ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မိုးအေးအေးမှာ ဝတ္ထုကောင်းကောင်းကိုမှ ဖတ်ချင်တယ် ဆိုသူများအတွက်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝတ္ထုကြိုက်တဲ့ စာချစ်သူတွေအတွက် ကျွန်တော်တို့ဝန်ဇင်းမှ နေ့စဉ် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်ဝတ္ထု၊ ဖြစ်ရပ်မှန်၊ သမိုင်း၊ ဟာသဝတ္ထု … စတဲ့ ဝတ္ထုစာအုပ်ကောင်းမျိုးစုံကို နေ့စဉ် တင်ဆက်ပေးလျက်ရှိပါတယ်။ ဒီနေ့မှာဆိုလည်း ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ ဝတ္ထုစာအုပ်တွေနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ ဒီစာအုပ်တွေကတော့ စာချစ်သူတွေအတွက် မိုးအေးအေးမှာ အိမ်တွင်းအောင်းရင်း ဖတ်လို့ကောင်းတဲ့ဝတ္ထုတွေဖြစ်လို့ မိုးအေးအေးမှာ ဝတ္ထုစာအုပ်လေးနဲ့ နှပ်ချင်သပဆိုသူတွေ၊ ဒီစာအုပ်တွေကို ခုပဲ ဝယ်ယူဖတ်ရှုလိုက်ပါလို့ ဦးစွာပဏာမ ပြောကြားလိုက်ပါရစေခင်ဗျာ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးမယ့် စာအုပ်ကတော့ စာရေးဆရာ ပဉ္စမံဒီရိုင်းရဲ့ “ကျွန်တော့်ချစ်ခြင်းသစ်ပင်” ဆိုတဲ့ စာအုပ်ပါပဲ။ ရာသီဥတုမကောင်းလို့ စိတ်ညစ်ညူးနေသလား၊ ဒါမှမဟုတ် အလုပ်ကအပြန် ကားတိုးစီးရပြီး အိမ်ပြန်ရောက်တဲ့အခါ စိတ်မကြည်မသာ ဖြစ်နေရသလား၊ ဒီလို မပျော်မရွှင်ဖြစ်နေတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်လိုက်ပါလို့ ဆိုပါရစေ။ ညစ်နေတာမှန်သမျှ ပျောက်ပြီး စာချစ်သူရဲ့ စိတ်ကို ပျော်ရွှင်လာစေပါလိမ့်မယ်။ 

ဘာလို့လဲဆိုတော့ ဒီစာအုပ်ဟာ ‘သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း’ ရဲ့ အယ်ဒီတာအဖွဲ့မှ ရွေးချယ်ထားတဲ့ အသစ်စက်စက် လက်ရွေးစင် ဟာသလုံးချင်းဝတ္ထုဖြစ်နေလို့ပါပဲ။ လူငယ်ဆန်ဆန် ဇာတ်လမ်းတွေကို ရယ်မောစရာ အဖြစ်အပျက်လေးတွေနဲ့ ပေါင်းစပ်ရေးသားလေ့ရှိတဲ့ စာရေးသူ ပဉ္စမံဒီရိုင်းရဲ့ “ကျွန်တော့်ချစ်ခြင်းသစ်ပင်” ဟာ “သင့်အတွက်ရယ်မောခြင်းစာအုပ်” ဖြစ်သွားပါလိမ့်မယ်။ 

ကဲ … ဘယ်လိုဇာတ်လမ်းမျိုးကို ဖတ်ရှုရပြီး ဘယ်လိုရယ်မောစရာ အဖြစ်အပျက်တွေ မြင်တွေ့ရမလဲဆိုတာ သိချင်တယ်၊ စိတ်ညစ်စရာတွေ ပျောက်၊ ရယ်မောပျော်ရွှင်ချင်တယ်ဆိုရင်တော့ အခုပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ လက်တို့လိုက်ရပါတယ်ခင်ဗျာ။ 

( ၂ ) နောက်ထပ် မိတ်ဆက်ပေးမှာကတော့ စာရေးဆရာကြီး ရန်အောင်အပါအဝင် အခြား စာရေးဆရာများလည်း ပါဝင်ရေးသားထားကြတဲ့ “မြန်မာဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်ပါပဲ။ ဆရာကြီးရန်အောင်ရဲ့ သမီးဖြစ်သူ စီစဉ်တဲ့ ရန်အောင်စာပေမှ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုကြရမှာပါ။ ဆရာကြီးရန်အောင်၊ မင်းကိုခါး ကလောင်အမည်ဖြင့် ဆရာကြီး ဂျက်ကွန်းခြံကုန်း၊ ဆရာမ ခင်ဆွေဦး၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမ စမ်းစမ်းနွဲ့( သာယာဝတီ )၊ ဆရာမ သန်းမြင့်အောင် နှင့် အခြား စာရေးဆရာ ကလောင်ရှင်များစွာ ပါဝင်ရေးသားထားကြတဲ့ ဝတ္ထုတိုတွေကို တဝကြီး ဖတ်ရှုကြရမှာပါ။ 

