ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“စာချစ်သူတိုင်းအတွက် စာရေးဆရာမ သုံးယောက်ရဲ့ ဝတ္ထုသုံးပုဒ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝတ္ထုကြိုက်တဲ့ဝန်ဇင်းစာချစ်သူများအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာသော ဝတ္ထုစာအုပ်များနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ “သစ္စာကိုသာမွမ်းမံခြယ်၍” ၊ စာရေးဆရာမ မြသန္တာရဲ့ “ဒဏ်ရာ” နဲ့ စာရေးဆရာမ နေနွယ်ဇင်မြင့်ရဲ့ “ချစ်ခြင်းသည်သာလျှင်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ ဦးစွာ မိတ်ဆက်ပေးမယ့်စာအုပ်ကတော့ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ “သစ္စာကိုသာမွမ်းမံခြယ်၍” ဆိုတဲ့ ဝတ္ထုပါပဲ။ ဒီစာအုပ်ဟာ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ ( ၂၅ ) အုပ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် ရည်ရွယ်ပြီးရေးသားထားတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်။ မိခင်ကွယ်လွန်သွားပြီးနောက် ဖခင်နဲ့အတူရဲ့ အုပ်ထိန်းမှုအောက်မှာ နေထိုင်ရင်း အမကြီးတော့ အမိရာဖြစ်သူ ‘အတာ’ ၊ သူ့အောက်က မောင်ငယ်ဖြစ်တဲ့ မိခင်ဆုံးပြီး နှစ်နှစ်အကြာမှာ ခုနစ်တန်းအဆင့်နဲ့ ကျောင်းထွက်လိုက်ရသူ ‘အကာ’ ၊ အငယ်ဆုံးလေးဖြစ်တဲ့ ‘အပါ’ … ဖခင်ဖြစ်သူက ကျောက်ကပ်မကောင်း၊ ကျန်းမာရေးညံ့စွာနဲ့ မိသားစုဝန်ကို ထမ်းထားပေးရှာပေမယ့် လုံလောက်မှုမရှိ။ ဒီ့အတွက် အစ်မဖြစ်သူ ‘အတာ’ လေးဟာ ငုံးဥပြုတ်ရောင်းရင်း မောင်နှစ်ယောက်နဲ့ ဖခင်ကို စောင့်ရှောက်ရသလို၊ ကလေးပေမဲ့ သိတတ်နားလည်မှုရှိတဲ့ ‘အကာ’ ကလည်း ရပ်ကွက်ထဲက အနှိပ်သမားတစ်ယောက်နဲ့ လိုက်သွားရင်း အနှိပ်သည်လေးအဖြစ် အစ်မ မသိအောင် ခိုးခိုးပြီး အလုပ်လုပ်နေရှာတယ်။ 

[ ကလေးတွေဆိုပေမဲ့ … 
ဘဝပေးအသိတွေကြောင့် စကားပြောကြရင် လူကြီးလေးတွေလိုပါ။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုပေမဲ့ အမိမဲ့တဲ့ သူတို့လေးတွေကတော့ သူတို့ဘဝလေးတွေ ပရမ်းပတာမဖြစ်အောင် မနိုင်တဲ့ဝန်ကိုထမ်းပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေကြရသည်ပင်။ 
အမိမဲ့သား ရေနည်းငါးလို မေတ္တာရေစင် ခန်းခြောက်နေသည့်ဘဝလေးမှာ၊ ကလေးက ကလေးအသိနဲ့တော့ တစ်ဦးကိုတစ်ဦး ရွှေမေတ္တာမိုးကြီး ဝေါခနဲ မရွာသွန်းနိုင်သည့်တိုင် သပြေခက်နှင့်တော့ ရေစက်တွေ ခါထုတ်ပေးနေကြသည်သာ။ ]

ဒီဝတ္ထုလေးဟာ ဖတ်ရှုနေကြ ချစ်ကြိုက်ကွဲညားဇာတ်လမ်းတွေမျိုး တွေ့မြင်ရမှာ မဟုတ်ဘဲ၊ တကယ့် အပြင်မှာ လက်တွေ့မြင်တွေ့ရနိုင်တဲ့ အခြေခံလူတန်းစား မိသားစုဘဝကို တည်မှီထားပြီး သံယောဇဉ်၊ မေတ္တာနဲ့ အချစ်အလွမ်းတို့ကို သမမျှတစွာ ရေးဖွဲ့ထားတာမို့ ဝန်ဇင်းစာချစ်သူတို့ နှစ်သက်မှာ သေချာပါတယ်။ ဒါကြောင့် ဖတ်ရှုမယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 

၂။ စာရေးဆရာမ မြသန္တာရဲ့ “ဒဏ်ရာ” ဆိုတဲ့ စာအုပ်ကတော့ … [ တကယ်တော့ စံထားဦးဆိုတဲ့ မိန်းမဟာ ဘဝပေး ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသော ပြဿနာကို ခေါင်းငုံ့အရှုံးပေးပြီး အဆိပ်မရှိသော သတ္တဝါတစ်ကောင်ကဲ့သို့ ခေါင်းငုံ့သျှိုးနေလျှင် နာမည်တစ်ခုနှင့်သာ မိမိအား လူအများ အထင်သေးပေလိမ့်မည်။ 
ယခုတော့ လူအများရွံရှာမုန်းတီးမှုကို ရင်ကော့၍ လှံဖျားတည့်တည့် တိုးဝင်၍ အစူးခံခဲ့ပြီး နာမည်ဆိုးကို မိမိကိုယ်တိုင် ရယူခဲ့သည်။ မိမိအဖို့တော့ ဘာမျှ ထူးမသွားဘဲ လောကကို အရွဲ့တိုက်ခဲ့သည်မှာ တပျော်တပါးနှင့် ကျေနပ်အားရလို့လေ … ။ မိမိလုပ်ရပ်များက သမီးလေး ပိုးအိစံအပေါ်မှာ ထိခိုက်နာကျင်သွားနိုင်ကြောင်း တစ်ခါမှ မစဉ်းစားခဲ့ပေ။ ] 

အသက် ၂၁ နှစ်အရွယ် သမီးချောလေးဖြစ်သူ “ပိုးအိစံ” ရဲ့ အချစ်ကိုခံစားတတ်တဲ့ နှလုံးသားဟာ မိဘတို့ရဲ့ အတိတ်မှာ ပတ်သက်ဆက်နွယ်ခဲ့သူတို့ရဲ့ အငြိုးကလဲ့စားချေလိုမှုကြောင့် ဆွေးမြေ့ဖွယ်ရာ ကွဲအက်ခဲ့ရတယ်။ စိတ်ထားနူးညံ့ဖြူစင်သူဖြစ်တဲ့အတိုင်း ပိုးအိစံဟာ သူမရဲ့ ပစ္စုပ္ပန်လင်းရောင်ခြည်ကို အတိတ်က အရပ်ဆိုး ဖုံးကွယ်လိုက်ပေမယ့် အပြုံးမပျက်ခဲ့သူ။ သမီးရဲ့ ခွင့်လွှတ်နားလည်မှုအပေါ်မှာ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဖြစ်ကြသူက မိခင် ‘ဒေါ်စံထားဦး’ … အချစ်မေတ္တာ၊ နားလည်ခွင့်လွှတ်မှုနဲ့ လူတွေမှာဖြစ်လေ့ရှိတဲ့ မာန အာဃာတတို့ကို သရုပ်ဖော်ထားတဲ့ ဒီဝတ္ထုဟာ ဝန်ဇင်းစာချစ်သူများအတွက် ဖတ်စရာ ဝတ္ထုကောင်းတစ်အုပ် ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဖတ်ရှုမယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလို့ရပါပြီလို့ ပြောပါရစေခင်ဗျ။ 

၃။ နောက်ဆုံးမိတ်ဆက်မယ့် စာအုပ်ဖြစ်တဲ့ စာရေးဆရာမ နေနွယ်ဇင်မြင့်ရဲ့ “ချစ်ခြင်းသည်သာလျှင်” ဝတ္ထုထဲမှာတော့ …  မိမိတို့မိသားစုအတွက် ရန်သူသဖွယ်ဖြစ်သူရဲ့ သေရေးရှင်ရေးဖြစ်ချိန်မှာ မိမိရဲ့ သွေးဖြင့် အသက်ဆက် ကယ်ဆယ်ခဲ့တဲ့ “သက်” ၊ ငယ်သူငယ်ချင်းကြီးတွေဖြစ်ကြတဲ့ သက် နဲ့ “တာတာ” တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပီပီ သက် ရဲ့ သွေးလျှူချင်တဲ့ဆန္ဒကို ဆရာဝန်မလေးဖြစ်တဲ့ တာတာက ကူညီခဲ့တယ်။ 

[ “သက်ရဲ့ စိတ်စေတနာ၊ ကြီးမားမြင့်မြတ်မှုကို ကိုယ်တစ်သက်လုံး ချီးကျုးနေတော့မယ်၊ ဝမ်းသာတယ်သူငယ်ချင်း …”
“အစကတော့ မသိဘဲ လှူမယ်လို့ပြောလိုက်တာ၊ ပြီးမှ သူမှန်း သိလိုက်ပေမဲ့ လှူဖြစ်သွားတာဟာ ပျော်စရာပဲပေါ့နော်”
“ဒါပေါ့ .. ဒါပေါ့ … သူ့အမေကြီးက သူ့သားဟာ သွေးတစ်ပုလင်းကြောင့် အသက်ရှင်ခွင့်ရသွားတယ်ဆိုလို့ ကျေးဇူးရှင်ဘယ်မလဲ၊ အသက်သခင်ဘယ်မလဲ မေးနေတယ်” 
“အို … မတွေ့ချင်ပါဘူး”
“ကိုယ်ထည်းထင်တယ်၊ တွေ့ချင်မှာ မဟုတ်ဘူးလို့ … အရေးပေါ်ကို သူ့အကြောင်းနဲ့သူ ရောက်လာတဲ့ ဧည့်သည်အမျိုးသမီးတစ်ယောက်ပါလို့ … ပြန်သွားပြီဆိုတော့ ဘယ်ကလဲ ဘယ်သူလဲ ပိုက်ဆံဘယ်လောက်ကန်တော့ရမလဲ လုပ်နေတယ်” 
သက် မျက်နှာလေး ယဲ့ယဲ့မဲ့သည်။ ] 

ကဲ … စာမြည်းလေးနည်းနည်း ဖော်ပြသွားပြီးတဲ့နောက်၊ ဒီဝတ္ထုဇာတ်လမ်းက ဘယ်လိုဘယ်ပုံ ဆက်ဖြစ်မလဲ သိချင်တယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
 

Related Posts