ယနေ့အတွက် ဖတ်စရာကဏ္ဍ


ဇာတ်လမ်းအသစ်အဆန်းကိုမှ ဖတ်ချင်တယ် ဆိုသူများအတွက် “လျှို့ဝှက်မှုတွေ ၊ ဂမ္ဘီရဆန်မှုတွေ ၊ မှော်ပညာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ချစ်သူနှစ်ဦးရဲ့ ဟောလိုဝင်းည”
…….

စာအုပ်အမည် - ဟောလိုဝင်းည ၁၂ နာရီ
စာရေးဆရာမ - ညေး

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၈၀၀* ကျပ် 

စာအုပ်ဖတ်ညွှန်းတို - စာရေးဆရာမ ညေးရဲ့ စာဖတ်ပရိသတ်တွေအဖို့တော့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ ဒီဝတ္ထုမှာလည်း စိတ်ဝင်စားစရာတွေ ၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ ဒီအခြေအနေတွေ ကြားထဲမှာ စိတ်ခုန်စရာ ဒရမ်မာဇာတ်လမ်းကလည်း အရံသင့်ပါပဲ။ တစ်ခုထူးခြားတာကတော့ ဒီဝတ္ထုဟာ အရင်ဝတ္ထုတွေနဲ့ မတူဘဲ *ဂမ္ဘီရ* *မှော်ပညာ* အဖြစ်အပျက် အကြောင်းအရာတွေကို နောက်ခံထားတာမို့ ဆန်းသစ်တဲ့ ဝတ္ထုဇာတ်အိမ်ရဲ့ အငွေ့အသက်ကို ကျေကျေနပ်နပ်ကြီး ခံစားမိကြမှာပါ။ 

ဒီစာအုပ်ထဲမှာ အဓိက အရေးပါတဲ့ ကြော်ငြာတစ်ခု ရှိတယ် - အဲ့ဒီ ကြော်ငြာက …

[ Halloween ညမှာ ကျွန်မနဲ့အတူ ဘယ်သူရှိချင်လဲ ? 

အဲဒီနေ့မှာ သူတို့တွေ ပြည်တော်ပြန်လာကြလိမ့်မယ် … ။ ကျွန်မတို့ သိပ်ကြောက်ကြတဲ့ တစ္ဆေ၊ သရဲ၊ ဖုတ်၊ မှင်စာ၊ မှော်ဆရာတွေလေ … သူတို့တွေ သင်္ချိုင်းဂူတွေထဲကနေ နိုးထလာကြပြီး လမ်းမတွေပေါ် အလျှိုလျှို ထွက်လာကြလိမ့်မယ်။ 

သင်ရော … လူသားစစ်စစ် မိန်းကလေးတစ်ယောက်နဲ့အတူ Halloween ညကို ရဲဝံ့စွန့်စားစွာ မဖြတ်သန်းလိုဘူးလား … ။ 

ဒီကြော်ငြာကို စိတ်ဝင်စားတယ်ဆိုရင် ယခုဖော်ပြထားတဲ့ အီးမေးလ်လိပ်စာအတိုင်း ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ သင်ဟာ ကျန်းမာကြံ့ခိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီး သတ္တိရှိမှုနဲ့အတူ ရဲဝံ့စွန့်စားလိုစိတ် ရှိရပါ့မယ် … ။ မိန်းကလေးတစ်ယောက်ကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနိုင်စွမ်းလည်း သင့်မှာ ရှိရပါမယ် … ။ ]

ဒီကြော်ငြာရဲ့ ဖန်တီးရှင်ကတော့ ‘သွန်နမီ’ 	ဆိုတဲ့ ကောင်မလေး။ သူမဟာ တောမြို့လေးတစ်မြို့ကနေ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်တာမို့ မြို့ကြီးပြကြီးအထိ စွန့်စွန့်စားစားတက်လာတဲ့ ဆယ်ကျော်သက်ရွယ် ကောင်မလေးတစ်ယောက် - ရဲရင့်သွက်လက်တယ်၊ ယဉ်ကျေးဖော်ရွေတယ်၊ သင်လွယ်တတ်လွယ်နဲ့ ထက်ထက်မြက်မြက်ရှိသူလေးပေါ့။ 

အဲ့ - နောက်ထပ်တစ်ယောက်ကတော့ သူ့လိုပဲ The City ဆိုတဲ့ ကုန်တိုက်ကြီးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်။ သူ့ရဲ့နာမည်က ‘ရှိန်း’ ။ သူက ကုန်တိုက်ကြီးရဲ့ အပေါ်ဆုံးထပ် ( ၂၁ ) ထပ်မှာရှိတဲ့ Book Corner စာအုပ်ဆိုင်ကြီးမှာ အလုပ်,လုပ်နေတဲ့သူ - အဲ့ဒီဆိုင်မှာ စာအုပ်အသစ်တွေလည်း ရှိသလို ရှေးဟောင်းစာအုပ်တွေကလည်း - မနည်းမနောပဲ။ စာအုပ်ပုံတွေကြားမှာ ခေါင်းမြုပ်နေတဲ့ ရှိန်းနဲ့ စိတ်ကူးဆန်းတဲ့ ကောင်မလေး သွန်နမီတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုရှိမလဲ ?

ပြီးတော့ ဒီဝတ္ထုထဲမှာ အဓိက ပါဝင်တဲ့ စာအုပ်တစ်အုပ် ရှိတယ်။ အဲ့ဒီစာအုပ်ရဲ့နာမည်က - “The Three Devil Stars” - နတ်မိစ္ဆာကြယ်သုံးပွင့် ။ ကဲ … စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းအသစ်အဆန်းတွေကိုမှ ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီဝတ္ထုလေးက ဝန်ဇင်းစာချစ်သူတို့အတွက် ဖတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ခုပဲ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှပ်ပြီး ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....

Related Posts