ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဝန်ဇင်းစာချစ်သူများအတွက် သိုင်းလောကစိန်ခေါ်သံ - စာစဉ် ( ၁၃ ) နှင့် စာရေးဆရာမ မေလှိုင်းဖြူရဲ့ ရသလက်ရာတစ်ပုဒ် ]

………….

သင်ဖတ်ဖို့ စာအုပ် ( ၁ ) >>> လွမ်းငွေ့ဝေစီ ငပလီ

စာရေးဆရာမ >>> မေလှိုင်းဖြူ

ဖတ်ညွှန်းတို - ဒီစာအုပ်ကတော့ ရသဝတ္ထု စာရေးဆရာမ မေလှိုင်းဖြူရဲ့ နောက်ထပ် ရသလက်ရာကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ စာဖတ်သူအတွက် သုတလည်း ရစေသလို ရသခံစားမှုကိုလည်း အပြည့်အဝပေးတဲ့ စာအုပ်လို့ ဆိုရမှာပါ။ ပျော်ရွှင်ကြည်နူးစရာများကို ခံစားရမှာ ဖြစ်သလို ဝမ်းနည်းကြေကွဲစရာများကလည်း စာဖတ်သူရဲ့စိတ်ကို ညှို့ယူထားပါလိမ့်မယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမျိုးသားစာပေဆုရ ရသစာရေးဆရာကြီး ကျွန်းစဉ်မြေ - စောခက်က အမှာစာမှာ ခုလို ဆိုထားပါတယ်။ 

[ ဤငပလီကမ်းခြေ၏ သမုတိပြဇာတ်များထဲတွင် ဇာတ်ဝင်ခန်းကောင်းသူတွေအတွက် ဝမ်းမြောက်ပျော်ရွှင် ကြည်နူးရသော ရသများကို ထုံမွမ်းစေပါ၏။ အလျော့အတင်း အနိမ့်အမြင့် မညီမျှသော သဘာဝခြင်းရာတို့ကြောင့် ဝမ်းနည်းကြေကွဲဖွယ်ရာများနှင့် ရင်နင့်အောင် ခံစားရသော အဖြစ်သနစ်လည်း ရှိ၏။ 

ဤသို့ လောကသဘာဝ၏ ဖြစ်ပျက်ခြင်းကြောင်းရာတို့ကို ပင်လယ်ပြင် နံဘေး သဲဖြူလမ်းနှင့် အုန်းပင်တန်းများတွင် အခြေချပြီး ခံစားချက် နှလုံးသားစစ်စစ်ဖြင့် ဘဝမှတ်တမ်းတင်နေသော ကလောင်တစ်ချောင်းက ရသဝတ္ထုများအဖြစ် အသက်သွင်း ပုံဖော်ပြီး စာဖတ်သူ၏ ရင်ထဲသို့ အရောက်ပို့ပေးလိုက်နိုင်ပါပြီကော …. ။ ] 

ဒီစာအုပ်ထဲမှာ ငပလီကမ်းခြေဒေသရဲ့ အလှအပ ဘဝသာယာမှုနောက်ကွယ်မှ ဒေသနေပြည်သူတွေ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝသရုပ်မှန် အဖြစ်အပျက်တွေကို ရသစာရေးဆရာမ မေလှိုင်းဖြူတစ်ယောက် ဘယ်လို ပုံဖော်ရေးဖွဲ့ထားလဲဆိုတာ ဖတ်ရှုခံစားနိုင်ဖို့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

သင်ဖတ်ဖို့ စာအုပ် ( ၂ ) >>> သိုင်းလောက၏ စိန်ခေါ်သံ - စာစဉ် ( ၁၃ ) 

