ယနေ့အတွက် ဖတ်စရာကဏ္ဍ


“သိုင်းလောက၏ စိန်ခေါ်သံ စာစဉ် ( ၄ ) ကို ဝန်ဇင်းတွင် ဆက်လက်ဖတ်ရှုနိုင်ပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှ သိုင်းဝတ္ထုချစ်သူများအနေဖြင့် စာရေးဆရာတက္ကသိုလ်နေလင်းအောင်ရဲ့ စာအုပ်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ခုမိတ်ဆက်မယ့် စာအုပ်ကိုလည်း ရွေးချယ်သင့်ပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ “သိုင်းလောက၏ စိန်ခေါ်သံ” စာစဉ် ( ၄ ) ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ စာစဉ် ( ၁ ) မှ ( ၃ ) အထိ တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျ။ 

ဒီစာအုပ်ဟာ ‘Xiao Ao Jiang Hu by Jin Yong’ ကို စာရေးဆရာ တက္ကသိုလ်နေလင်းအောင်က ဘာသာပြန်ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ အစမှာတော့ ၁၉၆၇ ခုနှစ် ဧပြီလမှစပြီး ၁၉၆၉ ခုနှစ် အောက်တိုဘာလထိ နာမည်ကြီး ဟောင်ကောင်သတင်းစာဖြစ်တဲ့ “Min Pao” မှာ အခန်းဆက်သိုင်းဝတ္ထုအဖြစ် နှစ်နှစ်ကျော်ကြာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရေးသားသူကတော့ စာချစ်သူတို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ တရုတ်သိုင်းဝတ္ထုရှည်ကြီးတွေ ရေးလေ့ရှိသူ စာရေးဆရာကြီး ကျင်းရုံ ( Jin Yong ) ပဲ ဖြစ်ပါတယ်ခင်ဗျ။ သူဟာ ‘Min Pao’ နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးတဲ့ ဟောင်ကောင်ရဲ့ နာမည်အကျော်ကြားဆုံး စာရေးဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြောရမယ်ဆိုရင် ဆရာကြီးကျင်းရုံဟာ ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေသူ ဟောင်ကောင်ရဲ့ Bestseller စာရေးဆရာတစ်ယောက်လို့ ဆိုရမှာပါ။ ( ၁၉၂၄ ခုနှစ်မှာမွေးတဲ့ ကျင်းရုံဟာ အခုဆိုရင် အသက် ၉၄ နှစ်ရှိပါပြီ ) 

“နဂါးနိုင်ဓား” အပါအဝင် စာရေးဆရာကြီး ကျင်းရုံရဲ့ လက်ရာတွေဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးနဲ့ အင်ဒိုနီးရှားဘာသာတွေအထိ ဘာသာပြန်ဆိုခြင်းခံရပြီး သန်းပေါင်း ( ၁၀၀ ) ကျော် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုတွေဟာ ရုပ်ရှင်အဖြစ်သာမက တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ပြစာအုပ်များအပြင် ဗီဒီယိုဂိမ်းများအထိပါ အောင်မြင်ခဲ့တဲ့ သိုင်းဝတ္ထုရှည်တွေပဲ ဖြစ်ပါတယ်။ ‘သိုင်းလောက၏ စိန်ခေါ်သံ’ ဝတ္ထုဟာလည်း သိုင်းဝတ္ထုမကြိုက်ဘူးဆိုသူတွေတောင် နှစ်သက်လက်ခံသွားမယ့် ဝတ္ထုပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ခုမိတ်ဆက်လိုက်တဲ့ စာစဉ် ( ၄ ) ထဲမှာရော ဘယ်လိုဇာတ်လမ်းမျိုးကို ဆက်လက်ဖတ်ရှုရမလဲ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဖုန်းထဲမှတစ်ဆင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
…….
ခုလို သိုင်းစာအုပ်တွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ သိုင်းစာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts