ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာရေးဆရာမ လမင်းမိုမိုရဲ့ စာဖတ်ပရိသတ်တွေအဖို့ မိုးအေးအေးနဲ့ ဖတ်ရှုဖို့ - ဝတ္ထုတစ်အုပ်

………….
ဝန်ဇင်း စာချစ်သူတွေထဲမှာ လူတစ်ယောက်ကို အရူးအမူးချစ်ခဲ့ဖူးတယ်၊ အရာရာ သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ ပေးဆပ်ခဲ့ဖူးတယ်။ ဘဝခရီးလမ်းကို အတူလျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့ဖူးတယ်။ အဲ့လိုမျိုး ဖြတ်သန်းခဲ့ဖူးသူတွေအတွက်  ဒီနေ့ ဒီအချိန်မှာ ဝန်ဇင်းကနေ မိတ်ဆက်မယ့် စာအုပ်က ရင်ဘတ်နဲ့ ကွက်တိတော်တဲ့ ဝတ္ထု ဖြစ်သွားပါလိမ့်မယ်။ ဒီစာအုပ်ဟာ

-	ဇာတ်လမ်းအရ ဆွဲဆောင်မှုရှိပြီး
-	စိတ်လှုပ်ရှားဖွယ် ဇာတ်ကောင်တွေနဲ့အတူ
-	ထင်မှတ်မထားတဲ့ အချိုးအကွေ့တွေ ပုံဖော်သွားတဲ့

အချစ်ဝတ္ထုကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ရေးသူကတော့ ဝန်ဇင်းပရိသတ်ကြီးလည်း သိပြီး၊ ရင်းနှီးပြီးဖြစ်တဲ့ စာရေးဆရာမ လမင်းမိုမိုပဲ ဖြစ်ပါတယ်။ စာအုပ်နာမည်က

-	‘ချစ်သူလူဆိုး’  တဲ့ ခင်ဗျ …. ။ 

ဒီစာအုပ်ထဲမှာ စာဖတ်သူ မြင်နေကျမဟုတ်တဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရလိမ့်မယ်။ 

ဖခင်ဖြစ်သူရဲ့ စီးပွားရေး၊ ကုမ္ပဏီလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်တဲ့အပိုင်းအတွက် ငှားရမ်းထားတဲ့ ရှေ့နေအမျိုးသမီး - ဒေါ်နော်ဇာ ၊ ‘ဒေါ်’ တပ်ထားပေမဲ့ သူမဟာ အသက် သုံးဆယ်စွန်းစရုံသာ ရှိသေးတဲ့ မိန်းမချောတစ်ယောက်။ နောက်ကွယ်မှာတော့ လျှို့ဝှက်မှု များစွာနဲ့ ….. ။ 

ဇာတ်လမ်း စ,စချင်းမှာပဲ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို မြင့်တက်သွားစေတာက သူမဟာ စီးပွားရေးလုပ်ငန်းရှင် ဦးဘတင်ရဲ့ အကျိုးဆောင် ရှေ့နေအဖြစ် ဆောင်ရွက်တာဟာ ဦးဘတင်ရဲ့ သမီး - သျှန္ဒီတင် နဲ့ ခင်မင်ရင်းနှီးချင်လို့ ဆိုလာတဲ့ အချက်ပဲ ….. ။ 

[ “…..သျှန္ဒီတို့ လက်ထပ်ကြတော့မှာဆို…..”

“လေးငါးလ လိုပါသေးတယ်”

“လေးငါးလအလိုဆိုတာ အစစဖွင့်ပြောပြီးသား ဖြစ်သင့်တာပေါ့၊ လေးငါးနှစ် အလိုဆိုရင်တော့ တစ်မျိုးပေါ့”
 
“မနော်ဇာ” 

သျှန္ဒီ … သည်းခံနိုင်စွမ်းကုန်ကာ ဆတ်ခနဲ ထရပ်လိုက်ရင်း ခပ်ဆတ်ဆတ် တစ်ခွန်းခေါ်လိုက်မိပါသည်။ အသည်းထဲမှာ အခံရခက်လှပြီ။ တမင်ကလိနေသလား ထင်ရသည်။ သျှန္ဒီတင့် လေသံနှင့် ထရပ်လိုက်ဟန်၊ စူးစိုက်ကြည့်ဟန်တို့ကြောင့် နော်ဇာခိုင်က သက်ပြင်းတစ်ချက်ချမိကာ စိတ်အပျက်ကြီးပျက်လက် မော့ကြည့်လိုက်သည်။ 

ပြဿနာပါပဲ …. ။ မရည်ရွယ်ဘဲ ပြဿနာ အရှုပ်အထွေးရဲ့ အစတစ်ဖက်ကို ကိုယ်က စတင်ဆွဲဖော်လိုက်မိပြီပေါ့။ ရွှေကျားမင်း ဖုံးအုပ်ထားလိမ့်မည်ဟု နော်ဇာခိုင်မှ မထင်မိဘဲ။ ဒီကိစ္စဟာ ဖုံးထားလို့ရကောင်းသော ကိစ္စမျိုးမှ မဟုတ်တာဘဲ။ ဒီတော့ သိပြီးထင်ကာ နှုတ်ဖွာမိသည်။ သိပါလျှက်နှင့်၊ သူ့မှာ လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နှင့် ဆိုတာ ရိပ်မိပါလျက် ဒါကိုတော့ လျှို့ဝှက်ထားမည် မထင်မိခဲ့တာပါ။ သူ့ကို ဘာမှ ကြိုတွေးမရ။ ] 
တကယ်တော့ ရွှေကျားမင်းဆိုတာ ညှို့အားပြင်တဲ့ မျက်လုံးနဲ့ ဆွဲငင်အား ပြင်းထန်တဲ့ အပြုံးတို့ကို ပိုင်ဆိုင်ထားတဲ့ ကြောက်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့သူ ၊ ကြက်သီးထဖို့ကောင်းအောင် ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက် ….. ။

“ရှင် ထိမ်ချန်လို့လည်း မရနိုင်ဘူး။ မနော်ဇာ … ရှင့်မိန်းမ မနော်ဇာခိုင်က လောလောဆယ် ဖေဖေ့ရှေ့နေ ဖြစ်နေတယ် ရှင်သိရဲ့လား။ ကိုယ့်ကိုယ်ကို ဒုတိယမိန်းမဖြစ်လို့ ဖြစ်မှန်းမသိဘဲ ပထမမိန်းမက ကိုယ်တိုင်ကိုယ်ကျကြီး သနားသဖြင့် ဖွင့်ပြောမှ သိရတဲ့ဘဝ၊ ဒီလို အောက်ကျနောက်ကျ ဘဝမျိုး ရောက်ရလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိပါဘူး” ( သျှန္ဒီတင် ) 

သျှန္ဒီတင်ကတော့ မိန်းမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ မာန၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့အတူ ဆင်ခြင်တုံတရားတို့နဲ့ ပြည့်ဝသူ။ သဘောကောင်းတယ်၊ နူးညံ့သိမ်မွေ့တယ်၊ တစ်ခါတလေမှာတော့ တဇွတ်ထိုးဆန်ဆန် ခေါင်းမာတတ်တဲ့ စိတ်ရှိတယ်။ သူအရမ်းချစ်တဲ့ ချစ်သူဟာ တစ်ချိန်က မိန်းမရှိခဲ့ဖူးတာကို သိသွားတဲ့အခါမှာတော့ ….. ။

………….

ခု ညွှန်းဆိုလိုက်တဲ့ အချက်ကလေးတွေဟာ ဒီဝတ္ထုရဲ့ ကနဦးစ ပမာဏာမ နိဒါန်းပျိုးရုံသာသာပဲ ရှိပါသေးတယ်။ တကယ်တော့ နောက်မှာ ဒီ့ထက်ပိုပြီး စိတ်ဝင်စားဖို့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်း အဖြစ်အပျက်တွေ အများကြီး ကျန်ပါသေးတယ်။ ထင်မထားတဲ့ ဇာတ်လမ်းကို ဖတ်ရှုနေရမယ့် စာချစ်ဟာ ဒီစာအုပ်ရဲ့ ဇာတ်သိမ်းပိုင်း ရောက်ချိန်မှာတော့ … ရင်ထဲမှာ ….. ။ 

ကဲ … ဘာတွေ ဘယ်လိုရှိမလဲ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

စာအုပ်များဝယ်ယူရန် ။       ။ အခြားစာအုပ်များကိုလည်း Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။
 
ဝန်ဇင်းသတင်းစကား ။       ။ ဝန်ဇင်း၏ ယနေ့ထွက်စာအုပ်အညွှန်းကဏ္ဍကို နေ့စဉ် ည ( ၈ ) နာရီအချိန်တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

…….

ဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုစာအုပ်တွေအပြင် စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts