ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဝန်ဇင်းပရိသတ်ကြီး တခဲနက် အားပေးဖတ်ရှုကြတဲ့ ‘ဓားတန်ခိုးရှင်’ စာစဉ် *အသစ်* ဆက်လက် ထွက်ရှိ … ] 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျ … ။

“မထွက်သေးဘူးလား…မထွက်သေးဘူးလား” နဲ့ တသသ မေးမြန်းနေကြတဲ့ ဓားတန်ခိုးရှင် ပရိသတ်ကြီးအတွက် ဒီနေ့ကတော့ lucky day လေးပါပဲ။ ဘာလို့ဆို၊ ဓားတန်ခိုးရှင် စာစဉ် *အသစ်* ကို ဝန်ဇင်းမှာ ဒီနေ့ပဲ ၊ အခုချက်ချင်းပဲ ဖတ်ရှုနိုင်ပြီလေ။ အကြမ်းဖျင်း spoil ရရင်တော့ အခု စာစဉ်အသစ်မှာလည်း နည်းနည်းမှ ပျင်းရမှာ မဟုတ်ပါဘူးဆိုတာ ပြောပါရစေ။

စာအုပ်အမည် - ဓားတန်ခိုးရှင်၏ဒဏ္ဍာရီ ( မိုးနဂါးအစောင့်အရှောက် ) [ စာစဉ် - ၁၀ ]
ဘာသာပြန်စာရေးဆရာ - Dr – Panda 

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၁,၀၀၀* ကျပ်

ဖတ်ညွှန်းတို - ဒီစာစဉ်ထဲမှာ ဓားတန်ခိုးရှင်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူ - လူသားတန်ခိုးရှင် - ဂျိနင်နဲ့ အန္တရာယ်များလွန်းတဲ့ ဂေါတောင်တန်းက နွံတောကြမ်းက မွန်းစတားတွေနဲ့ တိုက်ပွဲ ။ အဲ့ဒီတိုက်ပွဲမှာ ဂျိနင်တစ်ယောက် အစွမ်းကုန် ထုတ်သုံးလိုက်ရတဲ့ အထွတ်အထိပ်အဆင့် ဝမ်ရှင်းမွန်းစတား နတ်ဘုရားသွေးမျိုးဆက်ကို ရင်ဆိုင်ပုံ ။ အဖြူအနက်ကောလိပ်ကို ရောက်ပြီးကတည်းက နင်ရဲ့ စိတ်ဝိညာဉ်ဟာ နတ်ဘုရားအာရုံအဆင့်ကို ရောက်ခဲ့ပြီးပြီ ဖြစ်ပေမဲ့၊ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည်တွေ့ဆုံရတဲ့ ‘မြကောင်းကင် မြွေနဂါး’ ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ တိုက်ပွဲမှာတောာ့ ဂျိနင်ရဲ့ အစွမ်းထက်တဲ့ အနီးကပ်တိုက်ခိုက်မှု ၊ သိပ်ကို ပျော့ပျောင်းသိမ်မွေ့ ဓားပျံငယ်တစ်ထောင် ဝင်္ကပါဓားသိုင်းရဲ့ အဆင့်ကိုးဓားအလင်း တို့ကို အသုံးချလိုက်ရတဲ့ အဖြစ်အပျက်။ 

ဂျိကလန်ရဲ့ ပါရမီရှင်လေးအဖြစ်နဲ့ တွေ့ဆုံခဲ့စဉ်ကတည်းက အရမ်းရင်းနှီးသလို ခံစားခဲ့ကြရတဲ့ မြကောင်းကင် မြွေနဂါးဖြစ်တဲ့ မိုးပြာရောင်ဝတ်စုံကောင်မလေးနဲ့ ဂျိနင်တို့နှစ်ယောက်၊ ကိုးနှစ်အကြာမှ ပြန်လည်တွေ့ဆုံကြတဲ့အခါ … ဇာတ်လမ်းက ဒရမ်မာအချိုးလေးများ ဖြစ်မလား ? စွမ်းအင်သိပ်သည်းဆများပြီး ရောက်သွားသူတိုင်း ပြန်မထွက်နိုင်ကြတဲ့ မိစ္ဆာကြာပန်းတောင်တန်းမှ ဘာတွေ ဖြစ်ဦးမလဲ ? ဂျိနင်ရဲ့ စွမ်းအင် နောက်တစ်ဆင့်က ဘာများဖြစ်မလဲ ?  

စသည်စသည်ဖြင့် … လက်ကမချချင်အောင် ဖတ်လို့ကောင်းတဲ့ ‘ဓားတန်ခိုးရှင်၏ဒဏ္ဍာရီ’ စာစဉ်သစ်ကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ စာချစ်သူများကို သတင်းကောင်းပါးလိုက်ပါရစေ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts