ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဒီနေ့အဖို့ သင့်အတွက် ဝတ္ထုစာအုပ်ကောင်းများ …………. ]

………….

သင်ဖတ်ဖို့ စာအုပ် ( ၁ ) - - - ဘယ်တော့မှ မဝေးဘူး
စာရေးဆရာမ - - - လမင်းမိုမို	

ဖတ်ညွှန်းတို - - - “မမ နဲ့ မောင်လေး” ဇာတ်လမ်းလို့ အကြမ်းဖျင်း ဆိုချင်ဆိုပါ။ ဒီစာအုပ်ဟာ ဇာတ်ရှိန်တဖြည်းဖြည်းနဲ့ မြင့်တက်သွားပြီး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ဇာတ်သိမ်းခန်းထိတိုင် စာဖတ်သူကို တရစပ် ဆွဲခေါ်သွားမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သာမန်အချစ်ဝတ္ထု ဇာတ်လမ်းမျိုးထက် ပိုကြီးမားတဲ့ ဇာတ်အိမ်မျိုးကို ဖွဲ့နွဲ့ထားတဲ့ ဒီဝတ္ထုဟာ၊ ကျောင်းတက်နေဆဲ ဆရာဝန်လောင်း ဆေးကျောင်းသားလေး ‘ကျွန်း’ က သူ့ထက် ( ၆ ) နှစ်လောက်ကြီးတဲ့ မိန်းကလေး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်နေတည်နေသူ ‘ကေး’ ကို ချစ်မြတ်နိုးမိရာကနေ စထားတယ်။ 

[ “ဟုတ်တယ်မေမေ၊ ချစ်စနိုးဖြစ်တာ စိတ်ဝင်စားမိတာမျိုးတွေက တကယ်တော့ စွဲလမ်းငြိတွယ်ခြင်း အစစ်မဟုတ်ဘူး မေမေ၊ ဟိုး အသည်းနှလုံးရဲ့ ဗဟိုချက်ကို ခပ်နက်နက် မလှုပ်ရှားစေနိုင်ပါဘူး၊ ရင်ထဲ မနင့်ပါဘူး”

“ဘုရားရေ … ကျွန်း … မင်း ဘယ်သူ့ကိုများ တွေ့နေသလဲဟင်၊ စကားဆန်းတွေ ပြောလို့ပါလား၊ င့ါသားရေ ပြောစမ်းပါဦး၊ မင်းရဲ့ အသစ်ကလေးက မင်းနဲ့တွေ့တာ ဘယ်လောက်ကြာပြီမို့လဲ” ]

ကောင်မလေးချောချောလေးများကို သဘောကျတတ်ပြီး အတူသွားလာဖူးတာကလွဲလို့ ရည်းစားအဖြစ် မထားဖူးသေးတဲ့ သားတော်မောင် ကျွန်းရဲ့ မိန်းကလေး ‘ကေမြသာစိမ်း’ ဆိုတဲ့ ‘ကေး’ ကို ဒေါ်ကဉ္စနာတစ်ယောက် စိတ်ဝင်တစားဖြစ်ရတာ မဆန်း။ တကယ်တော့ ကေးနဲ့ ကျွန်းတို့ရဲ့ တွေ့ဆုံမှုဟာ အတိတ်ရဲ့ အရိပ်တွေက မကြာခင်ပေါင်းဆုံတော့မယ့် နိမိတ်။ စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုရမယ့် ကေးနဲ့ကျွန်း၊ မမနဲ့မောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းဟာ Happy Ending ဖြစ်မလား၊ Sad Ending နဲ့အဆုံးသတ်မလား ?

ဝန်ဇင်းစာချစ်သူတို့လည်း စိတ်ဝင်တစားနဲ့ ဖတ်ချင်တယ်ဆိုရင်တော့ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သက်သာသာ ဝန်ဇင်းမှာသာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ ပြောချင်ပါတယ်။

သင်ဖတ်ဖို့ စာအုပ် ( ၂ ) - - - ရင်တွင်းရှိုက်သံ 
စာရေးဆရာမ - - - မြသန္တာ

ဖတ်ညွှန်းတို - - - ဝတ္ထုစဖွင့်ကတည်းက ဝတ္ထုလို့ ထင်ခဲ့မိပေမယ့် တကယ်တမ်း ဖတ်ကြည့်လိုက်တဲ့အခါ ပေးစာဆန်ဆန် အရေးအသားတွေက စိတ်ဝင်စားဖို့ ကောင်းနေတာကို တွေ့ရလိမ့်မယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ ဝတ္ထုတင်ပြပုံအပိုင်းကို ရောက်လာတော့လည်း ဖတ်ရတာ ကောင်းနေပြန်ရော။ မိန်းမတစ်ယောက်ရဲ့ ရင်ဘတ်ထဲက နှလုံးသားစည်းချက်တွေကို ရင်တွင်းရှိုက်သံအဖြစ် ဘာတွေ ဖတ်ရှုရမလဲ။ စာရေးဆရာမ မြသန္တာ တင်ပြထားတဲ့ ရင်တွင်းရှိုက်သံအပိုင်းအစတွေက …..

-	ချစ်သူများနေ့၏ ချစ်ခြင်းအစ
-	ခေါင်းခါခြင်း၏ အဘိဓမ္မာ
-	အချစ်မီးလျှံ
-	ထာဝရအရိပ် မောင်
-	ပန်းကြွေမလေး အမုန်း
-	ဝေးလွင့်ငှက်ငယ်
-	အိပ်မက်ချစ်သူ
-	စည်းတစ်ဖက်မှ ချစ်ပန်းကြွေ
-	ချစ်သူများနေ့၏ ရင်တွင်းရှိုက်သံ
-	
ဘယ်လို အရေးအသားမျိုးနဲ့ ဘယ်လို အကြောင်းအရာမျိုးကို ဖတ်ရှုရမလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါဦးခင်ဗျ။
 
စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။	


Related Posts