ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူမျာ ဒီနေ့ဖတ်ဖို့ ဝန်ဇင်းရဲ့ ဒီနေ့ထွက်စာအုပ် - ဆုတောင်းခန်းပျို့”
…..

စာအုပ်အမည် - ဆုတောင်းခန်းပျို့
စာရေးဆရာ - ဗျူး
စာမြည်း ...

“မင်းနာမည်က”
“သခွတ်”
“ဘာကွ .. နောက်ကပန်းသာထည့်လိုက်ရင် မိန်းမနာမည်ပဲ၊ မင်းမိဘတွေ ဘယ်လိုများ ပေးထားတာလဲ”
“တစ်ခုခုကို သတိရနေစေချင်တဲ့ အဓိပ္ပါယ်နဲ့လို့ ပြောပါတယ်”
“ထားပါတော့၊ ပညာအရည်အချင်းကကော”
“စီးပွားရေးနဲ့ ဘွဲ့ရထားပြီး ကွန်ပျူတာကျွမ်းကျင်၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယားဘာသာစကား ကျွမ်းကျင်ပါတယ်၊ မားကတ်တင်း၊ စာရင်းကိုင်ကျွမ်းကျင်”
“ဟ ဒီလောက်အရည်အချင်းရှိရဲ့နဲ့ ဘာလို့ ဒရိုင်ဘာအလုပ် လာလျှောက်ရတာလဲ၊ ကုမ္ပဏီတွေမှာ မန်နေဂျာရာထူးတောင် ရနိုင်တာကို”
ဦးမာန်ထိန်ရောင် အံ့သြတကြီး မျက်ခုံးပင့်ပြီးပြောတော့ သခွတ်နှုတ်ခမ်း မသိမသာ တွန့်ချိုးသွားလျက်
“ကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာ ရှေ့ကနေရာရပြီးသား ဝန်ထမ်းဖြစ်ပြီးသားလူတွေနဲ့ နီးစပ်ပတ်သက်မှု ရှိမှ သူ့အကပ်နဲ့သူ ရကြတာပါ၊ ကျွန်တော်တို့လို အစိမ်းသက်သက်အတွက် ဘယ်လောက် အရည်အချင်းရှိရှိ မလွယ်ပါဘူး”
“အဲဒီလောက်ကြီးတော့ မဟုတ်လောက်ပါဘူး၊ မင်းလျှောက်မကြည့်လို့များလား”
“ကုမ္ပဏီလေးခုလောက် လျှောက်ကြည့်တယ်၊ သူဌေးရဲ့ မာန်ထိန်ရောင်ကုမ္ပဏီ အပါအဝင်ပေါ့၊ အယောက်ငါးဆယ်တစ်ရာ လာလျှောက်တဲ့အထဲမှာ မိန်းကလေးချောချောလှလှ နှစ်ယောက် သုံးယောက်ကိုပဲ အရည်အချင်းရှိရှိ ရွေးခေါ်သွားကြတယ်၊ ကုမ္ပဏီတွေမှာ မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစား ရုပ်ရည်အလှအပ ၊ အရပ်အမောင်းကပဲ အရေးကြီးတယ် ထင်ပါတယ်” 
…………. 

စာရေးဆရာဗျူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ ဒီဝတ္ထုကို ဖတ်ရှုမယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလို့ ရနေပြီနော်။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
	
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	

စာချစ်သူများကို အမြဲတမ်းချစ်ခင်နေမယ့် ဝန်ဇင်း 


Related Posts