ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ စနေ၊ တနင်္ဂနွေ ရုံးပိတ် အားလပ်ရက်မှာ ဖတ်ဖို့ ဝတ္ထုနှစ်အုပ် ] 
စာအုပ် ( ၁ )
စာမြည်း 	
အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမနာမည် ချစ်ပန်းရိပ်ပါ။ အသက်က ဆယ့်ရှစ်နှစ် ဆိုပေမယ့် အပျိုကြီးတစ်ယောက်လို ဖွံ့ဖွံ့ထွားထွားနှင့် ဘောင်းဘီအတို အဖြူဆွတ်ဆွတ်လေးနှင့် စပို့ရှပ် အနက်ရောင် ကိုယ်ကျပ်အင်္ကျီလေးကို ဝတ်ထားသည်။ သူမက ခြံကြီးထဲမှာ နံနက်စောစောလေးထပြီး ကြိုးခုန်နေသည်။ သူမသည် လောကကြီးအား ဂရုစိုက်တတ်သူတော့ မဟုတ်။ လွတ်လပ်ပေါ့ပါးစွာ နေတတ်သူ။ မိခင်မရှိတော့။ ဖခင် ဦးမောင်မောင်ချစ်ကလည်း သူမကို အလိုလိုက်ပြီး ချစ်မြတ်နိုးလွန်း၏။ သူမကို အုပ်ထိန်းသူက အဒေါ်အပျိုကြီး ခင်မမ။ မိသားစုတစ်ခုလုံး ခေတ်နှင့်အမီ နေထိုင်ကြပြီး ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ် နေကြသည်။ ခြံထဲမှာ ပါတီပွဲတွေ မကြာခဏ ကျင်းပပြီး အပျိုကြီး ခင်မမကလည်း အရွယ်နှင့် မလိုက်အောင် နုပျိုလန်းဆန်းနေကာ အလှအပတွေ ခြယ်သပြင်ဆင်နေသူ ဖြစ်သည်။ ဖခင် ဦးမောင်မောင်ချစ်ကလည်း အပျော်အပါး အသောက်အစားနှင့် ပျော်ပျော်နေ၏။ ချစ်ပန်းရိပ်ကိုလည်း ပျော်သလိုနေပဲ။
“ဖေဖေက ဆုံးမသွန်သင်တဲ့ အလုပ်ကို မလုပ်ချင်ဘူး၊ သဘောလည်း မကျဘူး၊ လူဆိုတာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်ဘဝလမ်းကြောင်း တည့်မတ်အောင် နေထိုင်တတ်ဖို့ အဓိကပဲ သမီး၊ လူ့ဘဝသက်တမ်းက တိုတိုလေးရယ် ပျော်သလို နေစမ်းပါ”
ဖေဖေက ပျော်သလို လွတ်လွတ်လပ်လပ် နေတတ်ပေမယ့် မိသားစုဘဝ ရှေ့ရေးအတွက် လိုလေသေးမရှိ ဖြည့်စွမ်းပေးနိုင်ရန် စီးပွားရေးကိုတော့ စနစ်တကျ အားကြိုးမာန်တက် လုပ်ဆောင်တတ်သည်။
“ကိုယ့်လမ်းကိုယ်ရွေးပဲ၊ ကိုယ်ဖြစ်ကိုယ်ခံ”
ဘဝမှာ ပြင်ဆင်လို့ မရနိုင်အောင် မှားယွင်းတဲ့ အမှားကိုတော့ မလုပ်မိစေရန် တိုက်တွန်း ပြောတတ်သည်။ လွတ်လပ်မှုကို လေးစားရမယ်။ တန်ဖိုးထားရမယ်တဲ့။ အိမ်မှာရှိတဲ့ အလုပ်သမားတွေက အစ ခေတ်မီမီ နေထိုင်ပြီး ပျော်ရွှင်စေ၏။ အလုပ်ကိုတော့ တာဝန်ကျေအောင်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေဖို့ ဖေဖေ့ဝါဒက ရှင်းရှင်းလေး။ အချုပ်အချယ်မရှိ။ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်။ မမှားနဲ့။ စိတ်ဆင်းရဲစရာ ရှောင်ပြီး ပျော်ပျော်နေတတ်ကြသူတွေ ဖြစ်သည်။
ချစ်ပန်းရိပ်ကတော့ ရေကူး၊ ကြက်တောင်ရိုက်၊ တင်းနစ် အားလုံးဝါသနာပါတယ်။ ဒါကြောင့်လည်း အရွယ်နှင့် မလိုက်အောင် ဖွံ့ထွားကျန်းမာ သွက်လက်နေသည်။ ချစ်ပန်းရိပ်ကတော့ စိတ်မပါလျှင် ကလေးတစ်ယောက်လို မပြင်မဆင် နေတတ်ပေမယ့် စိတ်လိုလျှင်တော့ အလှအပတွေ ပြင်ဆင်ပြီး အပျိုမတစ်ယောက်လို ရှိုးပြတတ်၏။ မိသားစုရဲ့အချစ်တော် မိသားစုကို ပျော်ရွှင်မှု ပေးနိုင်တဲ့ ကောင်မလေး တစ်ယောက်။ ချစ်ပန်းရိပ်က ကြိုးခုန်နေရာကနေ ရပ်လိုက်ပြီး မြက်ခင်းစိမ်းစိမ်းလေး တွေပေါ် ပက်လက်လှန် လှဲချလိုက်ပြီး အမောဖြေသည်။
