ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူပရိသတ်ကြီး ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ စာအုပ် နှစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်တဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” ဂန္ထဝင်ဝတ္ထုကြီးရဲ့ စာအုပ်အမှတ် ( ၉ ) နဲ့ တာတေရေးတဲ့ ညမဖတ်ရစီးရီးထဲက “ဖဖဲဝါစီးတဲ့ကျား” ဆိုတဲ့စာအုပ်တွေပဲ ဖြစ်ပါတယ်။ 

( ၁ ) 
ဝန်ဇင်းစာချစ်သူများအတွက် လွန်ခဲ့တဲ့ရက်တွေကစလို့ ကမ္ဘာကျော် စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုရှည်ကြီးကို ကျွန်တော်တို့ဝန်ဇင်းမှ အပိုင်းများခွဲ၊ စာအုပ်အတွဲများ သတ်မှတ်ပြီး စာချစ်သူများထံ မိတ်ဆက်တင်ပြခဲ့ပါတယ်။ ထူထူထဲထဲစာအုပ်ကြီးကို သွားလေရာသယ်၊ ကိုင်တွယ်ဖတ်ရှုရဖို့ အဆင်မပြေသူတွေ၊ စာအုပ်ပမာဏကြည့်ပြီး ဖတ်ရှုဖို့ အားလျော့သွားသူတွေအတွက် စာအုပ်ငယ်လေးတွေအဖြစ် အပိုင်းခွဲတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။
ပြီးခဲ့တဲ့ရက်တွေမှာ “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ်အမှတ် ( ၁ ) မှ ( ၈ ) အထိ ဝန်ဇင်းမှ တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ဆက်လက် တင်ဆက်မဲ့ စာအုပ်အမှတ် ( ၉ ) ကတော့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးရဲ့ နောက်ဆုံးစာအုပ်ပဲဖြစ်ပြီး ( အမေ့ဥယျာဉ်စာအုပ်တိုက်မူအရ ) စစ်နှင့်ငြိမ်းချမ်းရေး ဒုတိယတွဲမှာပါဝင်တဲ့ မှတ်စုတွေနဲ့ မြန်မာပြန်သူ ဆရာကြီး မြသန်းတင့်ရဲ့ နိဂုံးချုပ်တင်ပြချက်တွေအဖြစ် တော်လ်စတွိုင်းရဲ့ စစ်အဘိဓမ္မာ၊ နိုင်ငံရေးအမြင်၊ ရာဇဝင်အမြင်နဲ့ ဘာသာရေးအမြင်တွေနဲ့ ဒီစာအုပ်ကြီးကို ဘာသာပြန်ဆို ရေးသားဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေကို စိတ်ဝင်တစား ဖတ်ရှုကြရမှာပါ။ 

 “တော်လ်စတွိုင်းဟာ တကယ့် စိတ်ဝါဒီကြီးပဲ။ သူ့အယူအဆထဲမှာ အစွန်းရောက်တဲ့ ရုပ်ကြမ်းဝါဒတွေ ပါကောင်းပါပေမယ့် ချုပ်လိုက်ရင် စိတ်ဝါဒီပဲ။ တော်လ်စတွိုင်းရဲ့ အယူအဆထဲမှာပါတဲ့ အဟိ`ံသဝါဒဆိုတဲ့ အကြမ်းမဖက်ရေးဝါဒ၊ ထာဝရဝိညာဉ်တော်၊ စာရိတ္တအရ ပြည့်စုံသန့်စင်ရေး၊ လူအားလုံးအပေါ်မှာ မေတ္တာထားရေး၊ ကံယုံဝါဒ၊ အဆိုးမြင်ဝါဒ စတဲ့အရာတွေဟာ စိတ်ဝါဒရဲ့ လက္ခဏာချက်တွေပဲ။ ကျွန်တော်ဟာ တော်လ်စတွိုင်းဝါဒကို မယုံကြည်သော်လည်း စစ်နှင့်ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့စာပေမှာ ရှိသင့်တယ်။ ကျွန်တော်တို့ဟာ တော်လ်စတွိုင်းရဲ့ စာပေတွေထဲက သင်ခန်းစာယူသင့်တဲ့အချက်တွေ ရှိတယ်ထင်လို့ ကျွန်တော်မြန်မာပြန်ပါတယ်။” ( မြသန်းတင့် ) 

ကမ္ဘာ့စာပေသမိုင်းမှာ ထိပ်တန်းနေရာကို ရယူထားတဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးကို စာဖတ်ဝါသနာပါသူတိုင်း၊ စာဂျပိုးတိုင်း၊ ဂန္ထဝင်စာပေကို လေ့လာလိုသူတိုင်း … ဖတ်ကို ဖတ်ရှုထားသင့်တာမို့ ဝန်ဇင်းစာချစ်သူတွေ ခုပဲ ဝယ်ယူဖတ်ရှုဖို့ မမေ့နဲ့ဦးနော်ဗျ။

( ၂ ) 
ဒုတိယမိတ်ဆက်မှာကတော့ တာတေရေးတဲ့ ညမဖတ်ရစီးရီးထဲက “ဖဖဲဝါစီးတဲ့ကျား” ဆိုတဲ့ စာအုပ်ပါပဲ။ တာတေ ရေးသည်ဆိုတာနဲ့ ဘယ်လိုမျိုး ထိတ်လန့်ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းမျိုးလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီစာအုပ်ကတော့ အသဲတထိတ်ထိတ် ရင်တမမနဲ့ ဖတ်ရှုရမှာမို့ ‘ညမမဖတ်ရ’ ဆိုတဲ့အတိုင်း ညမှာဖတ်ရင်တော့ စာချစ်သူတို့ အိပ်ကောင်းခြင်း အိပ်ရမှာမဟုတ်ပါဘူး။
 
ငွေတွင်းကုန်းဆိုတဲ့ ရွာကလေးရဲ့ သင်္ချိုင်းကုန်းဇရပ်ကို သျှောင်တစောင်းနဲ့ ထူးဆန်းတဲ့လူတစ်ဦးရောက်လာပြီးနောက် ရွာအပြင်ဘက်မှာလည်း ကျားတစ်ကောင်ရောက်လာပြီး ညတိုင်း ရွာကိုတစ်ပတ်,ပတ်ရင်း ဟိန်းဟောက်နေတဲ့ အကြောင်းအရင်း မသိမရသေးတဲ့ ဖြစ်စဉ်နဲ့ ဇာတ်လမ်းကို စတင်ထားတယ်။ 

[ “နင် နားထောင် တာတေ၊ အဲဒါ ကျားနက်ရှင် ငရွှေသင်ပဲဟဲ့၊ ကုန်းဘောင်ခေတ်ဦးတည်းက ရှိခဲ့တာ အခုအထိပဲ။ ကျား မှော်အောင်ထားတဲ့အကောင်ပဲ။ ရွာဦးနတ်စင်ကနေ ကျားနက် ရုပ်ကလေးနဲ့ တိုက်နေတာဟေ့၊ ငွေတွင်းကုန်းက တနင်္ဂနွေသမီး မအောင်ဖြူကို ကျားနဲ့ တိုက်သတ်ပြီး နှလုံးကို ဖောက်ထုတ်စားရမှာ၊ ဒါမှ သူ့အသက် နောက်တစ်ပြန် ဆက်လို့ရလိမ့်မယ်၊ မနက်ဖြန် လကွယ်ညမှာ အောင်ဖြူရဲ့ နှလုံးကို စားရမှ ဖြစ်မှာ”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ၊ ကယ်ပါဦး သင်္ချိုင်းရှင်မကြီးရယ်” ကျုပ်က စိုးရိမ်တကြီး ပြောလိုက်တော့ မဖဲဝါက ခေါင်းကြီး တဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။
“ဘာမှမစိုးရိမ်နဲ့ တာတေ၊ ကျားနက်ရှင် ငရွှေသင် မအောင်ဖြူရဲ့ နှလုံးကို မစားရစေဘူး၊ ဒီအကောင် ကံကုန်ပြီ၊ အဝီစိငရဲမှာ ခံရတော့မယ့်အချိန် ရောက်နေပြီ၊ ဒီညသန်းခေါင်ကျော်ရင် ငွေတွင်းကုန်းသင်္ချိုင်းကို ငါ အရောက်လာခဲ့မယ်” ] ……

ကျားကိစ္စနဲ့ပတ်သက်လို့ ရွာထဲက နတ်ဝင်သည်ကို မဖဲဝါပင့်ယူပြီး မေးရတဲ့အဆင့်ထိ ရောက်ရတော့တယ်။ ဒီ့နောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ….. 
ကဲ … ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် .... ။



Related Posts