ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …
နှစ်ကူးအတာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်းမှာ ဝန်ဇင်းစာချစ်သူများဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေရှိပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာမ ရှင်မြတ်နိုးရဲ့ “ချစ်သူလေးရဲ့နန်းတော်” ၊ စာရေးဆရာကြီး သာဓုရဲ့ “အနုဝင်္ကပါ" နဲ့ စာရေးဆရာချစ်ဦးညိုရဲ့ “မြို့မငြိမ်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း” စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ ) 
ဦးစွာအနေနဲ့ စာရေးဆရာမ ရှင်မြတ်နိုးရဲ့ “ချစ်သူလေးရဲ့နန်းတော်” ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီစာအုပ်ထဲမှာ အဒေါ်အပျိုကြီးနှစ်ယောက်ရဲ့ တစ်ဦးတည်းသော နေမလောင် မီးမခ ခံခဲ့ရသည့် တူမလေး ‘မြား’။ ပူပင်သောကဆိုတာ ဘယ်မင်းသားနာမည်လဲလို့ မေးယူရလောက်အောင် စိတ်ချမ်းသာစွာ နေထိုင်ခဲ့ရသူ ‘မြား’ ကို အဒေါ်အပျိုကြီးနှစ်ယောက်က ကြင်ယာဘက် ရွေးပေးကြတယ်။ UFL ( နိုင်ငံခြားဘာသာသင်တက္ကသိုလ် ) ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ မြား ဟာ ခေတ်ဆန်ဆန် နေထိုင်တတ်သလို သူသဘောကျမည့်သူကလည်း သူမလို ခေတ်ဆန်ဆန်၊ အန်းဒိတ်ပုံတုံး မဖြစ်စေရတဲ့။ သို့သော်

“ယောက်ျားဆိုတဲ့ သတ္တဝါက ဘယ်တော့မှ မယုံရဘူး၊ အိုင်တွေ့လို့ ခြေမဆေးတောင် ခြေဖျားလေးတော့ ခတ်သွားချင်တဲ့လူချည်းပဲ၊ လစ်ရင်ဦးမယ်၊ မချောင်ရင်တောင်းမယ်ဆိုတဲ့အထဲ ယောက်ျားကထိပ်ဆုံး၊ ဒါကြောင့် ရည်းစားထားဖို့ စိတ်မကူးနဲ့၊ ရည်းစားထားစရာ ချစ်စရာမလိုဘူး၊ အဲ့ဒါတွေရဲ့ နိဂုံးက အိမ်ထောင်ပြုတာပဲ” စတဲ့ အဒေါ်အပျိုကြီးတွေရဲ့ အချစ်နဲ့အိမ်ထောင်ရေးဋီကာကို နားရည်ဝနေတဲ့ မြား တစ်ယောက် … သူတို့တစ်သိုက် မထင်မှတ်ထားတဲ့ ယောက်ျားပျို တစ်ဦးနဲ့ ဆုံတွေ့ကြချိန်မှာတော့ … ဘယ်လိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းမျိုးတွေ ပေါ်ပေါက်လာမလဲဆိုတာ စာချစ်သူများ ဖတ်ရှုခံစားကြပါဦးခင်ဗျာ။

( ၂ )
ဒုတိယ မိတ်ဆက်ပေးမှာကတော့ စာရေးဆရာကြီး သာဓုရေးသားတဲ့ “အနုဝင်္ကပါ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ ၁၉၈၄ ခုနှစ်တဝိုက်က ချယ်ရီမဂ္ဂဇင်းမှာ ဆရာကြီးသာဓုရေးသားခဲတဲ့ ကိုယ်တွေ့ဆောင်းပါးတွေပါဝင်ပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါက “အနုပညာလောက” အကြောင်းကို ဆရာသာဓုက သူ့ရဲ့ ဟန်အတိုင်း ပြောချင်တာကို ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ ရေးသား တေင်ပြထားသလို အမြင်မတည့်တာတွေကိုလည်း ဒိုးဒိုးဒေါက်ဒေါက်နဲ့ ပြောဆိုထားတာတွေကို ဖတ်ရှုရမှာပါ။

