ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ဝတ္ထုကောင်းတစ်ပုဒ်” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ရက်သတ္တပတ်ရဲ့ အစ၊ တနင်္လာနေ့ အဖွင့်ရက်လေးမှာ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ ဝတ္ထုကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးတွေကို ရေးဖွဲ့လေ့ရှိသူ စာရေးဆရာမ သျှင်မရဲ့ “ဟစ်တိုင်” ဆိုတဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာချစ်သူတို့ မြင်တွေ့နေကြ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ်လမ်းမျိုးကို ဖတ်ရှုရမှာမဟုတ်ဘဲ ဝတ္ထုမှတစ်ဆင့် စာရေးသူ သိစေလိုတဲ့ ရည်ရွယ်ချက်ဟာ သက်ငယ်မုဒိန်းမှု ပပျောက်စေရေးကို ဦးတည်ထားတာပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်နဲ့ပတ်သက်ပြီး စာရေးသူ သျှင်မက အမှာစာမှာ ခုလို ဖော်ပြထားပါသေးတယ်။ 

[ ဤဇာတ်လမ်းနှင့် ပတ်သက်သော အဖြစ်အပျက် စကားလုံး အကြောင်းအရာများသည် မည်သူ့ကိုမှ ရည်ရွယ်ရေးသားထားခြင်း မဟုတ်ပါ။ မည်သည့်အရေးတို့ကိုမှလည်း ပုတ်ခတ် စော်ကားလိုခြင်း မဟုတ်ဘဲ စာရေးသူ၏ စိတ်ဆန္ဒအတိုင်း သမီးငယ်လေးများ၏ မိခင်တိုင်းသို့ သိစေလိုသော စေတနာဖြင့်သာ အရင်းခံပါသည်။ စာရေးသူ နေထိုင်ကြီးပြင်းခဲ့သော ရိုးသားအေးချမ်း၍ စည်းလုံးညီညွတ်သည့် ဂုဏ်သိက္ခာတို့ဖြင့် ထာဝရ အေးချမ်းနေသော ဆင်ဖြူကျွန်းမြို့ကို နောက်ခံအင်အားပြ၍ သက်ငယ်မုဒိန်းမှု ပပျောက်ရေး စိတ်ဆန္ဒဖြင့် စိတ်ကူးယဉ် ရေးဖွဲ့ခြင်း ဖြစ်ပါသည်။ ဤဇာတ်လမ်းပါ အကြောင်းအရာ စကားလုံးတချို့ကြောင့် ထိခိုက်ဖွယ်ရာများ ရှိခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ကြောင်း အနူးအညွတ် တောင်းပန်အပ်ပါသည်။ ] 
…….
ဝတ္ထုအဖွင့်မှာတင် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ တည့်တည့်တိုးမိမှာပါ။ လူနှစ်ယောက်ကို တုံ့ပြန် သတ်ဖြတ်ပြီး ရဲစခန်းကို ကိုယ်တိုင် လာရောက်ဝန်ခံနေတဲ့ ‘ဒေါင်းနီ’ ဆိုတဲ့ အမျိုးသမီးတစ်ဦး။ သူမဟာ - 
…….
[ သူမကနှုတ်ခမ်းတွေ တင်းခနဲစေ့ပိတ်လျက် စခန်းမှူးကို စူးစိုက်ကြည့်ကာ … 
“လာဝန်ခံတာတောင် အပိုတွေမေးနေတယ် ... ကျွန်မပြန်မှဖြစ်မယ် ...” 
“ဟေ့...ဒီမှာ...”
စိတ်တိုသံနှင့် ခပ်ကြိတ်ကြိတ်ခေါ်ကာ နယ်ထိန်းက မျက်နှာငုံ့လာလျက် ... 
“ခင်ဗျားလူနှစ်ယောက် သတ်လာပြီးမှ အကြောက်လွန်ပြီး ရူးသွားတာလား ...”
“ရူးပါစေလို့ ဆုတောင်းထား ... မဟုတ်ရင် မသေတဲ့ကောင်ကို သွားသတ်မှာ ...”
“ခင်ဗျား လူသတ်ရဲတိုင်း ရဲစခန်းမှာ ထင်သလိုပြောလို့ မရဘူး ... ရုံးတင်ပြီးရင် ပိုဆိုးပြီ၊ ကျွတ် ... တော်တော် စိတ်ပျက်စရာ ကောင်းတဲ့မိန်းမ ...”
နယ်ထိန်း ခပ်တိုးတိုး ညည်းတွားရင်း စခန်းမှူးမျက်နှာနဲ့နီးအောင် ထောက်ထားသည့် လက်နှစ်ဖက်ကို စားပွဲအလယ်ကိုရွှေ့၍ ကိုယ်ကို ကိုင်းကာ ...
“စခန်းအပြင်မှာ လူတွေညို့နေတာပဲဆရာ”
“ဘာကြောင့် အဲ့လောက် များပြားနေတာလဲ”
“သူဒါကြီးကို မြို့လယ်လမ်းမကနေ ဒီတိုင်းဆွဲချလာတာ ... အကုန်ပါလာတာပေါ့ ...”
ထိုစဉ် … 
“ဒေါင်းနီကို ပြန်ထုတ်ပေး ...”
“မဒေါင်းကို လွှတ်ပေးပါဗျို့...”
“မုဒိမ်းကောင် သေပါစေ ...”
“ဒေါင်းနီကို ခုချက်ချင်း လွှတ်ပေးပါ ...”
အော်ဟစ်ဆူညံသံတွေ ထွက်လာလျှင် စခန်းမှူးနဲ့နယ်ထိန်းတို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ ] 
…….
“ဟစ်တိုင်” ဝတ္ထုဟာ အဖွင့်မှာတင် စိတ်ဝင်စားဖို့ ကောင်းလွန်းတာမဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်လုံးမှာ တင်ပြထားတဲ့ ဇာတ်လမ်း အကြောင်းအရာတို့ကလည်း စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားပါလိမ့်မယ်။ ဒေါင်းနီဆိုတာ ဘယ်သူလဲ၊ သူမရဲ့ မိသားစု၊ သူမနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေရဲ့အစဟာ ဘယ်ကလဲဆိုတာ သိချင်တယ်ဆိုရင်တော့ … ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီဝတ္ထုကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုတွေကို ဖတ်ရှုကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင်  ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts