်တိုက်ပေးတွေ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဆရာဗျူးရဲ့ ပရိသတ်တွေအဖို့ ဖတ်ရင်းဖတ်ရင်းနဲ့ မချင့်မရဲဖြစ်စေမယ့် စာအုပ်ပါပဲရှင့်။

ဇာတ်လမ်းကတော့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ကြယ်တိုင်းရံနဲ့ လမင်းရံ ။ အစ်ကိုကြီးဖြစ်တဲ့ ကြယ်တိုင်းရံတစ်ယောက် ဆယ်တန်းအောင်စာရင်းထွက်တဲ့နေမှာ ညီလေးဖြစ်သူ ငါးတန်းကျောင်းသား လမင်းရံနဲ့အတူ သူတို့ မိသားစု ဘုရားဖူးသွားရင်း လမ်းမှာ ကားအက်စီးဒင့် … ။ ဖေဖေနဲ့ မေမေကို စောစီးစွာ ဆုံးရှုံးလိုက်ရပြီးနောက် တွယ်ရာမဲ့ ဖြစ်သွားတဲ့ ညီအစ်ကိုနှစ်ယောက်မှာ ကြယ်တိုင်းရံဟာ အစ်ကိုကြီး အဖရာ ၊ ညီငယ် လမင်းရံကတော့ သူ့ရဲ့ အသက်။ အဝေးသင်ဘွဲ့လောက်သာယူပြီး ပညာဆက်မသင်ဘဲ စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ ကြယ်တိုင်းရံ လုပ်ဆောင်သမျှဟာ ညီငယ်ရဲ့ ပညာရေးအတွက်။

“သြော် .. ကြီးရင်မီ ငယ်ရင်ချီတဲ့၊ ယောက်ျားပဉ္စင်းတက် မိန်းမပုခက်တွင်းတဲ့၊ အဲဒါမှ အသက်တွေကြီးတဲ့အထိ လိုက်ဖက်ညီတာပေါ့၊ စိတ်ကူးမလွဲနဲ့ ရင်ထဲရှိသလို ခံစား၊ အချစ်ရှိမှ လူ့ဘဝက နေပျော်တာ၊ စိတ်ကျန်းမာတာ၊ အရွယ်မလွန်ခင် အချစ်ကိုရှာထား၊ မြပဝါလေးက ရိုးသားပါတယ်” 

ဝတ္ထုထဲမှာ အပြိုင်ဇာတ်လမ်း နောက်တစ်ခုကတော့ - ပဝါဖြူဆိုတဲ့ ကောင်မလေး။ ကြယ်တိုင်းရံတို့နဲ့ ဘဝတူလို့ ဆိုရမယ့်ပုံက သူမဟာလည်း ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ဖခင်ကို ရင်နင့်ကြေကွဲစွာ ဆုံးရှုံးလိုက်ရတဲ့အဖြစ်။ သူမတို့ရွာနဲ့ ပတ်သက်နေတဲ့ သူ ဖြစ်တဲ့အတိုင်း ပဝါဖြူရဲ့ ကျောင်းပညာရေးကို ဆက်လက် ထောက်ပံ့ပေးဖို့ ကံကြုံလာသူက ကြယ်တိုင်းရံပဲပေါ့ … ။ 

“ပဝါတို့က သူ့အထောက်အပံ့နဲ့ ပညာသင်ရတာကို လွန်လှပါပြီ၊ မှီခိုအားထားချင်တာကို ချူမြှိုက်စားတယ်၊ မတန်မရာမှန်းတယ်၊ ပိုင်းလုံးလုပ်တယ်လို့ ယူဆသွားရင် မာနတစ်ခုပဲ ချမ်းသာတဲ့ ပဝါတို့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာ ဘယ်မြောင်းထဲ လိုက်ကောက်မှာလဲ မကြည်ပြာ”

ကြယ်တိုင်းရံဟာ သူရဲ့ ညီငယ်နဲ့ ရွယ်တူလောက်ရှိမယ့် ပဝါဖြူကို ကျောင်းပညာရေးအတွက် ကူညီထောက်ပံ့ပေးဖို့ ကြုံဆုံလာပြီး နောက်ပိုင်းမှာတော့ …. ကဲ ၊ ပဝါဖြူ ဆိုတဲ့ မိန်းကလေးကရော ဘယ်လိုမျိုးလဲ ? ကြယ်တိုင်းရံက အဓိကဇာတ်လိုက်ဖြစ်မလား .. လမင်းရံကရော ? မိန်းမတစ်ယောက်ရဲ့ ရင်ထဲက ချစ်ခြင်းဟာ ဘယ်လောက်ထိ လေးနက် သိမ်မွေ့လေမလဲ ? စတာတွေကို ဖတ်ရှု ခံစားရမယ့် ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ဖတ်ရှုလိုက်ပါလို့ ညွှန်းဆိုချင်ပါတယ်ရှင့်။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီနော်။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်နော်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....


Related Posts