ကျွန်တော်တို့ဟာ အနုပညာဆိုတာနဲ့ မကင်းကြပါဘူး။ အနီးစပ်ဆုံးဆိုရရင် တီဗီဇာတ်လမ်းနဲ့ ကြော်ငြာတွေကအစ မြန်မာ့ရုပ်ရှင်အဆုံးထိဟာ ကျွန်တော်တို့နဲ့ နေ့စဉ် ထိတွေ့မှုအများဆုံး အနုပညာလောကပါပဲ။ ဒီထဲမှာ အနုပညာရှင်တွေ၊ သူတို့အကြောင်းနဲ့ သူတို့ကျင်လည်တဲ့ အနုပညာပတ်ဝန်းကျင်အကြောင်းကို စိတ်ဝင်စားသူတွေလည်း များကြပါတယ်။ ဒီလို အနုပညာလောကကို စိတ်ဝင်စားသူတွေသာမက အနုပညာနယ်ပယ်ထဲက လူတွေပါ ဖတ်ကိုဖတ်ရှုသင့်တဲ့ စာအုပ်ကတော့ အခုမိတ်ဆက်လိုက်တဲ “အနုဝင်္ကပါ” ဆိုတဲ့ စာအုပ်ပါပဲ။

ဒီစာအုပ်ထဲမှာ ဆရာကြီးသာဓုက အနုပညာလောကသား အားလုံးအတွက် သတိပြုစရာ၊ ဆင်ခြင်စရာတွေကို ထုတ်ပြထားတယ်။ အနုပညာဝါသနာကြီးတဲ့ လူငယ်တွေအတွက်လည်း ဆောင်ရန်ရှောင်ရန်တွေ ညွှန်ပြထားတယ်။ ဒါတင်မက အနုပညာလောကရဲ့ အယုတ္တမာများ၊ ကောက်ကျစ်ယုတ်မာရိုင်းပျ ပက်စက်သော လူမဆန်သည့် အပြုအမူများကိုပါ ပယ်ပယ်နယ်နယ်၊ ရှင်းရှင်းပြတ်ပြတ်၊ ပီပီပြင်ပြင် ဖွင့်ချဖော်ထုတ်ထားတယ်လို့ စာရေးဆရာကြီးအောင်ပြည့်က သူု့ရဲ့အမှာစာမှာဆိုထားတယ်။ ကဲ .. ဒီတော့ ယခင်က အနုပညာလောကအကြောင်းကို လေ့လာပြီး ပစ္စုပ္ပန်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်လိုသူတွေအဖို့ ဒီစာအုပ်ကို လက်လွတ်မခံ ဖတ်ရှုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

( ၃ ) 
နောက်ဆုံးမိတ်ဆက်ပေးမှာကတော့ စာရေးဆရာချစ်ဦးညိုရဲ့ “မြို့မငြိမ်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ စာအုပ်ပါပဲ။ ဂီတခံစားတတ်သူတိုင်း ရင်ထဲကျန်နေခဲ့အောင် တေးသီဖွဲ့နွဲ့နိုင်ခဲ့သူ မြို့မငြိမ်းရဲ့ တေးသီချင်းတွေအပေါ် ဆရာချစ်ဦးညိုက ပြန်လည်ခံစားရေးဖွဲ့ထားတဲ့ စာစုတွေကို ဒီစာအုပ်ထဲမှာ အပြည့်အစုံ လေ့လာခွင့်ရမှာပါ။

“အနုပညာပစ္စည်းတစ်ခုကို ဖန်တီးထုတ်လုပ်သော အလုပ်ဖြစ်စဉ်သည် မလွယ်ကူပါ။ ခက်ပါသည်။ ထိုအနုပညာပစ္စည်းကို ဝေဖန်သုံးသပ်ခြင်းမှာလည်း မလွယ်ပါ၊ ခက်ပါသည်။ သူ့နယ်နှင့် သူ့အဆင့်တိုင်း အဆင့်တိုင်းမှာ စာဖြင့်၊ စကားဖြင့် ဖော်ထုတ်ဖွင့်ဆိုဖို့ ဆိုသည်မှာလည်း အတော်ကြိုးစားယူရသော အလုပ်ဖြစ်လေသည်” လို့ ဆရာချစ်ဦးညိုက အမှာစာမှာဆိုထားပါတယ်။ ဆရာ့အနေနဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့၊ ယခုလည်း အောင်မြင်နေဆဲဖြစ်တဲ့ ဆရာကြီး မြို့မငြိမ်းရဲ့ တေးသီချင်းတွေအပေါ် ဘယ်လိုခံစားဝေဖန်ထားသလဲဆိုတာသိရအောင် ဒီစာအုပ်လေးကိုလည်း ဖတ်ရှုကြပါဦးလို့ ထပ်မံမိတ်ဆက်ရင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ကဲ … ဒါဆိုရင် ခုလို စိတ်ဝင်တစားဖတ်ရှုရမယ့် စာအုပ်ကောင်းတွေကို ဝန်ဇင်းစာချစ်သူများအနေနဲ့ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 


Related Posts