ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ အချစ်ကို နက်နက်နဲနဲ ခံစားကြည့်လိုသူတွေအတွက် ဝတ္ထုကောင်းများ ….. ]

………….

ပထမစာအုပ် -

စာချစ်သူဖတ်ဖို့ >>> ကဝေရှိုက်သံ

စာရေးသူက - - - - - ထူးခြားဆန်းသစ်တဲ့ ဝတ္ထုမျိုးကို ရေးသားဖန်တီးလေ့ရှိသူ စာရေးဆရာမ ခူးခူး

ဖတ်ညွှန်းတို - ဒီဝတ္ထုကတော့ အချစ်ကို နက်နက်နဲနဲ ခံစားတတ်သူတွေအနေနဲ့ ရင်ထဲမှာ ကြိတ်ပြီး နင့်ခနဲ ရှိုက်ရမယ့်အထိ ဆွဲဆောင်မှု ရှိလှပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က လူငယ်လူရွယ်တွေ အိပ်မက်တွေ အကောင်အထည် ဖော်ဖို့ ရောက်လာကြရတဲ့ မဟာရန်ကုန်မြို့တော်ကြီး။ အောင်မြင်သူတွေရှိသလို ကျဆုံးသူတွေလည်း များတဲ့ အဲ့ဒီနေရာကို နယ်ကနေ တက်လာတဲ့ လူငယ်တစ်ယောက် - သူ့နာမည်က - ကိုလူပျို။ အများနဲ့ မတူတဲ့အချက်က ရန်ကုန်မြို့ဆီကို တက်လာခဲ့တုန်းက သူ့မှာ ဘာအိပ်မက်မှ ပါမလာခဲ့ဘူး။ ဒါပေမဲ့ သူ့အတွက် တစ်ဘဝလုံးစာ အိပ်မက်တွေကို မက်ခွင့်ရစေခဲ့သူက ‘သုဇာတာ’ ဆိုတဲ့ အနုပညာရှင် မင်းသမီးတစ်ဦး။

[ “စားနော်” 

သူနဲ့ အဲ့လို ရင်းရင်းနှီးနှီး ထမင်းစားနေတာကို အခန်းထဲဝင်လာတဲ့ ကိုကံမြင့် မြင်လည်းသွားရော မျက်နှာက ကွက်ခနဲ ပျက်သွားတာ။ တစ်ချက် စိုက်ကြည့်ပြီး ချက်ချင်းပဲ အခန်းထဲက ပြန်ထွက်သွားတော့ လူက ဆက်ထိုင်ဖို့ သိပ်မရဲတော့ဘူး။ 

“ဘာလိုက်ကြည့်နေတာလဲ။ အဲ့ဒီအဖိုးကြီးကို ထားလိုက်စမ်းပါ။ မင်း စားစရာရှိတာကိုသာ စား”

“နေပါဦး၊ ဘာလို့ ကျုပ်ကို ဒီလို ကိုယ်တိုင် ချက်ကျွေးတာလဲ”

“မင်းက တို့ကို စိုးရိမ်ပေးလို့လေ။ တို့အတွက်နဲ့ သွေးမြေကျရဲလို့ပေါ့”

“သုဇာတာလို ပြည်သူချစ် မင်းသမီးတစ်ယောက်အတွက် ကျုပ်လိုကောင်က သွေးမြေကျပေးတာ ထူးဆန်းလို့လား”

“ထူးဆန်းတာပေါ့။ တို့သိသလောက်၊ တို့အတွက် ဘယ်သူမှ သွေးမြေမကျပေးဖူးသေးဘူး”

“ထားလိုက်ပါ သုဇာတာရာ၊ မေ့လိုက်ပါ”

“မေ့လို့ကို မရတော့တာ ကိုလူပျို။ တို့က ဉာဏ်သိပ်မကောင်းပေမဲ့ တစ်ခုခုဆိုရင်တော့ စွဲနေအောင်ကို မှတ်မိနေတတ်တာ” 

သူက ခပ်အေးအေးပြောပေမဲ့ လူမှာတော့ နားထင်မှာစီးနေတဲ့ သွေးတွေတောင် ရပ်တန့်ကုန်လား မှတ်ရတယ်။ စိတ်မောလာလို့ သက်ပြင်းတောင် ချရတဲ့အထိ။ ] 

စာချစ်သူရဲ့ ရင်ထဲကို စူးနင့်နေအောင် ဝင်ရောက်သွားမယ့် ဒီဝတ္ထုလေးကို ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။ 

………….

နောက်တစ်အုပ်က  -

စာချစ်သူဖတ်ဖို့ >>> ပန်းပေမို့ … ကြွေမှာစိုးတယ်လေ

စာရေးသူက - - - - - ချစ်ခြင်းမေတ္တာဦးစားပေး ဝတ္ထုတွေကို ရေးသားလေ့ရှိသူ စာရေးဆရာမ မိုးစက်ပွင့်

ဖတ်ညွှန်းတို - ဝတ္ထုလေးကတော့ ခပ်ဆန်းဆန်းပါပဲ။ LGBT တစ်ယောက်ရဲ့ ခံယူချက်နဲ့ အမြင်တွေဘက်ကနေ ရေးပြထားတာကို တွေ့ရလိမ့်မယ်။ အဓိကဇာတ်ဆောင်က ‘ယုယ’ ဆိုတဲ့ ကောင်မလေးကို လက်ထပ်ဖို့ထိ ရည်ရွယ်ပြီး ချစ်နေတဲ့ Lesbian မိန်းကလေး။ သူ့ရဲ့ မိဘတွေက တားမရလို့ နောက်ဆုံးမှာ လက်ထပ်ခွင့် ပေးလိုက်ပြီးနောက်၊ သူနဲ့ ယုယတို့ရဲ့ relationship ကို ပြောင်းလဲသွားစေမယ့်သူက ‘သရနောင်’ ဆိုတဲ့ ယောက်ျားတစ်ယောက်။ 

“ခွန်းက ကိုယ့်ရင်ထဲက အမြတ်နိုးဆုံး တောင်ဝင်ပန်းကလေးတစ်ပွင့်ပါ။ ဒီပန်းကလေး ညှိုးနွမ်းသွားမှာစိုးလို့ ကိုယ်က အမြဲ ကာကွယ်နေခဲ့တဲ့ ပန်းကာဆူးပါ။ ဒါပေမဲ့ အဲဒီပန်းကို ခိုးချင်လို့ ဒီဆူးက အချိုးခံလိုက်ရတာပါ။” ( သရနောင် ) 

“နောက်ဆို ခွန်း ဘယ်တော့မှ နှင်းဆီပန်းမပန်တော့ဘူး။ သိမ်းထားစရာ ပန်းပွင့်တွေ များလာရင် တယုတယ တန်ဖိုးမထားတော့မှာ စိုးလို့။ အဲဒါကြောင့် ဒီပန်းက ခွန်းခေါင်းမှာ နောက်ဆုံးအကြိမ် ခစားခွင့်ရတဲ့ ပန်းပဲ။ ပထမဦးဆုံးပန်တဲ့ နှင်းဆီနဲ့ နောက်ဆုံးပန်တဲ့ နှင်းဆီ … နှစ်ပွင့်စလုံး ‘ကို’ ပဲ ပိုင်တယ်။” ( ခွန်းဆင့်ချို ) 

ဘယ်လို အလှည့်အပြောင်းနဲ့ ဇာတ်လမ်းမျိုးကို မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူ ဖတ်ရှုလိုက်ပါလို့ ပြောလိုက်ပါရစေ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts