ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဆရာမြသန်းတင့်ရဲ့ နိုင်ငံရေးအတွေးအမြင်တွေကို လေ့လာနိုင်မယ့် ပင်ကိုရေးဝတ္ထုတစ်ပုဒ်”

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ ဆရာမြသန်းတင့်ရဲ့ စာဖတ်ပရိသတ်တွေ အခိုင်အမာရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဘာသာပြန်တင်မက ဆရာ့ရဲ့ ပင်ကိုရေးဝတ္ထုတွေကိုပါ ကြိုက်နှစ်သက်တယ်ဆိုရင် အခုမိတ်ဆက်မယ့် စာအုပ်လေးကိုလည်း ဖတ်ရှုသင့်ပါတယ်ခင်ဗျ။  အဲ့ဒီစာအုပ်ကတော့ “နှင်းနု” ဆိုတဲ့ ဝတ္ထုပါပဲ။ ဆရာမြရဲ့ ပင်ကိုရေးလက်ရာကောင်းတွေထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ ဆရာ့ရဲ့ နိုင်ငံရေးအမြင်တွေကိုပါ လေ့လာနိုင်မယ့် ပင်ကိုရေးဝတ္ထုတစ်ပုဒ်လို့ ဆိုရမှာပါ။ 

[ ရန်ကုန်ကား တောလိုမဟုတ်။ အသစ်အဆန်းပေါ်လျှင် လုပ်ပစ်ကြ၏။ ပျော်ပစ်လိုက်ကြ၏။ ရန်ကုန်လူထုမှာ တောလူထုလောက် စစ်ဒဏ်ကို မခံရ။ ဗုံးကြဲစဉ်က ခံလိုက်ရသည့်ဒဏ်နှင့် အင်္ဂလိပ် ဗုံးဒဏ်လေးလောက်ပင် ရှိသည်။ တောမှာကား ဗုံးကြဲခံရ၏။ လှည်းအဆွဲခံ၊ ချွေးတပ်အဆွဲခံရသေး၏။ ] ( စာအုပ်မှ - )

မြန်မာ့နိုင်ငံရေးအခြေအနေ မငြိမ်မသက်တဲ့ကာလ၊ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ အင်္ဂလိပ်အစိုးရကို မဟာမိတ်အဖြစ် အသိအမှတ်ပြုထားပြီးနောက် အင်္ဂလိပ်စစ်တပ်က နိုင်ငံရေးသမားမှန်သမျှ၊ သခင် မျိုးချစ်ပုဂ္ဂိုလ်တွေပါမကျန် အကုန်လိုက်ဖမ်းနေချိန်ကို ဝတ္ထုနောက်ခံအဖြစ် ထည့်သွင်းထားတယ်။ 

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေးတိုက်ပွဲတိုင်းမှာ ကျရာနေရာက ပါဝင်ခဲ့တဲ့၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ရာမှာ တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက်ဖြစ်တာမို့ ဗမာပြည်ကို ခြေကုပ်ယူဖို့ ပြန်ဝင်လာတဲ့ ဗြိတိသျှတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသူ နိုင်ငံရေးသမား ‘ကိုထွန်းလင်း’ ။ 

“နိုင်ငံရေးမှာက တိုက်ရမယ်ဗျ၊ နိုင်ငံရေးနယ်ပယ်မှာက တစ်ဖက်က အုပ်စိုးသူနဲ့ အုပ်စိုးခံသူ လူတန်းစားရယ်လို့ ရှိကြတဲ့အထဲမှာ အင်အားစု တစ်ခုခုဟာရှိတယ်။ ဒါမှ နိုင်ငံရေးခေါ်နိုင်တယ်။ နိုင်ငံရေးဆိုပြီး လမ်းပြင်တာတို့၊ ရေတွင်းတူးတာတို့၊ သီချင်းစပ်တာတို့က နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်နဲ့ မပတ်သက်ဘူး”

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှာ အစ်ကိုဖြစ်သူ ကျသွားပြီးနောက် မိဘနှစ်ပါးနဲ့အတူ ဘဝကို ရုန်းကန်နေထိုင်ရင်း ကိုထွန်းလင်းရဲ့ နိုင်ငံရေးအယူအဆ သဘောထားအမြင်များကို လက်ခံလာပြီး လွတ်လပ်ရေးတိုက်ပွဲတွေမှာ တော်လှန်ရေးသမား ရဲဘော်မတစ်ဦးအဖြစ် ပါဝင်လာသူ ‘နှင်းနု’ ။ 

နိုင်ငံရေးသမား ကိုထွန်းလင်းရဲ့ သူငယ်ချင်းဖြစ်သူ မိတ္ထီလာမှာ တာဝန်ကျနေတဲ့ စစ်တပ်ဆရာဝန် ကပ္ပတိန်တင်ထွန်း၊ ကပ္ပတိန်ရဲ့ညီမ - ကိုထွန်းလင်းရဲ့ အဆုတ်ရောဂါကို ကုသပေးခဲ့ပြီး ကိုထွန်းလင်းကို နိုင်ငံရေးနယ်ပယ်မှ ထွက်ရန် မျှော်လင့်မိသူ ‘မမြဆွေ’  … စတဲ့သူတွေနဲ့ ဇာတ်အိမ်ကို ဖွဲ့တည်ထားတယ်။
 
“ခက်တာက လူတွေက နိုင်ငံရေးကို နားမလည်ဘူး။ နိုင်ငံရေးဆိုတာဟာ လူတန်းစားတစ်ရပ်နဲ့တစ်ရပ် တိုက်တဲ့ တိုက်ပွဲကိုမှ နိုင်ငံရေးလို့ခေါ်နိုင်တယ်။ လယ်သမားက သက်သာချောင်ချိရေးမြေရှင်ကို တိုက်တယ်။ အလုပ်သမားက သူ လူတန်းစေ့ဖို့အတွက် အလုပ်ရှင်ကို တိုက်တယ်။ ရာဇဝင်အစဉ်အဆက်မှာ ဒီလို လူတန်းစားတွေတိုက်တဲ့ တိုက်ပွဲတွေချည်းပဲ”

ဒီဝတ္ထုဟာ နယ်ချဲ့ဝါဒကို အမြစ်တွယ်ဖို့ ရည်ရွယ်ပြီး တိုက်တဲ့တိုက်ပွဲနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်တဲ့တိုက်ပွဲနှစ်ခုကြား ပဋိပက္ခကို ရုပ်လုံးဖော်ထားသလို ကိုထွန်းလင်းနဲ့ နှင်းနုတို့အကြား သန့်ရှင်းဖြူစင်တဲ့ မေတ္တာတရား၊ ကိုထွန်းလင်းအပေါ် ကရုဏာသက်ဝင်နေတဲ့ မမြဆွေရဲ့ ပုံရိပ်တို့ကို ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုဟာ ပင်ကိုရေးဝတ္ထုတွေကို ကြိုက်နှစ်သက်သူတိုင်း လက်မလွှတ်သင့်ပါဘူး။ 

ဒါကြောင့် … ဆရာမြရဲ့ စာဖတ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 
…….
ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်၊ ပင်ကိုရေး၊ ဝတ္ထုတို / ရှည် စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 






Related Posts