မြန်မာ့လူမှုဘဝသရုပ်ဖော်ဝတ္ထုတို အများအပြားကို ဖတ်ရှုရမှာဖြစ်ပြီး ဝတ္ထုတိုတိုင်းက စာချစ်သူများအတွက် ရသတစ်မျိုးစီကို ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ အားတက်ဖွယ်ရာ၊ တွေးတောစဉ်းစားစရာ အဖြစ်အပျက်တို့ကိုလည်း ဖတ်ရှုမြင်တွေ့ရမှာဖြစ်လို့ ဒီစာအုပ်ကိုတော့ ဝတ္ထုတို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဘယ်လိုမှ လက်လွှတ်မခံသင့်ပါဘူး။ 

ကဲ … စာရေးဆရာ ကလောင်ရှင်အများအပြားရဲ့ ဝတ္ထုတိုတွေကို တစုတစည်းတည်း ဖတ်ရှုရမှာမို့ အခုပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

( ၃ ) နောက်ဆုံးမိတ်ဆက်ပေးမှာကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “နှလုံးသားပုံတူ” ဆိုတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်ခင်ဗျ။ ဆရာမ လမင်းမိုမိုရဲ့ စာချစ်ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဝတ္ထုတစ်အုပ်ပဲ ဖြစ်ပါတယ်။ 

[ “မင်းကတော့ စကားအရာနဲ့ ပတ်သက်ရင် အတင်မခံမယ့်မဟာပုဂ္ဂိုလ်ပဲ၊ မင်းပြောတာလည်း မှန်သင့်သလောက် မှန်မယ်ပေါ့၊ ဒါပေမဲ့ အန်တီက ပန်းချီဆရာလာတယ် ဆိုကတည်းက ပင်နီတိုက်ပုံ၊ ချည်ပုဆိုးနဲ့ ရိုးရိုးကုပ်ကုပ်၊ ရိုရိုကျိုးကျိုး ပုံစံမျိုးနဲ့ တွေ့ရမယ်ထင်တာ၊ မင်းလို ခေတ်လူငယ်မျိုးကို မျှော်လင့်မထားဘူး”
“ရပါတယ်အန်တီ၊ အလုပ်ရှင်က သဘောကျတဲ့သူကိုပဲ အလုပ်ပေးမှာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပန်းချီဆရာ ဘောင်းဘီမဝတ်ရဘူးလို့တော့ အန်တီမပြဋ္ဌာန်းပါနဲ့ခင်ဗျ။ ပန်းချီဆရာဟာ လူထဲကလူပဲမို့ သူ့အကြိုက်နဲ့သူပါပဲ။ အန်တီအဲ့လို သတ်မှတ်ရှာဖွေရင်တော့ အဲ့သလိုပုံစံမျိုး ရချင်ရမယ်။ အရည်အချင်းတော့ မသိဘူးပေါ့ဗျာ။” ]

ပန်းချီဆရာတစ်ဦး အရေးတကြီးရှာဖွေနေပြီး ပုံတူပန်းချီအပ်ဖို့ အလျင်လိုနေတဲ့ မိသားစုတစ်စု။
ဆရာဖြစ်သူရဲ့ ထောက်ခံချက်နဲ့အတူ အဲ့ဒီမိသားစုဆီကို ပန်းချီဆရာအဖြစ် ပုံတူဆွဲပေးဖို့ ရောက်လာတဲ့လူငယ်။
ပုံတူဆွဲပေးရသူက …… ။ 

ကဲ … စာရေးဆရာမ လမင်းမိုမိုက ဒီဝတ္ထုမှာ ဘယ်လို ဇာတ်အိမ်မျိုးနဲ့ ဘယ်လိုဇာတ်လမ်းမျိုး ရေးသားထားလဲ၊ ဘာတွေ ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ခုပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

ကဲ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုစာအုပ်ကောင်းတွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြပါဦးခင်ဗျ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျာ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts