ယနေ့အတွက် ဖတ်စရာကဏ္ဍ


“အသည်းတထိတ်ထိတ် ရင်တမမဖြင့် ဖတ်ရှုရမယ့် လူစွမ်းကောင်းဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရင်ဆိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲတွေ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအနေဖြင့် စာအုပ်ကောင်းများ အဆက်မပြတ် ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ နေ့စဉ် စာအုပ်သစ်များ စဉ်ဆက်မပြတ် ထွက်ရှိနေပါတယ်။ ဒီနေ့မှာဆိုလည်း ဝန်ဇင်းမှ ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ကိုကိုလေး ဘာသာပြန်ရေးသား ပြုစုတဲ့ “လူစွမ်းကောင်းဗိုလ်ချုပ်ကြီးများ” ဆိုတဲ့ စာအုပ်ပါပဲ။ 

ဒုတိယကမ္ဘာစစ်ကိုတော့ စာဖတ်သူတိုင်း ရင်းနှီးကြလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ … အဲ့ဒီစစ်ကြီးနဲ့ ပတ်သက်ပြီး စာတင်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ ခုချိန်ထိ နာမည်ကျန်နေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေအကြောင်း သိသူကတော့ အလွန်နည်းပါတယ်။ ဒီစာအုပ်က အဆိုပါ ဗိုလ်ချုပ်ကြီးတွေ ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ ပြင်းထန်ရက်စက်တဲ့ တိုက်ပွဲတွေနဲ့ သူတို့ခင်းတဲ့ စစ်သေနင်္ဂဗျူဟာနဲ့ စစ်ပရိယာယ်တို့အကြောင်းကို မူရင်းရေးသူထံမှ မြန်မာဘာသာပြန်ဆိုပြီး တင်ပြထားတာပဲ ဖြစ်ပါတယ်။

“လူစွမ်းကောင်းဗိုလ်ချုပ်ကြီးများ” - ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့ရင်ဆိုင် တိုက်ပွဲဝင်ခဲ့တဲ့အဖြစ်တွေဟာ နာမည်ကြီး ရုပ်ရှင်ကားကြီးတစ်ကားကို ကြည့်နေရသလိုပါပဲ။ မြန်မာပြန်ဆိုချက် ချောမွေ့ပုံကတော့ စာဖတ်သူရဲ့ နားထဲမှာ ဗုံးအမြှောက်သံတွေ၊ နှာခေါင်းဝမှာ ယမ်းနံ့တွေနဲ့၊ အမြင်အာရုံထဲမှာ မီးခိုးငွေ့တွေနဲ့ ညိုမှောင်နေတဲ့ ပတ်ဝန်းကျင်၊ အော်ဟစ်ပြေးလွှားသံတွေနဲ့အတူ ‘စစ်’ ရဲ့ ‘အနိဋ္ဌာရုံ’ ကို မြင်ယောင်မိလာမှာပဲ ဖြစ်ပါတယ်။ 

ဦးဆုံးဖတ်ရှုရမှာက ဗိုလ်ချုပ်မတ်ကလပ်၏ လျှို့ဝှက်ကမ်းတက်စစ်ဆင်ရေး ( General Mark Clark’s Secret Landing )၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပထမဆုံး အကြီးအကျယ် ထိုးစစ်ဆင်မည့် စစ်ဆင်ရေးအတွက် ရန်သူတို့ သိမ်းပိုက်ထားသော မြောက်အာဖရိကရှိ နာဇီကို ဆန့်ကျင်နေတဲ့ ဗီချီဗိုလ်ချုပ်များ ( Anti Narzi Vichy Generals ) တို့နှင့် အဆက်အသွယ်ပြုလုပ်ဖို့ ဗိုလ်ချုပ်ကလပ်နှင့် အဖွဲ့သား ( ၉ ) ယောက်တို့ရဲ့ စစ်ဆင်ရေးအကြောင်းပဲ ဖြစ်ပါတယ်။ 

ပြီးတဲ့အခါမှာတော့ နှစ်ဆယ်ရာစု၏ အထူးခြားဆုံး လူတစ်ပိုင်းတင့်ကားတစ်ပိုင်းအဖြစ် အမွှန်းတင်ခံရသော ဂျာမန်ဗိုလ်ချုပ်ကြီး ရွန်းမဲလ်နှင့် ဗြိတိသျှတပ်များနှင့် တိုက်ပွဲ၊ လစ်ဗျားသဲကန္တာရအတွင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဆင်နွှဲနေကြသော ယန္တရားစစ်ပွဲကြီးအကြောင်း ရင်တမမဖတ်ရှုရမယ့် လူတစ်ပိုင်း တင့်ကားတစ်ပိုင်း ဖီးမာရှယ်ရွန်းမဲလ် ( Half-Man, Half-Tank, Field Marshal Rommel ) ။ 

နောက်ထပ် ဖတ်ရှုရမှာက ဂျာမန်တို့ သတ်ဖြတ်နိုင်စွမ်းမရှိသောသူ ဒီဂေါလ် ( DE GAULL: The Man The Germans Couldn’t Kill ) ၊ ဂျာမန်တို့ရဲ့ ကျည်ဆံဟာ ထွက်ပြေးသော အကျဉ်းသားတိုင်းရဲ့ ကိုယ်ပေါ်မှာ အပေါက်များဖြစ်သွားစေနိုင်သော သေမင်း၏ လက်ပါးစေများပင်၊ ဂျာမန်တို့၏ အကျဉ်းထောင်စခန်းမှ ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ သာမန်လူတစ်ယောက်အတွက် ဘယ်လိုမှမဖြစ်နိုင်၊ သို့သော် … တစ်ယောက်သောသူ ပြင်သစ်ကပ္ပတိန်ဒီဂေါလ်အတွက်တော့ ဖြစ်နိုင်ခဲ့တယ်။ 

ဆက်လက်မြင်တွေ့ရမှာက နာမည်ကြီး တိုက်ပွဲတစ်ခုဖြစ်တဲ့ ဇူးကော့(ဗ်)၏ ဘာလင်မြို့ဖျက်ပွဲတော် ( ZHUKOV’S Rape of Berlin ) ၊ ကြက်သီးထဖွယ်၊ ကျောစိမ့်ဖွယ်ကောင်းလောက်အောင် ဘာလင်မြို့တော်ကို ဖျက်ဆီးသိမ်းပိုက်ဖို့ ချီတက်လာကြသော မာရှယ်ဇူးကော့(ဗ်)၏ သေမင်းတမန် ရုရှားတပ်များရဲ့ ရက်ရက်စက်သက် တရကြမ်းထိုးစစ်အကြောင်း ဖတ်ရှုရတဲ့အခါ စာဖတ်သူရဲ့ သွေးများဆူပွက်လာတဲ့အထိ ‘စစ်’ ကို အံကြိတ် တက်ခေါက်မိပါလိမ့်မယ်။ 

ခု အနည်းငယ်မျှ ညွှန်းဆိုခဲ့တာ ပုဂ္ဂိုလ် ( ၄ ) နဲ့ သူုတို့ရဲ့တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ နောက်ထပ် ( ၃ ) ဦးကျန်ပါသေးတယ်။ ဒါကြောင့် အပြည့်အစုံ ဖတ်ရှုသိရှိနိုင်ဖို့ ၊ “လူစွမ်းကောင်းဗိုလ်ချုပ်ကြီးများ” ထဲမှာ ဘယ်သူဘယ်ဝါတွေရဲ့ ဘယ်လိုတိုက်ပွဲတွေအကြောင်း အသေးစိတ်ဖတ်ရှုဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။ 
.…….
ခုလိုစာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts