ယနေ့အတွက် ဖတ်စရာကဏ္ဍ


“စာရေးဆရာ မင်းသိင်္ခ၏ နာမည်ကြီးဝတ္ထုရှည်တစ်ပုဒ်ကို ဝန်ဇင်းမှာ ဖတ်ရှုနိုင်ပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူပရိသတ်ကြီးထဲမှာ စာရေးဆရာ မင်းသိင်္ခရဲ့ စာဖတ်ပရိသတ်တွေ အများအပြားရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ စာအုပ်သစ်ကတော့ ဆရာမင်းသိင်္ခ ပရိသတ်တွေအဖို့ လက်လွှတ်မခံသင့်ပါဘူး။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ မင်းသိင်္ခရဲ့ နာမည်ကြီး ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ “မြေလျှောက်ဝိဇ္ဇာရွှေမြသာ” ဆိုတဲ့ ဝတ္ထုရှည်ကြီးပဲ ဖြစ်ပါတယ်ခင်ဗျ။

ဦးရွှေမြသာ ဆိုတဲ့ လူထူးလူဆန်းကြီးတစ်ယောက်၊ အလင်းအမှောင် မျှတစွာ ခြယ်မှုန်းထားတဲ့ လောကသဘာဝပန်းချီကားတစ်ချပ်နဲ့ အလားသဏ္ဌာန်တူတဲ့ ဂန္ဓာရီဝိဇ္ဇာလမ်းကို လျှောက်လှမ်းသူ ဦးရွှေမြသာရဲ့ ဘဝဇာတ်စုံအဖုံဖုံကို စိတ်လှုပ်ရှားစွာနဲ့ တအံ့တသြ ဖတ်ရှုမြင်တွေ့ရမှာပါ။ 

ဆရာမင်းသိင်္ခပြောတဲ့

-	စိတ်တန်ခိုးရယူခြင်းပညာရပ်
-	စိတ်ပညာဆိုင်ရာ
-	Autosuggestion ကဲ့သို့ မိမိကိုယ်ကို စိတ်ညှို့ခြင်းနည်းပညာ
-	လူမှုဆက်ဆံရေးနည်းလမ်းများ 
-	ဓာတ်ရိုက်ဓာတ်ဆင်ပညာ
-	ဗေဒင်ပညာရပ် 

စတဲ့စတဲ့ စိတ်ဝင်စားဖွယ်ရာကောင်းပြီး လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်များကို ဒီစာအုပ်ထဲမှာ ဝတ္ထုအသွားထဲမှာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျထည့်သွင်း ပြောဆိုထားတာကို မြင်တွေ့ရပါလိမ့်မယ်။
 
[ ကျွန်ုပ်သည် အိပ်မပျော်ဘဲ နိုးလျက် တွေဝေငိုက်ငေးခြင်း၊ ငိုက်မျဉ်းနေခြင်း မရှိရလေအောင် လေ့ကျင့်ထားသကဲ့သို့ပင် အိပ်သောအခါ၌လည်း အိပ်မပျော်ဘဲ ဟိုတွေး၊ ဒီတွေး တွေးနေခြင်း၊ ဖြစ်ပြီးသော ကိစ္စများအတွက် ဆွေးနေခြင်း မရှိရလေအောင် အထူးလေ့ကျင့်ထားသူဖြစ်၏။ ကျွန်ုပ်သည် အမှန်စင်စစ်အားဖြင့် ခံစားမှုနည်းသူဖြစ်၏။ ] ( အောင်ထွန်း ) 

“ဉာဏ်ပွင့်ကြည်ရေး ဦးစားပေးဆိုတဲ့စကားကို သဘောကျလို့ပြုံးတာ၊ ဘာဖြစ်လို့ သဘောကျသလဲဆိုတော့ ကောင်းလို့ သဘောကျတာ၊ ဘာဖြစ်လို့ ကောင်းတာလဲဆိုတော့ ဉာဏ်ဟာအရေးကြီးတယ်။ ဉာဏ်ဦးစီးမှုမရှိရင် မာလိန်မှူးမပါတဲ့ သင်္ဘောကို စီးရသလိုပဲ။ ဦးတည်ချက်ကို မရောက်နိုင်ဘူး၊ လူ့လောကမှာ အကောင်းဆုံးရပ်တည်ဖို့ လက်နက်ဟာ ဉာဏ်ပဲကွဲ့၊ အဲ့ဒါကြောင့် ပြုံးတာ။ မင်းလုပ်တာကို သရော်တာ မဟုတ်ဘူး၊ လှောင်ပြောင်တာ မဟုတ်ပါဘူး” ( မီးကင်းစောင့်အဘိုးအို ) 

ဒီစာအုပ်ထဲမှာပါတဲ့ ပိတ်ဆို့နေသော အသိဉာဏ်ကို ဖွင့်၍ရသော သော့တံများအဖြစ် သတ်မှတ်ထားတဲ့ စာအုပ်ဖတ်တဲ့သင်္ကေတတွေကို စာချစ်သူများ ဖတ်ရှုအသုံးချနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။ 

စာအုပ်ဖတ်သည့်အခါ အသုံးချသည့် သင်္ကေတ ( ၈ ) မျိုး
၁။ မေ့လျော့ခြင်းကို အနိုင်ရစေရန် အကြိမ်ကြိမ် ပြန်ဖတ်ရမည့်စာ။ 
၂။ မှတ်စုစာအုပ်တွင် ကူး၍ရေးထားပြီး အလိုရှိက အသုံးပြုရမည့်စာ။ 
၃။ ( ၁၀၈ ) ကြိမ် ရွတ်ဆို၍ အလွတ်ကျက်မှတ်ထားရမည့်စာ။ 
၎။ ရင်းနှီးသော မိတ်ဆွေအား သုံးကြိမ်ထက်မနည်း စကားစပ်မိတိုင်း ပြောရမည့်စာ။ 
၅။ ဤစာကို အကြောင်းပြု၍ ဆက်လက်တွေးတောရမည့်စာ။ 
၆။ အခြားစာအုပ်တွင်ပါသည့်စာနှင့် သဘောတရားတူသောစာ။ 
၇။ မရှင်းလင်း၍ ထပ်၍ဖတ်ရန် ( သို့မဟုတ် ) နားလည်တတ်ကျွမ်းသူအား တပည့်ခံမေးမြန်းရန်စာ။ 
၈။ ရင်ထဲတွင် ပွင့်၍ ကျေနပ်သွားသောစာ။ 
………….
ကဲ … ဝန်ဇင်းစာချစ်သူတို့အနေနဲ့ စာရေးဆရာ မင်းသိင်္ခရဲ့ နာမည်ကြီးဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ “မြေလျှောက်ဝိဇ္ဇာရွှေမြသာ” စာအုပ် အပိုင်း ( ၁ ) ကို ဝန်ဇင်းမှာ စတင်ဖတ်ရှုလို့ရပြီပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ဆရာမင်းသိင်္ခရဲ့ စာအုပ်အပါအဝင် အခြား သုတ၊ ရသ၊ သမိုင်း၊ ဘာသာပြန် စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ဆရာမင်းသိင်္ခရဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts