ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့

(၁) “သွေးရူးသွေးတန်း” - ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)

လူသူအရောက်အပေါက် သိပ်မရှိတဲ့ ကသစ်နီ ဆိုတဲ့ မြို့လေးက
ပန်းပွင့်ဝေဆိုတဲ့ ကောင်မလေးတစ်ယောက် ၊
ကသစ်နီ မြို့ ကို ပြောင်းလာတဲ့ ရဲအရာရှိလေး ပြည့်ဖြိုးဝေ ၊
ပြည့်ဖြိုးဝေရဲ့ ဖခင်ဖြစ်သူဟာ ပန်းပွင့်ဝေတို့ရဲ့ မိဘတွေရဲ့ အသက်သခင် ကျေးဇူးရှင် ၊
ဖခင်ဖြစ်သူ ဦးစောဝေ က ကသစ်နီမြို့ကနေ အပြန် လမ်းမှာပဟေဠိဆန်ဆန် ပျောက်ဆုံးခဲ့ရတာကို လက်မခံပဲ လိုက်ရှာဖို့ လုပ်လာတဲ့ အခါမှာ . . . . ဘာတွေဆက်ဖြစ်လာမလဲ . . . .

(၂) “နိုင်ငံတကာ အချစ်ဟာသများ” - မောင်မောင်မြင့်သိန်း

ရုံး ၄ရက်ဆက်ပိတ်လို့ Monday ကြီးမယ် အလုပ်တွေပိနေလို့ စိတ်တွေညစ်ညူးနေပြီလား ?
ဒီစာအုပ်လေးကတော့ နိုင်ငံတကာ အချစ်ဟာသများဆိုတဲ့အတိုင်း ချစ်သူ၊ ရည်းစား၊ လင်မယားတွေကြားက အလွဲတွေ ကို ပေါ့ပေါ့ပါးပါးနဲ့ရယ်ရွှင်ဖွယ်ဖတ်ရှုရမှာပါ ။ 
ကဲ အလုပ်တွေ ပိနေလို့ စိတ်ညစ်နေသူတွေ အခုပဲ ဝန်ဇင်းကနေ ဝယ်ပြီး ဖတ်ရှုလိုက်တော့နော် ။

(၃) "မျှော်လင့်ခြင်းလိပ်ပြာ" - မြပုလဲခင်

အချစ် ဝတ္ထုတွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် မြပုလဲခင် ရဲ့ မျှော်လင့်ခြင်းလိပ်ပြာ !!

တစ်လမ်းထဲနေ တဲ့ အချစ်ဆုံး သူငယ်ချင်း၂ယောက် ဖြစ်တဲ့ သျှင်ရဲထွဋ် နဲ့ ငွေဖြိုင်းဖြူ ။
သျှင်ရဲထွဋ်က အဆိုအက ဝါသနာပါပြီး ငွေဖြိုင်းဖြူက အားကစား ဝါသနာပါ သူပါ ။
ဝါသနာပါတာချင်း မတူပေမဲ့လည်း အတွညီတဲ့ သူငယ်ချင်း ၂ယောက် ။
သူငယ်ချင်း သံယောဇဉ်ကနေ အရောင်ပြောင်းလာတဲ့အချိန် မှာပဲ သူတို့ကြားထဲ ဝင်လာတဲ ဒေါက်တာမိုးမြင့် ၊ ဘာတွေဆက်မဖြစ်ကြမလဲ သိချင်နေပြီမဟုတ်လား :P

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts