ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဝန်ဇင်းစာချစ်သူပရိသတ်ကြီး ဖတ်ရှုဖို့ ဘာသာပြန် သည်းထိတ်ရင်ဖို ဝတ္ထုကောင်းတစ်အုပ်ဖြစ်တဲ့ - ဓားစာခံ ]
…

စာအုပ်အမည် - ဓားစာခံ
ဘာသာပြန်စာရေးဆရာ - ကျော်စွာ ( ဆေး - ၂ )
မူရင်းစာအုပ် - The Hostage by James Patterson

စာရေးဆရာ - ဒီစာအုပ်ကတော့ ယနေ့ခေတ်ရဲ့ နာမည်ကြီးဝတ္ထုရေးဆရာဖြစ်သူ အမေရိကန်စာရေးဆရာ ဂျိမ်းစ်ပက်တာဆန်ရဲ့ နာမည်ကြီး လက်ရာတစ်ပုဒ်ဖြစ်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုဖြစ်တဲ့ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးထားပါသေးတယ်။ စာရေးဆရာကိုယ်တိုင်ကတော့ ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး စာရေးဆရာစာရင်းမှာ သုံးနှစ်ဆက်တိုက် ပထမနေရာယူခဲ့သူ ၊ ပြီးတော့ ၂၀၁၅ ခုနှစ်မှာ National Book Foundation က သူ့ရဲ့ ထူးချွန်ပြောင်မြောက်မှုအတွက် စာပေဆု ( Literarian Award ) ချီးမြှင့်ခြင်းခံရသူ ၊ ဒါ့အပြင် နိုင်ငံတကာ သည်းထိတ်ရင်ဖိုစာပေဆု ( တစ်နှစ်တာအကောင်းဆုံး ) ကိုလည်း ရရှိထားတဲ့ ကမ္ဘာကျော် သည်းထိတ်ရင်ဖို စာရေးဆရာတစ်ဦးပဲပေါ့။ 

ဖတ်ညွှန်း - ယနေ့ခေတ် နာမည်ကြီး ၊ ဘတ်ဆဲလား စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ပက်တာဆန်ရဲ့ The Hostage ကို ဘာသာပြန်ထားတဲ့ ကျော်စွာ ဆေး -၂ ရဲ့ ဓားစာခံကို ဖတ်လိုက်ရတာ စာဖတ်သက်တမ်းတလျှောက် မဖတ်ဖူးသေးတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရတဲ့အရသာကို ခံစားလိုက်ရတယ်။ အနီးစပ်ဆုံးပြောရရင် မင်းသိင်္ခရဲ့ တချို့စာအုပ်တွေနဲ့ ဆင်သလို ရှိပေမယ့် လူကြမ်းကို ဇာတ်လမ်းတစ်ခုအဖြစ် ဇာတ်နာပြီး အပိုင်းတစ်ပိုင်းအဖြစ် ဖော်ပြတာမျိုး မရှိဘူး။ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်ဝတ္ထုထဲမှာဆို အစပိုင်းက လူသတ်မှုဖြစ်မယ်။ ဆားပုလင်းနှင်းမောင်က ဖော်မယ်။ လူသတ်သမားက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောရင်း ဘာအတွက် လူသတ်ခဲ့ပါတယ် ဆိုတာမျိုး ၊ ဖတ်ရင်းဖတ်ရင်း လူသတ်သမားကို စာဖတ်ပရိသတ်က အမှတ်ပေးအောင် ရေးခဲ့တာ။ 

ဓားစာခံမှာလည်း ဒီပုံစံမျိုး ပြန်ဖတ်ရတယ်။ လူသတ်သမားက ရဲတွေရဲ့ ရှေ့ကတစ်ကွက်ကျော်ပြီး လူသတ်မှုတစ်မှုပြီးတစ်မှု ကျူးလွန်သွားတယ်။ နောက်ဆုံး သူသတ်ချင်တဲ့သူ အကုန်သတ်ပြီးမှ ဇာတ်လိုက်ကမိပြီး ဖမ်းခါနီးမှ ငယ်ငယ်က ခံစားခဲ့ရတဲ့ အတိတ်ကြောင့် သူသတ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့တယ်။ 

စာအုပ်ပါးပါးလေးမှာ non-stop action ကို တောက်လျှောက်ဖတ်လိုက်ရတယ်။ ဇာတ်လမ်းအစက လန်ဒန်မြို့ ကင်ဆန်တန်မှာ၊ ကောင်လေးတစ်ယောက်ကို ညဘက် ကောင်လေးအိပ်နေချိန် ကားနောက်ဖုံးထဲ ထည့်ပြီး ဖမ်းသွားတာကနေ ဖွင့်ထားတယ်။ နောက်တစ်ခန်းမှာတော့ ထရိုင်ဘက်ကာလက်ဇူရီ ( Luxury ) ဟိုတယ်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဂျက်ဆန်ဟာလင်တန်ရဲ့ ဖိတ်စာနဲ့ စထားတယ်။ 

သူ့ရဲ့ ( ၃၈ ) ခုမြောက် ဟိုတယ်အဖြစ် လန်ဒန်မြို့၊ မေဖဲခရိုင်မှာ ဖွင့်မယ့် အထပ် ( ၄၀ ) ရှိ အသစ်စက်စက်ဟိုတယ် ဖွင့်ပွဲအခမ်းအနား၊ အဲ့ဒီအခမ်းအနား ကျင်းပနေချိန် လူတစ်ယောက်ဟာ ဟိုတယ်ရဲ့ ( ၃၈ ) ထပ်မှာ မျက်နှာဖုံးစွပ်တပ်ထားသူတစ်ဦးရဲ့ အဖမ်းခံအခြေအနေနဲ့ ကြုံတွေ့နေရတယ်။ အဖမ်းခံရသူက ဖမ်းတဲ့သူကို ငွေဘယ်လောက်လိုချင်လိုချင် ပေးပါ့မယ် ပြောပေမယ့် ဖမ်းထားတဲ့သူဟာ သူလုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလေရဲ့။ 
အဲ့ဒါကတော့ ( ၃၈ ) ထပ် ဟိုတယ်လသာဆောင်အထိ ဖမ်းခေါ်သွားပြီး ကြိုးနဲ့တွဲလောင်းချည်၊ ဗိုက်ကိုခွဲ အူတွေကိုဆွဲထုတ်ပြီး အလောင်းကြီးကို အောက်မှာ ဟိုတယ်ဖွင့်ပွဲ စားသောက်နေသူတွေရှိတဲ့ မြက်ခင်းပြင်ပေါ် ပစ်ချလိုက်တာပါပဲ။ အဲ့လို ရက်ရက်စက်စက် အသတ်ခံရသူက ထရိုင်ဘက်ကာလက်ဇူရီ ဟိုတယ်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ သူဌေးကြီး ဂျက်ဆန်ဟာလင်တန်ပါပဲ။ အဲ့အချိန်ကစလို့ ဒီစာအုပ်ရဲ့ မင်းသား ( ဟိုတယ်လုံခြုံရေးတာဝန်ခံ ) ရော့စကိုးဟာ သူ့လက်ထောက် စတန်လီ၊ ရဲအုပ် ဆာဗေ့တို့နဲ့အတူ လူသတ်တရားခံကို လိုက်ဖမ်းပေမယ့် လူသတ်မှုတွေက ဆက်ကာဆက်ကာ ဖြစ်နေခဲ့တယ်။ လူသတ်သမား ဘာကြောင့် အဲလို ရက်ရက်စက်စက် သတ်တာလည်းဆိုတာတော့ စာအုပ်လေးသာ ဖတ်ပြီး အဖြေရှာပါတော့လို့ ….. ။ 

( မှတ်ချက်။     ။ ဤစာအုပ်ဖတ်ညွှန်းမှာ ကိုမိုးသားလတ်၏ ဖတ်ညွှန်းဖြစ်ပြီး ၄င်းဆီမှ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ) 

………….
ဝန်ဇင်းပရိသတ်ကြီးလည်း သည်းထိတ်ရင်ဖို အက်ရှင်ဝတ္ထုတွေကိုမှ ဖတ်ရှုချင်တယ်ဆိုရင်တော့ နာမည်ကြီး စာရေးဆရာဖြစ်သူ ဂျိမ်းစ်ပက်တာဆန်ရဲ့ ဒီဝတ္ထုကို ဘာသာပြန်စာရေးဆရာ ကျော်စွာ ( ဆေး - ၂ ) ရဲ့ ချောမွေ့တဲ့ မြန်မာပြန်အရေးအသားနဲ့အတူ ဖတ်ရှုခံစားကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ ဖတ်မယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....


Related Posts