“ဘုရားရေ”
တစ်ဖက်ခြံကြီးထဲကို ပြောင်းလာတာ တစ်ပတ်ပဲရှိသေးတဲ့ ဒေါ်မိုးတိမ်ပြာတစ်ယောက် တစ်ဖက်ခြံကြီးထဲမှ ကောင်မလေး တစ်ယောက် မလုံ့တလုံ အဝတ်အစားတွေနဲ့ ပက်လက်လှန်အိပ်နေတဲ့ မြင်ကွင်းကို မိမိတိုက်ရဲ့ပေါ်တီကိုမှ လှမ်းမြင်လိုက်ရသဖြင့် မိမိရင်ဘတ်ကို ဖိထားရင်း ဘုရားတမိသည်။
…
စာအုပ်အမည် - မြတ်နိုးတန်ဖိုးထားရပါသည်
စာရေးသူ - ရှင်မြတ်နိုး
။	။ ဆရာမရှင်မြတ်နိုးရဲ့ ဒီဝတ္ထုစာအုပ်ကို ဖတ်မယ်ဆိုရင်တော့ ဝန်ဇင်းမှာ *၆၀၀* တည်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 
စာအုပ် ( ၂ )
စာမြည်း	
“ကိုယ့်ရည်းစားနား ကိုယ်ထိုင်တာ မထိုင်ရဘူးလား။ သူများချစ်သူတွေများ ကြည့်လိုက်၊ အတူတူတွေ့ကြပြီဆိုရင် အမြဲ သာသာယာယာ”
“မင်းနော်”
“ဟောဗျာ အကောင်းလည်း ပြောရသေးတယ်။ မှန်တာပြောတော့ ရွာပြင်ထုတ်ခံရတယ် ဆိုတာ ဒါမျိုးပေါ့။ အမှန်တရားပြောတော့ ကောင်မလေးတစ်ယောက် ရှက်ရမ်းရမ်းပြီး ငါ့ကို တွန်းနေတာလေ”
“သွားစမ်းကွာ”
မင်း ဘယ်လိုဆွဲဆွဲတားတားသည့်ကြားမှ လင်း မင်းဘေးကနေ ဖျတ်ခနဲ မတ်တတ်ထရပ် ကာ ခြေတစ်လှမ်း ဘေးသို့ရွှေ့ရင်း-
“နင်လေ အရင်လိုမဟုတ်တော့ဘူး။ နင် အဲဒီလိုတွေပြောရင် ငါသိပ်ကြောက်တာပဲ မင်းရယ်။ နင်ဟာ ငါ့သူငယ်ချင်း မင်းသျှင်နောင် မဟုတ်တော့သလို ခံစားရတယ်”
“ဟုတ်စရာလား၊ ငါက အခု နင်နဲ့ ဘာလဲ။ ခုထိ ငါ့ကို သူငယ်ချင်းလို့ ပြောနေတုန်းပဲနော်။ မချစ်တာလည်း မဟုတ်ဘဲနဲ့ လင်းရာ။ ချစ်သူသဘာဝ သာသာယာယာ နေချင်တာ ငါ့အပြစ်လား။ ပြီးတော့ ငါကကော နင့်ကို မျက်ရည်နဲ့မျက်ခွက်ဖြစ်ကျန်အောင် လုပ်ခဲ့မယ့်သူလား”
မင်းပြောနေတာတွေက အမှန်တရားပေမဲ့ ထိုအမှန်တရားကိုပဲ လင်း လက်မခံချင်သလိုလို။ ချစ်သူဘာသာဘာဝ လက်ကိုင် ပခုံးကိုင်တာမျိုးကို အခါအားလျော်စွာ ဘာမှမပြောပေမဲ့ တစ်ခါတစ်ရံ သဘာဝထက် ကျော်လွန်လာသည့် အပြုအမူများ ပြုမူဖို့ မင်းကြိုးစားလျှင် လင်း ချစ်သူနှင့် ချိန်းတွေ့ နေရသည်မထင်။ ကြောက်ဒူးတွေ တုန်တာပဲသိသည်။
နောက် မင်း သူမကို နောက်ထပ်ကြံစည်လို့မရအောင် ခပ်ဝေးဝေး တိုးရွှေ့ရင်း -
“မင်းရယ် . . . ဒီလို မဟုတ်မဟတ် အတတ်တွေကို နင် ဘယ်လိုတတ်ခဲ့တာလဲ။ ငါ နင့်ကို ချစ်တယ်။ အရမ်းချစ်တယ်။ ဒါပေမဲ့”
လင်းက ဒါပေမဲ့ဖြစ်သလို မင်းကလည်း သူ့ကို မျက်လုံးစိမ်းနှင့်ကြည့်ကာ လင်းကို သိပ်တော့ မကြည်လင်။
တစ်ခါတလေ-
“လင်းကို ရည်းစားထားရတာ တစ်ခါတလေ အရူးတစ်ယောက်ကို ရည်းစားထားတာ လောက်တောင် ဖီလင်မရှိဘူးတဲ့”
သူ ဘာတွေပြောနေသလဲ လင်း ဉာဏ်မီသလောက် စဉ်းစားကြည့်သည်။ စဉ်းစားလို့ကလည်း မတတ်။
…
စာအုပ်အမည် - နေရိပ်ထိုးတဲ့လ - ကြယ်ရိပ်ပျိုးတဲ့ည
စာရေးသူ - လှိုင်းကြာဖြူ ( လားရှိုး ) 
။	။ ဒီင်္စာအုပ်ကိုလည်း ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၆၀၀* တည်းနဲ့ ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 
စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
	


Related Posts