ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာရေးဆရာကြီး မြသန်းတင့် နောက်ဆုံး ဘာသာပြန်ခဲ့တဲ့ “လူများ၊ သက္ကရာဇ်များ-ဘဝ” စာအုပ် အတွဲ ( ၃ ) ကို ဝန်ဇင်းတွင် ဖတ်ရှုနိုင်ပါပြီ 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းပရိသတ်ကြီးထဲက စာကောင်းပေကောင်း ဘာသာပြန်စာအုပ်ကောင်းတွေကိုမှ ဖတ်ရှုချင်ပါတယ်ဆိုသူတွေအတွက် ရွေးချယ်စရာ စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာကြီး မြသန်းတင့်ရဲ့ “လူများ၊ သက္ကရာဇ်များ-ဘဝ” အတွဲ ( ၃ ) ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဆိုဗီယက်စာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Ilya Ehrenberg’s Memories ; Men, Years-Life” ဆိုတဲ့စာအုပ်ကို မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဆရာကြီးမြသန်းတင့်အနေနဲ့ သူ မကွယ်လွန်မီ နောက်ဆုံးနှစ်များအတွင်း ဘာသာပြန်ဆိုရေးသားခဲ့တဲ့ ဂန္ထဝင်လက်ရာလို့ ဆိုရမှာပါ။

ဒီစာအုပ်ရဲ့ အတွဲ ( ၁ ) နဲ့ ( ၂ ) တို့ကို ပြီးခဲ့တဲ့ ရက်တွေမှာ မိတ်ဆက် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ အတွဲ ( ၃ ) ကို ဆက်လက်ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

သမိုင်းပညာရှင်တစ်ဦးလည်း ဖြစ်တဲ့အပြင် စာနယ်ဇင်းသမားတစ်ယောက်အဖြစ် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စပိန်ပြည်တွင်းစစ်တွေမှာ ပါဝင်ခဲ့သူ အီလျာအာရင်ဘတ်ဟာ ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ သမိုင်း ခေတ်စနစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအဖြစ်အပျက်နဲ့ တွေ့ဆုံခဲ့ရတဲ့ နိုင်ငံရေးသမားတွေအပြင် စာပေနယ်ပယ်ထဲက ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်တွေနဲ့ သူတို့အကြောင်းတွေကိုပါ ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားတယ်။ အာရင်ဘတ်ရဲ့ ကိုယ်ပိုင် အတွေးအမြင် ခံယူချက်နဲ့ သဘောထားတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်သလို သူ့ပတ်ဝန်းကျင်က နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

[ ကျွန်တော်သည် ပိုက်ဆံနှင့် လောကကမ္ဘာကြီးကို အစောကြီးကတည်းက မုန်းခဲ့ပါသည်။ သို့ရာတွင် အမုန်းသက်သက်ဖြင့် မလုံလောက်ပါ။ အရေးကြီးသည်မှာ လူ၏စရိုက်မဟုတ်ပါ။ စက်ရုံပိုင်ရှင်များ၊ ငွေရှင်ကြီးများ၊ စက်မှုလုပ်ငန်းရှင်ကြီးများ၊ ဘဏ္ဍာရင်းရှင်ကြီးများထဲတွင် ကြင်နာတတ်သူတွေလည်း ရှိသလို ရက်စက်သူတွေလည်း ရှိပါသည်။ အသိဉာဏ်ရှိသူတွေ ရှိသလို မိုက်မဲသူတွေလည်း ရှိပါသည်။ ချစ်စရာကောင်းသူတွေရှိသလို မုန်းစရာကောင်းသူတွေလည်း ရှိပါသည်။ ပြဿနာမှာ ထိုသူတို့၏ စရိုက်ဆိုးမဟုတ်ပါ။ စနစ်ကြီးဖြစ်ပါသည်။ ] ( ဘာတာဖိနပ်ဘုရင် Vs စာရေးဆရာ … မှ )

အာရင်ဘတ်ရဲ့ စာပေတွေနဲ့ စာချစ်သူတို့ စိမ်းနေမှာမဟုတ်ပါဘူး။ ဆရာကြီးမြသန်းတင့်က အာရင်ဘတ်ရဲ့ “The Life of the Automobile” ကို ‘မော်တော်ကားတစ်စင်း၏အတ္ထုပ္ပတ္တိ’ ၊ ကမ္ဘာကျော်လက်ရာတစ်ခုဖြစ်တဲ့  “The Fall of Paris” ကို “ပါရီကျဆုံးခန်း” အဖြစ် ဘာသာပြန်ဆိုထားဖူးပါတယ်။ ဒီစာအုပ်ကတော့ ဆရာကြီးမကွယ်လွန်မီ နောက်ဆုံးနှစ်များအတွင်း ကဏ္ဍခွဲ အပိုင်းခွဲများဖြင့် မဂ္ဂဇင်းအစောင်အသီးသီးကို ဖြန့်ပြီး အခန်းဆက်အဖြစ် လစဉ်ဆက်တိုက် ဖော်ပြခဲ့တဲ့ လက်ရာပဲ ဖြစ်ပါတယ်။ 

အာရင်ဘတ်ရဲ့ လက်ရာထဲမှာ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေရေးရာ … ကဏ္ဍအစုံကို လေ့လာခွင့်ရမှာဖြစ်သလို ကမ္ဘာကျော်စာရေးဆရာ များစွာတို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း မြင်တွေ့ကြရမှာပါ။ 
 “ဝတ္ထုတစ်ပုဒ်ဟာ လမ်းမမှာ ထောင်ထားတဲ့ မှန်တစ်ချပ်နဲ့တူတယ်။ ကြည်လင်ပြာလဲ့နေတဲ့ မိုးကောင်းကင်ကိုလည်း ထင်ဟပ်ပြတာပဲ။ ဖုန်မှုန်တို့၊ ရွှံ့ဗွက်တို့၊ ရေမြောင်းတို့ကိုလည်း ထင်ဟပ်ပြတာပဲ။ ဒါပေမဲ့ မှန်ကိုကိုင်ထားတဲ့လူကတော့ ဖောက်ပြန်ရေးသမားလို့ အစွပ်စွဲခံရတယ်။ မှန်က ထင်ဟပ်ပြရင် မှန်ကိုပဲ အပြစ်ဆိုပေါ့။ မညီညာတဲ့လမ်းကို အပြစ်ဆိုချင်ဆိုပေါ့။ ဒီလိုမှ မဟုတ်သေးရင် လမ်းဗိုလ်ကို အပြစ်ဆိုချင်ဆိုလိုက်ဦး” ( ပြင်သစ်စာရေးဆရာကြီး စတင်ဒယ် ) 

ဒီစာအုပ်ထဲမှာ ကမ္ဘာကျော်စာရေးဆရာကြီး အာရင်ဘတ်ဟာ သူ့ဘဝ၊ သူ့အကြောင်း၊ သူ့အမြင်ကို အိတ်သွန်ဖာမှောက် မခြွင်းမချန် မကွယ်မဝှက် ရေးသားထားခဲ့တယ်။ ကဲ … ဒီတော့၊ အီလျာအာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ - ဘဝ ကို ဆရာကြီး မြသန်းတင့်ရဲ့ မြန်မာပြန်လက်ရာနဲ့အတူ၊ ဘဝအတွေ့အကြုံများစွာကို ဖြတ်သန်းရင်ဆိုင်ခဲ့သူတစ်ဦးရဲ့ အတ္ထုပ္ပတ္တိ စာပေထဲကနေ စာချစ်သူတို့ ဘာတွေရနိုင်မလဲ၊ ဘာတွေဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 
…….
ဆရာကြီး မြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts