ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဝန်ဇင်းစာချစ်သူများအတွက် “ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ …” ]

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူများအတွက် မိတ်ဆက်ပေးမယ့်စာအုပ်ကတော့ အရမ်းကိုအသုံးဝင်ပြီး ဖတ်ရအကျိုးရှိမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။ လေးလေးပင်ပင်ဖတ်ရှုရမယ့် စာမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်အတွက် အကျိုးရှိမယ့် စာစုလေးတွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ အဲ့ဒါကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ “ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ” တဲ့။ စာရေးဆရာသဲအောင်က ရေးသားထားတာပါ။ 

ဘဝဟာ ပျော်ရွှင်ကျန်းမာနေဖို့ နဲ့ စိတ်သောကရောက်နေရတဲ့ အတိတ်နဲ့ ပစ္စပ္ပုန်တွေအတွက် ပေါ့ပါးသွားစေဖို့ ဒီစာအုပ်ထဲမှာပါတဲ့ စာစုလေးတွေက ထိရောက်တဲ့နည်းလမ်းလေးတွေကို ပြောပြသွားပါလိမ့်မယ်။ စာစုလေးအချို့ကို မိတ်ဆက်မဖော်ပြခင် စာအုပ်နိဒါန်းမှာပါတဲ့ စာစုလေးတစ်ခုကို ဦးစွာဖော်ပြလိုက်ပါတယ်။ 
…………. 

ဟောဒီ ဒီနေ့ဆိုတာ မနေ့ကတော့ မနက်ဖြန်ပါ။ 
အနာဂတ်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ
ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ
လူတိုင်းက စဉ်းစားထားကြတယ်။ 
ဒါပေမဲ့ …
မနေ့က အတွေးတွေဟာ ဒီနေ့အတွက် 
အံဝင်ခွင်ကျ မဖြစ်လာတာတွေ့ရတဲ့အခါ
မနက်ဖြန်အတွက် ထပ်စဉ်းစားရင်း 
ဒီနေ့ဟာ 
သူ့အတိုင်းလေးပဲ ဘာသိဘာသာနဲ့ 
ကျော်လွှားလွန်မြောက်သွားပါလေရော။
မိတ်ဆွေ …
ကျွန်တော်တို့ဟာ 
မနေ့ကအချိန်တွေကို ပြန်မရနိုင်တော့ပါ။ 
ထို့အတူ မနက်ဖြန်ဆိုတဲ့အချိန်ကာလကိုလည်း 
မရရှိသေးပါ။ 
လက်ရှိ ဒီနေ့ကိုပဲ 
ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ
စဉ်းစားကြရအောင် … ။ 

…………. နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေ၊ မျှော်လင့်ချက်ပျက်ပြားမှုတွေ၊ စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေကို ဘယ်ကိုကျော်လွှားမကြမလဲ၊ ဘယ်လိုနည်းနဲ့ မေ့ဖျောက်ပြီး ကိုယ်လုပ်စရာရှိတာကို မှန်မှန်လေးလုပ်သွားနိုင်ဖို့အတွက် ဒီစာအုပ်ထဲမှာပါတဲ့ စာစုလေးတွေက စိတ်ခွန်အားတွေ ပေးပါလိမ့်မယ်။ 
………….

တိုက်ပွဲဝင်ရတော့မယ့်နေ့ကို ရောက်လာပြီ။ 
သင့်ကို 
မအောင်မြင်နိုင်ဘူး၊ မဖြစ်နိုင်ပါဘူး ဆိုတဲ့စကားကို
ထပ်ခါထပ်ခါ ပြောနေကြလိမ့်မယ်။ 
နေမြဲအတိုင်း နေတာမဟုတ်ဘူးလို့ 
ကရုဏာဒေါသနဲ့ ပြောဆိုနေကြလိမ့်မယ်။ 
မှားလိုက်တာလို့ ရင်ထဲကပြောနေတဲ့လူတွေရှိမယ်။ 
ဒါပေမဲ့ ... 
ဒီစကားတွေ၊ ဝေဖန်ချက်တွေက အရေးမကြီးပါဘူး။ 
တကယ် အရေးကြီးတာက သင်ကိုယ်တိုင်ပါပဲ။ 
သင်ကိုယ်တိုင်က 
တစ်နေ့နေ့ အောင်မြင်ရမယ်လို့ ယုံကြည်ထားရင် 
အခုပြဿနာတွေ ပြေလည်သွားမှာပါ။ 
တိုက်ပွဲဆိုတာ မတိုက်ခင်ကတည်းက 
နိုင်မယ်လို့ ယုံကြည်ထားရင် 
သင် နိုင်ကိုနိုင်မှာပါပဲ။ 
တိုက်ပါ။ ရဲရဲရင်ဆိုင်ပါ။
အောင်ပွဲရမယ့်သူဟာ 
သင်ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး။
…………

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် တွေဝေစွာနဲ့ တစ်နေ့တာကို ပျင်းရိငြီးငွေ့စွာဖြတ်သန်းနေရတယ်၊ နေ့ရက်တွေကို လန်းလန်းဆန်းဆန်း ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ အခုမိတ်ဆက်လိုက်တဲ့ စာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ခုလိုမျိုး ဖတ်ရှုရ အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ “ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ” စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။






Related Posts