စာရေးဆရာ >>> တက္ကသိုလ်နေလင်းအောင် 

ဖတ်ညွှန်းတို - နာမည်ကြီး သိုင်းဝတ္ထုရှည်ကြီးကတော့ တဖြည်းဖြည်းနဲ့ ဇာတ်သိမ်းခန်းကို နီးစပ်သထက် နီးစပ်လာပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်စာစဉ်မှာတော့ လင့်ဟူချုံး အပါအဝင် သိုင်းလောကကြီးတစ်ခုလုံး အကျဉ်းထဲ အကျပ်ထဲ ရောက်နေတဲ့ အခြေအနေ၊ နောက်ထပ် အဓိကကျတဲ့ ကိစ္စတစ်ခုကတော့ ပါးနပ်တဲ့ သိုင်းသမားတွေ မျက်လုံးပြုးသွားတဲ့ ဂိုဏ်းကြီး ငါးဂိုဏ်း ပူးပေါင်းလိုက်တဲ့ဖြစ်ရပ်၊ ဒီဖြစ်ရပ်နောက်ကွယ်မှာတော့ ကျိလင်ထန်၊ လင့်ဟူချုံးရဲ့ ဆရာ ရက်ပုချွန် ( သစ္စရှင်ဓား ) တို့ရဲ့ လျှို့ဝှက်တဲ့ အကြံအစည်များ၊ ဒါတွေကို  သံသယရှိထားတဲ့ လင့်ဟူချုံးအနေနဲ့ ဂိုဏ်းငါးဂိုဏ်း ပေါင်းစည်းရေးမှာ သဘောမတူချင်ဘဲ တူလိုက်ရတဲ့အခါ၊ ပြီးတော့ ဒီကိစ္စကို ထဲထဲဝင်ဝင် ရောက်လာတဲ့ အံဖွယ် ၆ ယောက်၊ နောက်တစ်ယောက်ကတော့ လိန်လိန် …

[ “ဆရာကြီး ကျိလင်ထန် … တကယ်လို့ ဆရာကြီးက ဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ဓားသိုင်းနဲ့ ကျန်တဲ့ ဂိုဏ်းကြီးလေးဂိုဏ်းက ထိပ်သီး သိုင်းသမားတိုင်းကို နိုင်အောင် တိုက်ခိုက်နိုင်တယ်ဆိုရင် ဆရာကြီးကို တောင်ငါးလုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် တင်မြှောက်သင့်တယ်။ ဒီလိုမှ မဟုတ်ဘဲ ကောင်းဆန်းဂိုဏ်းရဲ့ ဓားသိုင်းတစ်ခုတည်း တော်နေရုံနဲ့တော့ တောင်ငါးလုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး မလုပ်သင့်သေးဘူး” 

တောင်ထိပ်သို့ရောက်နေသော သိုင်းသမားအားလုံး၏ စိတ်ထဲတွင် …

“ဒီမိန်းကလေးရဲ့ စကားက မဟုတ်သေးပါဘူး၊ သူက မဖြစ်နိုင်တာကို ပြောနေတာပဲ။ သူပြောသလို ဂိုဏ်းကြီးငါးဂိုဏ်းက ဓားသိုင်းပညာနဲ့ အဲသည်ဂိုဏ်းက လူတွေကို အနိုင်ယူ တိုက်ခိုက်မယ်ဆိုရင် ဒီလူ့လောက် သိုင်းပညာတော်တဲ့သူ ရှိပါတော့မလား၊ ဒီလောက်တောင် တော်နေရင်တော့ သူပဲ ဂိုဏ်းချုပ် ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ ဒီလိုလူမျိုးက မရှိနိုင်ဘူး” ]

ဂိုဏ်းကြီးငါးဂိုဏ်းပေါင်းလိုက်တဲ့ ‘တောင်ငါးလုံးဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ်ရွေးချယ်ရေး ကိစ္စကနေ သိုင်းလောကရဲ့ လျှို့ဝှက်ချက် - ဘယ်လို အကြောင်းအရာတွေ ပေါ်ပေါက်လာမလဲ ကြည့်ရအောင် ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts