ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ အရာတွေအောက်မှာ ရုန်းကန် ရှင်သန်နေရသော မိန်းမသားတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ဖွဲ့ဆိုထားသော လုံးချင်းဝတ္ထုကောင်းတစ်ပုဒ်” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများထဲမှ လုံးချင်းဝတ္ထုကောင်းကောင်း ဖတ်ရှုခံစားချင်သူများအတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ မြပုလဲခင်ရဲ့ “ပန်းရာဇဝင်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုထဲမှာ စာရေးသူက မိန်းမသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြုပြင်ပြောင်းလဲလို့မရတဲ့ အရာတွေအောက်မှာ နှစ်မြှုပ်လိုက်ရင်း မွန်းသိပ်စွာ ထွက်ပေါ်လာတဲ့ နှလုံးသားခံစားချက်တွေနဲ့ အပြိုင်အဆိုင် ရေးဖွဲ့ထားတယ်။ 

“ယောက်ျားတွေက ကိုယ်,ကိုယ်တိုင်က ဘယ်လောက်ပဲရှုပ်ရှုပ်ပွေပွေ ကိုယ်ယူမယ့် မိန်းမတစ်ယောက်ကတော့ ကမ္ဘာပေါ်မှာ အသန့်စင်ဆုံး အဖြူစင်ဆုံး ဖြစ်စေချင်တတ်ကြတာ ယောက်ျားတိုင်းရဲ့ အတ္တဆန်သော သဘာဝတစ်ခုပဲ၊ ဒါပေမဲ့ ရင့်ကျက်တဲ့ ယောက်ျားတွေကျတော့ ခွင့်လွှတ်ခြင်း သဘောထားကြီးခြင်းဆိုတဲ့ ပါရမီတွေ ပါလာတတ်ပါတယ်” ( ဝဏ္ဏ ) 

“ကျွန်တော် သက်မွန်ပါလို့ပြောလိုက်တော့လေ၊ ငါ့ရင်ထဲ ဘယ်လိုခံစားသွားရမှန်းကို မသိဘူး။ ဒီအမည်လေးဟာ ငါဝတ္ထုဖတ်စကာလမှာ စဖတ်ပြီး ဘယ်အခါပဲ ပြန်ဖတ်ဖတ် မျက်ရည်ကျပြီး တမြေ့မြေ့ခံစားအောင် ဖန်တီးလိုက်တဲ့ ‘နှောင်းတမြေ့မြေ့’ ဝတ္ထုထဲက လေးစားမြတ်နိုးစရာကောင်းတဲ့ ဇာတ်ကောင်ရဲ့အမည်လည်း ဖြစ်နေတယ်လေ” ( ငုဝါရင် ) 

“မင်းဟာ ဘာနဲ့တူသလဲဆိုတော့ When poverty comes in at the doors, love leaps out at the window တဲ့လေ၊ ဟင်း .. ဟင်း .. မင်းအတွက်က ဒါပဲ၊ မင်းရဲ့အချစ်ဦးကို ချစ်ခဲ့တဲ့အချစ်ဟာ ဆင်းရဲခြင်းသာ ဝင်မလာခဲ့ရင် မင်းအချစ်ဟာ ပြတင်းပေါက်က ခုန်ချထွက်ပြေးသွားမှာ မဟုတ်ပါဘူး .. အဓွန့်ရှည်သွားမှာပါ” ( သက်မွန် ) 

“ယောက်ျားတွေဟာ အချစ်မှာ အတ္တကြီးကြတယ်၊ အချို့သော ယောက်ျားတွေမှာကျတော့ သူတို့က ဘယ်လောက်ပွေပွေရှုပ်ရှုပ် သူယူမယ့် မိန်းမမျိုးကျတော့ ပြစ်မျိုးမှဲ့မထင် မိန်းမသားမျိုးကိုမှ လိုချင်တတ်ကြတာမျိုးလဲ ရှိတာပေါ့ကွယ်၊ ဘာပဲပြောပြော အမေတို့ မိန်းမသားတွေ ဘဝကတော့ ပန်းလေးတစ်ပွင့်လိုပဲ လန်းဆန်းနေမှ တန်ဖိုးရှိတာမျိုးဖြစ်နေတယ်” ( ….. ) 

လူကြီးလူကောင်းဆန်ပြီး နွေးထွေးသိမ်မွေ့တဲ့ ‘သက်မွန်’ ကို မေတ္တာသက်ဝင် ချစ်စိတ်ယိုဖိတ်ခဲ့ပေမယ့် တစ်ဖက်က ဖွင့်ပြောလာသည့်တိုင် အချစ်မြှားရဲ့ လေးညို့သံကို ခံနိုင်စွမ်းမရှိသော်လည်း၊ မိမိရဲ့ စိတ်ခံစားချက်တွေကို တစ်ချိန်က အတိတ်ဖြစ်ရပ်တစ်ခုနဲ့ အပြစ်ပေးချုပ်နှောင်ထားတဲ့ မိန်းကလေး - ‘ငုဝါရင်’

အတိတ်ကဘယ်လိုပဲ ကြုံခဲ့ကြုံခဲ့ ပစ္စုပ္ပန်ကို ပိုပြီး တန်ဖိုးထားတတ်၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ငုဝါ ရဲ့ ရင်ခုန်သံတွေကို ချည်နှောင်နိုင်ခဲ့တဲ့ သက်မွန်ဟာ သူ့ရဲ့ ယောက်ျားဆန်မှုတွေကိုရော ချစ်စိတ်နဲ့ ချည်နှောင်နိုင်ပါ့မလား … ငုဝါရဲက အတိတ်ဟာ ပစ္စုပ္ပန်ကို ဘယ်နည်းဘယ်ပုံ နှောင့်ယှက်လာဦးမလဲ … ဒီဖြစ်ရပ်တွေကို ဇာတ်လမ်းဇာတ်ကွက်ကျကျ ချိတ်ဆက်မိမိ ရေးဖွဲ့ထားတဲ့ ‘ပန်းရာဇဝင်’ ဝတ္ထုဟာ ဝတ္ထုချစ်သူများအတွက် စိတ်ကျေနပ်မှု ရရှိစေမှာ အမှန်ပါပဲ။ တစ်ခန်းပြီးတစ်ခန်း စိတ်ဝင်စားမှု တိုးမြင့်သွားမှာဖြစ်လို့ … ကဲ၊ ဆရာမ မြပုလဲခင်ပြောတဲ့ ပန်းရာဇဝင်က ဘယ်လိုမျိုးလဲဆိုတာ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ 
.…….
ခုလိုလုံးချင်းဝတ္ထု စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts