ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ကဲ … ဘာလိုသေးလဲ့ ?

သေမင်းခုနစ်ဖော် နဲ့ အဆုံးမရှိသော သိုင်းတေးသံတို့ အပိုင်းသစ် စာစဉ်သစ်တွေ ထွက်လာပြီလေ !

၁။ စာအုပ်အမည် - အဆုံးမရှိသော သိုင်းတေးသံ 
မြန်မာပြန်စာရေးဆရာ - ဖြိုးဝေအောင်
စာစဉ်အမှတ် - ( ၆ ) 
စာမြည်း ။	။
“ဘာ … နယ်မြေငါးခုကို ခြေကုပ်ယူပြီးသွားပြီ”
ရှမ်းစု အတော်လေးကို မယုံကြည်နိုင် ဖြစ်သွားခဲ့၏။ ထိတ်လည်း ထိတ်လန့်သွားမိသည်။ ရွှေငွေဒင်္ဂါးဂိုဏ်းက ဒီလောက်ထိ အင်အားကြီးထွားနေပြီလား။ 
“ဟုတ်တယ်၊ ရွှေငွေဒင်္ဂါးဂိုဏ်း ခြေကုပ်ယူထားတဲ့ ပုံစံက သာမန်ကာလျှံကာ အဆင့်လောက်တင် မဟုတ်ဘူး၊ နယ်မြေငါးခုစလုံးကို သူတို့လက် သူတို့ခြေ ဖြစ်စေလောက်တဲ့ အဆင့်ထိကို ခြေကုပ်ယူထားတာ” 
“ရှက်ရှက်နဲ့ ဆက်ပြောရရင် ကျုပ်တို့ ကြယ်ပျံခုနစ်ဖော်အဖွဲ့က ရွှေငွေဒင်္ဂါးဂိုဏ်းမှာ ဘာမှ အရာမရောက်တဲ့ လူတွေပါ၊ ကျုပ်အနေနဲ့ အခုလို ဒဏ္ဍာရီပလွေသိုင်းသမားရဲ့ နောက်ကြောင်းကို စုံစမ်းနေရတာက ရွှေငွေဒင်္ဂါးဂိုဏ်းမှာ နေရာတစ်နေရာလောက် လိုချင်လို့ပါပဲ”
ရှမ်းစုက ဒီတစ်ခါ ကြားလိုက်ရသော စကားကြောင့် အတော်ကြီး တုန်လှုပ်မိသွားပါသည်။ ကြယ်ပျံခုနစ်ဖော်အဖွဲ့က ရွှေငွေဒင်္ဂါးဂိုဏ်းမှာ အရေးမပါဘူးတဲ့လား။ ဒါဆို အရေးပါတယ်လို့ သတ်မှတ်ခံရတဲ့ လူတွေက ဘယ်လောက်တောင် အစွမ်းထက်မြက်တဲ့လူတွေ ဖြစ်နေမလဲ။ ဒီလောက်လေး စဉ်းစားကြည့်ရုံနဲ့တင် ရှမ်းစု စိတ်ထဲ လေးလံသွားမိသည်။ 

၂။ စာအုပ်အမည် - သေမင်းခုနစ်ဖော်
စာရေးသူ - မဲခေါင်ကျော်စွာ
အပိုင်း - ( ၁၀ ) 
စာမြည်း ။	။ 
“ကျွန်မ ရှင့်ကို ခေါ်ရတယ် ဆိုတာ ပဉ္စမမြောက် နဂါးကိုယ်တော်ကြီးကို ကတိပေးထားလို့ပါ။ အဲကတိသာ မရှိလို့ကတော့ ရှင်ဟာ သေလူ ဖြစ်ပြီးသားပဲ”
“ပဉ္စမမြောက် နဂါးကိုယ်တော်ကြီးကို ပေးလိုက်တဲ့ ခင်ဗျားရဲ့ ကတိက ဘာလဲဗျ”
“ကျွန်မ ပေးလိုက်တဲ့ ကတိက ရှင့်ကို တစ်စုံတစ်ယောက်ကို တွေ့ဖို့ ခေါ်သွားပေးဖို့ပဲ။ အဲဒီကိစ္စကလွဲရင် ရှင်နဲ့ ကျွန်မကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး။ ဒါကြောင့် ရှင့်အပြုအမူတွေကို ဆင်ခြင်ပါ။ မိန်းမနဲ့ ပတ်သက်တဲ့ ရှင့်အကြောင်းတွေ ကျွန်မ ကြားဖူးတယ်။ တခြားမိန်းမတွေကို ဆက်ဆံသလိုသာ ကျွန်မကို ဆက်ဆံတယ်ဆိုရင် ရှင့်ကို သေလမ်းခရီး ရောက်အောင် မြန်မြန် ပို့ပေးလိုက်မယ်”
“ကျုပ် နားလည်ပါတယ်” 
သူမက အေးစက်စွာ ရယ်မောလိုက်သည်။ 
………….
ကဲ၊ ဒါဆို ဘာလိုသေးလဲ … စနေတနင်္ဂနွေပိတ်ရက်ကို သိုင်းဝတ္ထုနဲ့ အိမ်တွင်းအောင်းမယ်။ 
ဒီစာအုပ်တွေကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts