ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ စာဖတ်သူတို့ရဲ့ အသိတွေ အတွေးတွေ ရှုထောင့်တွေကို လန်းဆန်း သစ်လွင်သွားစေမယ့် စာအုပ် - ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ ] 

ဒီနေ့ ဒီစာအုပ်ကို မညွှန်းခင် မှတ်ချက်ပြု ပြောချင်တာလေး ရှိပါတယ်။ အဲ့ဒါကတော့ -

မှတ်ချက် ။       ။ ဒီစာအုပ်ကို သင် အခေါက်အခေါက် အခါခါ ပြန်ဖတ်မိပေလိမ့်မည်။ 

………….

ဟုတ်ပါတယ်ဗျာ၊ ဝန်ဇင်းကနေ ဒီနေ့အတွက် မိတ်ဆက်ပေးမယ့် စာအုပ်ကောင်းတစ်အုပ်ကတော့ သင် မကြာခဏ အခေါက်အခေါက် အခါခါ ပြန်ဖတ်မိလိမ့်မယ့် စာအုပ်ပါပဲ။ ဒီနေ့ တနင်္လာနေ့ - သုံးရက်လောက်နားပြီး ရုံးပြန်တက်ရတာကို ပျင်းနေပြီလား၊ ပျင်းမနေပါနဲ့ - ရုံးလည်းတက်ပါ၊ အလုပ်လည်းလုပ်ပါ၊ ပြီးတော့ ဝန်ဇင်းကနေ မိတ်ဆက်လိုက်တဲ့ ဒီစာအုပ်ကိုလည်း ဖတ်ပါ။ 

ဘာလို့ ဖတ်စေချင်တာလဲ ဆိုတော့ ဒီစာအုပ်ဟာ စာချစ်သူတွေရဲ့ 

-	အတွေးအမြင်တွေကို လတ်ဆတ်စေလိမ့်မယ်။ 
-	ရှုထောင့်အသစ်တွေကို မွေးဖွားပေးလိမ့်မယ်။ 
-	ပြီးတော့
-	ရသခံစားမှုကို မြှင့်တင်ပေးလိမ့်မယ်။ 

အဲ့ဒီစာအုပ်ရဲ့ နာမည်က >>> ‘ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ’ တဲ့။ 

စာရေးသူတွေက >>> မင်းခိုက်စိုးစန် ၊ ထက်မြတ်နိုင်ဇင်။

လူငယ်စာရေးဆရာတွေ ဖြစ်ကြတဲ့အလျောက် သူတို့ ဖန်တီးထုတ်လုပ်လိုက်တဲ့ အနုပညာကလည်း ( စနစ်တကျ ) လူငယ်ဆန်နေတယ်။ လူငယ်စာဖတ်ပရိသတ်တွေ များလာတဲ့အချိန်မှာ ခုလို အရေးအသားက အသစ်အဆန်းကို မက်မောတဲ့ လူငယ်တွေရဲ့ ရင်ဘတ်နဲ့ ကွက်တိပဲလို့ ဆိုရမှာပဲ ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တာက ဝတ္ထုတိုတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီ ဝတ္ထုတိုတွေဟာ - 

“စာဖတ်သူ မြင်နေကျ ဝတ္ထုတိုတွေ မဟုတ်ဘူး” 

ဝတ္ထုတို တစ်ပုဒ်တည်း ဖတ်ချင်လည်း ရတယ်၊ အဓိပ္ပါယ်ရှိတယ်၊ ရသခံစားမှု ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ဝတ္ထုတိုတွေကိုပါ ဆက်မဖတ်ဘူးဆိုရင်တော့ ပြည့်ဝတဲ့ ရသခံစားမှု၊ အတွေးအမြင်ကို ရရှိမှာမဟုတ်။ အကြောင်းကတော့ စာရေးသူ ( ဇာတ်ကြောင်းပြောသူ ) ဟာ အဖြစ်အပျက် တစ်ခုကို တည်ထားပြီး အဲ့ဒီ ဖြစ်ရပ်ထဲမှာ ပါဝင်သူ ဇာတ်ကောင်တွေရဲ့ ရှုထောင့် နေရာကနေ ဝင်ရောက် ရေးသားထားလို့ပါပဲ။ ဒီလို ဝတ္ထုတိုချိတ်ဆက် အရေးအသားမျိုး၊ တစ်ဦးထက်ပိုတဲ့ ရှုထောင့်အမြင် ( Multiple Point of View ) နဲ့အတူ ရေးသားထားတဲ့ ဝတ္ထုတိုတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရပါလိမ့်မယ်။  

ပထမဆုံး တွေ့ရမှာကတော့ ‘သူစိမ်းများနှင့် နေ့လယ်စာ’ လို့ ခေါင်းစဉ်တပ်ထားတဲ့ ဝတ္ထုတိုတွေပါပဲ။ မေးခွန်းများနှင့် လူ၊ ဆာလောင်ခြင်းများနှင့် လူ၊ တိတ်ဆိတ်ခြင်းများနှင့် လူ၊ ဒဏ်ရာဟောင်းများနှင့် လူ … စတဲ့ ဝတ္ထုတို ခေါင်းစဉ်ငယ်လေးတွေဟာ ‘သူစိမ်းများနှင့် နေ့လယ်စာ’ ( ၁ )၊ ( ၂ )၊ ( ၃ )၊ ( ၄ ) ဆိုတဲ့ အောက်မှာ ရှိနေတယ်။ စာရေးသူ နှစ်ဦးစလုံး အားထုတ်ထားတဲ့ ဝတ္ထုတို အရေးသားတွေဟာ တစ်ပုဒ်ချင်းစီအလိုက်လည်း အဓိပ္ပါယ် ရှိနေသလို “သူစိမ်းများနှင့် နေ့လယ်စာ” ဆိုတဲ့ ခေါင်းစဉ်ကြီး အောက်မှာလည်း ပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပြန်တယ်။ 

နောက်တစ်ခုက >>> ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ။ ဒီခေါင်းစဉ်ကြီး အောက်မှာလည်း ဝတ္ထုတိုခွဲလေး ( ၄ ) ပုဒ် ရှိနေသေးတယ်။ အိပ်မက်ဖမ်းမုဆိုး၊ ဓားသွားနှင့် တူသော မိန်းမ၊ အာဏာပါးကွက်သားနှင့် တူသော မိန်းမ၊ အိပ်မက်မျှားတဲ့ကမ်းပါး … ဒါတွေကို တစ်ပုဒ်ချင်းစီဖတ်၊ စာဖတ်သူရင်ထဲမှာ ရသတစ်စုံတစ်ရာ ကျန်ခဲ့လိမ့်မယ်။ နောက်တစ်ပုဒ် ဆက်ပြီးဖတ်၊ မတူညီတဲ့ ရသကို ခံစားမိလိမ့်မယ်။ 

“ဝတ္ထုတို အကုန်လုံး ဖတ်ပြီးသွားတဲ့အခါမှာတော့ စာဖတ်သူရဲ့ အတွေးအမြင် ကမ်းပါးကို ရသလှိုင်းလုံးတွေ လာရောက် ရိုက်ခတ်သံကို ကြားရမှာ အသေအချာပါပဲ” ….. ။ 

ဒါပေမဲ့ - ဇာတ်သိမ်းခန်း - စာဖတ်သူအနေနဲ့ ဇာတ်သိမ်းခန်းကို ဘယ်လို ဖြည့်စွက် ရေးသားမလဲ ? 

ခု မိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာ မြင်တွေ့ရခဲတဲ့ ဝတ္ထုတို အရေးအသား ပုံစံတွေပါပဲ။ ဝတ္ထုတို ဖွဲ့စည်းမှု ပုံစံကို စနစ်တကျ တည်ဆောက်ပြီး ဦးတည်ချက် တစ်ရပ်အတွက် သီးသန့်ရေးသားထားတဲ့ ဒီဝတ္ထုတွေဟာ Short Story Circle နဲ့ ပတ်သက်ပြီး ဝတ္ထုတို အရေးအသားဆိုင်ရာ လေ့လာလိုသူ လူငယ်တွေအနေနဲ့ ဖတ်ကို ဖတ်ရှုသင့်ပါလို့ ညွှန်းဆိုချင်ပါတယ်။

ဒါနဲ့ .. မေ့တော့မလို့ဗျ။ ကြားထဲမှာတော့ စာဖတ်သူ ခံစားဖို့ သီးခြား ဝတ္ထုတို သုံးပုဒ်အဖြစ် ‘သင်္ကြန်ငေးသူ’၊ ‘နှောင်ကြိုးဖွဲ့မယ့် ကြယ်’ နဲ့ ‘ရေးဆွဲဖို့မေ့နေတဲ့ ပန်းချီကားဟာ ကျွန်မကိုယ်တိုင်ပါပဲ’ တို့လည်း ပါဝင်သေးတယ်နော်။ အတွေးရအောင် စာမြည်လေး ကောက်နုတ်ရင်း ဒီစာညွှန်းကို နိဂုံးခုတ် ( နိဂုံးချုပ် ) လိုက်ပါတယ်။

[ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် မနှစ်သက်တဲ့ အချိန်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးဟာ သစ်လွင်တောက်ပပြီးတော့ အရာတိုင်းဟာ သဘောကျဖို့ ကောင်းနေတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးလာတဲ့အခါ ကိုယ့်ရဲ့ အရာရာကသာလျှင် အလင်းလက်ဆုံး ဖြစ်လာပါတယ်။ ] ( ‘ရေးဆွဲဖို့မေ့နေတဲ့ ပန်းချီကားဟာ ကျွန်မကိုယ်တိုင်ပါပဲ’ … မှ )  

ကဲ … ကဲ၊ စဉ်းစားမနေနဲ့၊ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းနဲ့ ဈေးနှုန်းသက်သက်သာသာ သင့်ရဲ့ ဖုန်းထဲမှ တစ်ဆင့် ဝယ်ဖတ်။ အိုကေ !!!

…………

ဝတ္ထုတိုစုစည်းမှု စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts