ယနေ့အတွက် ဖတ်စရာကဏ္ဍ


“အခမဲ့ ဖတ်ရှုနိုင်မည့် ဒေါက်တာပန်ဒါ၏ စာအုပ်သစ်အပါအဝင် လက်မလွှတ်သင့်သည့် စာအုပ်ကောင်းများ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများ မိုးအေးအေးမှာ အိမ်တွင်းအောင်းရင်း ဖတ်ရှုနိုင်ဖို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ စာအုပ်သစ်တွေ ထွက်ရှိလာပါပြီ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ ဒေါက်တာပန်ဒါ ( Dr. Panda ) ၏ ဘာသာပြန်ဇာတ်လမ်းအသစ်ဖြစ်တဲ့ “ကောင်းကင်တံခါးကို ငါပိတ်မယ်” မှ စာစဉ် ( ၁ ) ၊ ပထမတွဲဖြစ်တဲ့ “သစ္စာရှင် ဂိုဏ်းချုပ်ကြီး” ၊ စာရေးဆရာကောင်းသန့်၏ ရသစာစုများဖြစ်သော “စေတနာစကား ( ၅ )” နှင့် စာရေးဆရာ ဖိုးကျော့၏ “ဂန္ဓာရီသမား အယူမှားသော်” စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ “သစ္စာရှင် ဂိုဏ်းချုပ်ကြီး”  - ဒီစာအုပ်ကတော့ ‘ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ’ စာအုပ်ဖြင့် အမာခံစာဖတ်ပရိသတ်ရရှိထားသော ဘာသာပြန်စာရေးဆရာ ဒေါက်တာပန်ဒါရဲ့ စာအုပ်သစ် - “ကောင်းကင်တံခါးကို ငါပိတ်မယ်” မှ စာစဉ် ( ၁ ) ၏ ပထမတွဲပဲ ဖြစ်ပါတယ်။ တရုတ်စာရေးဆရာ Ergen ရဲ့ ‘I Shall Seal the Heavens’  ကို မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒေါက်တာပန်ဒါဆိုမှတော့ ဘယ်လိုမျိုး ထူးခြားဆန်းသစ်တဲ့ ဇာတ်လမ်းမျိုးကို ဖတ်ရှုရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
[ “ငါလိုချင်တာ မိုးကောင်းကင်က ဖြည့်ဆည်းပေးရမယ်။ ငါမလိုချင်တာ ဒီကောင်းကင်မှာ မရှိသင့်ဘူး” ဒါကတော့ အဋ္ဌမ နဲ့ နဝမမြောက်တောင်တွေဖြစ်တဲ့ ကြီးသူနိုင်စတမ်း ဥပဒေသပဲရှိတဲ့ ကမ္ဘာတွေကနေ ဆင်းသက်လာတဲ့ စာချိုးလေးပါ။ “င့ါနာမည်က မန်ဟို၊ နဝမမြောက် မိစ္ဆာမျိုးဆက် .. ကောင်းကင်တံခါးကို ငါပိတ်မယ်” ] 

ဂိုဏ်းချုပ်ကြီးပျောက်ဆုံးနေတာ နှစ်ပေါင်း ( ၄၀၀ ) ကျော်ကြာပြီဖြစ်တဲ့ သစ္စာရှင်ကျောင်းတော်ကြီး၊ ဒီကျောင်းတော်ကြီးကို စာသမားပေသမားလေး မန်ဟိုတစ်ယောက် သူ့ရဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ ကျောင်းတော်ကြီးရဲ့ တပည့်ကျောင်းသားများဖြစ်ဖို့ သွားရောက်တဲ့ အခန်းနဲ့ စတင်ထားတယ်။ ဒီဝတ္ထုကရော ‘ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ’ လိုမျိုး ဆန်းသစ်တဲ့ စိတ်ကူးနဲ့ လှလှပပ ရေးဖွဲ့ထားတဲ့ စာဖတ်သူကို ဆွဲဆောင်မှုရှိရှိ ဆွဲခေါ်သွားမယ့် ဝတ္ထုဇာတ်လမ်း ဟုတ်မဟုတ်ဆိုတာကတော့ စာချစ်သူများ ဆက်လက်ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

အထူးသတင်းကောင်းတစ်ခုကတော့ တကယ်လို့ ဖတ်ရှုမယ်ဆိုရင် ဒီစာအုပ်ကို ဝန်ဇင်းမှာ **အခမဲ့** ရယူ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါရစေခင်ဗျာ။ 

၂။ “စေတနာစကား ( ၅ )” - ဒီစာအုပ်ကတော့ စာရေးဆရာကောင်းသန့်ရဲ့ ‘စေတနာစကား’ အဖြစ် ထွက်ရှိလာတဲ့ ရသစာစုများ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာကိုရွေးဖတ်ပါ၊ ကိုယ့်အားကိုယ်ကိုး၊ လူငယ်တွေ ခရီးထွက်ပါ၊ အကောင်းမြင်စိတ်ဖြင့် သာဓုခေါ်၊ ငါးဖမ်းမှာလား ဖားရိုက်မှာလား၊ မျှော်လင့်ချက်မနက်ဖြန်၊ ထောင့်ပြောင်းတွေးပါ … စတာတွေ အပါအဝင် ရသစာစုများစွာကို ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။ 

[ အချို့စာသည် ဖတ်ရုံသာမက စာအုပ်စင်မှာပါ သိမ်းထားရသည်။ မိမိစိတ်ကို ဖြေသိမ့်ပေးနိုင်၏။ အားမာန်ကို ဖြစ်စေသည်။ အတွေးသစ်ကို ရစေ၏။ သင်ခန်းစာ ရယူနိုင်သည်။ စာအုပ်ဖတ်ပြီး ကျေနပ်နှစ်သက်ဖြစ်ရ၏။ ထိုသို့သော စာမျိုးကို ရှာဖွေရွေးချယ် ဖတ်ရှုသင့်ပါသည်။ 

စာကောင်းပေကောင်းသည် ကိုယ့်အနားသို့ အလွယ်တကူ ရောက်မလာတတ်ပါ။ ကိုယ်က သတင်းစုံစမ်းပြီး ရှာဖွေဖတ်ရှုရာ၏။ ကံကောင်းသဖြင့် ကိုယ့်အနားသို့ စာကောင်းပေကောင်း ရောက်လာခဲ့သော် လက်လွှတ်မခံဘဲ ကျားကုတ်ကျားခဲ ဖတ်မှတ်သိမ်းဆည်းရာ၏။ ]

မိနစ်ပိုင်းမျှသာ အချိန်ပေးရမယ့် စာစုလေးတွေဖြစ်ပြီး တစ်ပုဒ်ချင်းစီတိုင်းက စာဖတ်သူအတွက် အကျိုးတစ်စုံတရာ ရရှိသွားစေမှာပါ။ ဖတ်ရှုမယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

၃။ “ဂန္ဓာရီသမား အယူမှားသော်” – ဒီစာအုပ်ကတော့ ဂမ္ဘီရ ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းများ၊ ဂန္ဓာရီခရီးများအကြောင်းကို ရေးသားတင်ပြလေ့ရှိသူ စာရေးဆရာ ဖိုးကျော့ရဲ့ လက်ရာကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ 

[ ဂမ္ဘီရကို နက်နဲခြင်းဟူသော ရိုးရိုးစင်းစင်း ရှင်းရှင်းမှသည် ရှုပ်ထွေးခြင်း၊ လျှို့ဝှက်ခြင်း၊ ခက်ခဲခြင်း စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုကြသည်။ ဂမ္ဘီရ၏ အဓိပ္ပါယ်မှာ ပညာ ( အတတ် ) နှင့် ဒွန်တွဲ၍ “ဂမ္ဘီရပညေန - နက်နဲသောပညာရှိသည်” ဟု ရိုးရိုးစင်းစင်း ဖွင့်ဆိုထားသည်။ ထို့ကြောင့် ဂမ္ဘီရ ဆိုသည်မှာ နက်နဲသော ပညာရပ်ဟု အတိအကျ ဆိုရပေတော့မည်။ ]

ဒီစာအုပ်ထဲမှာ ရာဇဝင်သမိုင်းထဲက ဂမ္ဘီရအကြောင်းအရာများ၊ ဂန္ဓာရီနှင့် ပတ်သက်ပြီး ကောဇာသက္ကရာဇ် ( ၆၃၅ ) ခုနှစ်က စိတြနှင့် နာရဒမည်သော ရှင်ငယ်နှစ်ပါး၏ ဂန္ဓာရီခရီးမှ ရလာသော ဂမ္ဘီရပညာ၏ အံ့ဖွယ်ဆန်းကြယ်ပုံများ၊ မြန်မာ့ဂန္ဓာရီပညာလောကမှာ ထင်ရှားသော ပုဂ္ဂိုလ်များအကြောင်း၊ ဂန္ဓာရီခရီးလျှောက်လှမ်းရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်နဲ့အတူ ဆောင်ရန်ရှောင်ရန်တို့ကို ရေးသားတင်ပြထားပါတယ်။ 

စာဖတ်သူတို့လည်း ဂမ္ဘီရအကြောင်း စိတ်ဝင်စားတယ်၊ ဂန္ဓာရီဇာတ်လမ်းတွေ ဖတ်ရှုချင်တယ်ဆိုရင် ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၂,၅၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 
…….
ခုလို  သုတ ရသ စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 




Related Posts