ယနေ့အတွက် ဖတ်စရာကဏ္ဍ


တွေ့လိုက်တိုင်း ကိုက်၊ ဆုံလိုက်တိုင်း ရန်ဖြစ်နေတဲ့ ‘တစ်ဆင့်ချင်းချစ်တယ်’ ဝတ္ထုကို တစ်ဆင့်ပြီးတစ်ဆင့် ဖတ်ရှုခံစားကြည့်လိုက်ပါ !

စာအုပ်အမည် - တစ်ဆင့်ချင်းချစ်တယ်
စာရေးဆရာမ - လရောင့်ကျူးရင့်

ဖတ်ညွှန်း ။	။ ကြောင်နဲ့ကြွက် ကာတွန်းကား ကြည့်ဖူးကြတယ်မလား။ အမြဲပဲ တွေ့လိုက်တိုင်း ကိုက်၊ ဆုံလိုက်တိုင်း ရန်ဖြစ်နေကြတာလေ။ အဲ့ … အခု အဲ့လိုပဲ။ ဒီဝတ္ထုထဲမှာ ၊ အဓိကဇာတ်ကောင် နှစ်ယောက်လို့ ဆိုပါတော့။ ရွှေသိုက် နဲ့ မင်းမျက်နှာ … ကြောင်နဲ့ကြွက်လိုပဲ တွေ့လိုက်တိုင်းကို ကိုက်နေကြတာဗျ။ Tom & Jerry ကမှ တည့်တဲ့အချိန် ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ မတည့်ကြပေါင် !

မင်းမျက်နှာက ရုပ်ရှင်ထုတ်ဝေရေးလုပ်ငန်းနဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို အောင်မြင်အတွက်ပဲ အာရုံစိုက်ထားတဲ့သူ။ ပရိုဂျူဆာလို့ ဆိုချင်ဆိုပေါ့။ ရွှေသိုက်ကတော့ သူမရဲ့ အနုပညာ အရည်အချင်းနဲ့ နိုင်ငံကျော်ချင်သူ။ သူတို့နှစ်ယောက်ဟာ အပြင်မှာတောင် မတွေ့ဖူးသေးဘဲနဲ့ စကတည်းက အမြင်မတည့် စောင်းစောင်းရွဲ့ရွဲ့ သဘောထားတွေနဲ့ ဇာတ်လမ်းစတာ။ 

“ရှင့်ဘာသာ တစ်လောကလုံးက တာဝန်တွေ ထမ်းဆောင်နေရတာဖြစ်ဖြစ်၊ အဲဒီတာဝန်တွေကို ပခုံးမှာ ထမ်းထားရင် ကျွန်မကို ခေါင်းပေါ် တင်ထားရမှာ၊ တာဝန်တွေကို ခေါင်းပေါ်တင်ထားရတယ် ဆိုရင်တော့ ကျွန်မကို ပခုံးပေါ် ထမ်းရမှာပေါ့၊ အခြေအနေ အချိန်အခါဆိုတာ အဲဒီလိုရှိတယ်” ( ရွှေသိုက် ) 

“ကျွန်တော်ကတော့ အခြေအနေ အချိန်အခါဆိုတာ ကိုယ့်စိတ်ကြိုက် ထုတ်နုတ် ဖယ်ရှားခြင်းပဲ၊ တစ်ယောက်အတွက် လိုတိုးပိုလျှော့ဆိုတာ မရှိဘူး၊ တစ်စုံတစ်ရာကြောင့် နိုးပဲ” ( မင်းမျက်နှာ )

ဇာတ်လမ်းအစက ဒီလို။ အပြင်မှာတောင် မျက်နှာချင်းဆိုင် မတွေ့ဖူးတဲ့ သူတို့နှစ်ဦးကို မိဘတွေက စေ့စပ်ပေးကြမလို့တဲ့။ ( ရွှေသိုက်ကတော့ မိဘမရှိတော့ပါဘူး။ ကြီးဒေါ်နဲ့ပေါ့)။ ဝတ္ထုအဖွင့်မှာတင် တက်လိုက်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုတာ … နည်းနည်းမှကို မပျင်းရဘူး။ ပြီးတော့ ရုပ်ရှင်လောက နောက်ခံဝတ္ထု ဖြစ်လေတော့ စိတ်ဝင်စားစရာ အချက်ကလေးတွေလည်း ပါသပဗျာ။

-	စိတ်ညစ်နေသလား
-	စိတ်ပင်ပန်းနေသလား

ရုပ်ရှင်လောကနောက်ခံဖြစ်တဲ့ ဆရာမ လရောင်ကျူးရင့်ရဲ့ ‘တစ်ဆင့်ချင်းချစ်တယ်’ ဝတ္ထုက စာချစ်သူတို့ရဲ့ စိတ်ဝင်စားမှုကို တစ်ဆင့်ချင်း ဆွဲငင် မြှင့်တင်သွားပါလိမ့်မယ်။ အတည်နော် ! အတည်ပြောတာ။ 

ကဲ … ဒီလို ဆိုတော့၊ နည်းနည်းမှ မတည့်တဲ့ အနုပညာရှင်တစ်ယောက်နဲ့ ပရိုဂျူဆာတစ်ဦးတို့ရဲ့ ဒရာမာဇာတ်လမ်းက ဘယ်လို အဆုံးသတ်မလဲ ? သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းထဲမှာ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ဒါမှမဟုတ် အခြားအရေးကြီးတဲ့ ဇာတ်ကောင်အဖြစ် ဘယ်သူတွေ ပါဝင်လာဦးမလဲ ? 

အရမ်းဖတ်လို့ကောင်းပါတယ်။ ဖတ်ကြည့်လိုက်ပါ … ။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts