ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ရုပ်ရှင်ချစ်သူတွေ လက်လွှတ်မခံဘဲ ဖတ်ရှုသိမ်းဆည်းထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

စာဖတ်သမား၊ စာဂျပိုးတွေအနေနဲ့ စာအုပ်များ စဉ်ဆက်မပြတ် ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ကျွန်တော်တို့ဝန်ဇင်းမှ သုတ၊ ရသ၊ ဘာသာပြန် စာအုပ်ကောင်းတွေ နေ့စဉ်ထွက်ရှိလျက် ရှိပါတယ်ခင်ဗျ။ ဒီနေ့မှာလည်း ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ 

စာအုပ်အကြောင်း အညွှန်းမိတ်မဆက်ခင် ပြောပြချင်တာကတော့ ဒီစာအုပ်ကို ရုပ်ရှင်ချစ်သူတွေ လက်လွှတ်မခံ ဖတ်ရှုထားသင့်တယ် ဆိုတာပါပဲ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ ဂျူနီယို ရေးတဲ့ “ခမ်းနားသောကြေကွဲမှု” ဆိုတဲ့ ရုပ်ရှင်ခံစားမှုစာစုများကို စုစည်းထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာ The Lost Room, Up In The Air, After Life, Into The Wild, Trust, The Sleeping Dictionary စတဲ့ နာမည်ကြီးရုပ်ရှင်တွေ အပါအဝင် ရုပ်ရှင်ကားပေါင်း ( ၂၉ ) ကားအပေါ် စာရေးသူရဲ့ ခံစားမှုအမြင်တွေကို မျှဝေခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ ဒီစာအုပ်ဟာ ရုပ်ရှင်သုံးသပ်ချက်/ ရုပ်ရှင်အညွှန်းစာအုပ်လို့ ထင်မှတ်စရာပါ။ ဒါပေမဲ့ ရုပ်ရှင်မှာပါဝင်တဲ့ မင်းသားမင်းသမီးတွေ၊ သူတို့ရဲ့ သရုပ်ဆောင်မှုနဲ့ ရုပ်ရှင်ကို ဘယ်လိုဆက်တင်မျိုးနဲ့ ရိုက်ကူးထားတာ၊ ရုပ်ရှင်ရဲ့ အောင်မြင်ကျော်ကြားမှု၊ Box Office မှာ ကန်ဒေါ်လာ ဘယ်နှစ်သန်းဝင်ငွေရရှိခဲ့တာ … စတာတွေကို ဖတ်ရှုရမှာမဟုတ်ပါဘူး။ ဒါဟာ ဒီစာအုပ်ရဲ့ ထူးခြားဆန်းသစ်မှုလို့ဆိုရင် မမှားပါဘူး။ 

“ဇာတ်ကား စတင်ကြည့်ရှုကတည်းက ကျွန်မနှလုံးသားထဲ ထိုးဖောက်ဝင်သွားတဲ့ ရှုမြင်ကွင်းတွေကစလို့ အလွတ်ရတဲ့အထိ စွဲငြိသွားတဲ့ ဒိုင်ယာလော့ခ်တွေ၊ ကျွန်မအတွင်းသားထဲအထိ ထွင်းဖောက် လှိမ့်ဝင်လာတဲ့ အတက်အကျ၊ အလူးအလှိမ့် စိတ်ရောင်စုံတွေ၊ အဆုံးသတ် စာတန်းတွေ ထိုးသွားချိန်ထိ တငွေ့ငွေ့ မျောလွင့် တိုးဝင် ချင်းနင်းလာနေဆဲ နောက်ဆုံးလက်ကျန်တေးသွားကြားက အုံကြွကွန့်မြူးလာတဲ့ ကျွန်မရဲ့ စိတ်ခံစားမှု အစုစုတွေ … ဒါတွေကို အခြေတည်ကာ ပုံအောခံစား ရေးဖွဲ့ခဲ့တာပါ” ( စာအုပ်အမှာစာမှ … ) 

ဒီစာအုပ်ကို ဖတ်ရှုတဲ့အခါ ဝန်ဇင်းစာချစ်သူတွေ အနေနဲ့ ရသခံစားမှုနှစ်ရပ်ကို တစ်ပြိုင်တည်း ခံစားရပါလိမ့်မယ်။ တစ်ခုကတော့ ရုပ်ရှင်ဇာတ်လမ်းအကြောင်းနဲ့ နောက်တစ်ခုကတော့ ဒီရုပ်ရှင်တွေကို ခံစားရေးဖွဲ့ထားတဲ့ ဝတ္ထုတိုဆန်ဆန် အရေးအသားတွေပါပဲ။ 

ရုပ်ရှင်တွေကို ဝတ္ထုဆန်တဲ့ အရေးအသား ပုံဖော်မှုတွေကတစ်ဆင့် ဘယ်လိုဖတ်ရှု ခံစားရမလဲ။
ဒီစာအုပ်ဟာ စာချစ်သူတို့ရဲ့ ရုပ်ရှင်ခံစားမှုအမြင်တွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေပါလိမ့်မယ်။ 

ကဲ … ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို ငွေ ***၁၀၀၀-ကျပ်*** တည်းဖြင့် ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 

အကြောင်းအရာမျိုးစုံ တင်ပြထားတဲ့ Wun Zinn Digest ပါဝင်သော Wun Zinn app နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပါပြီလို့လည်း ပြောပါရစေ …...။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က ရုပ်ရှင်ချစ်ပရိသတ်တွေလည်း ဖြစ်တယ်၊ ရုပ်ရှင်တွေအကြောင်း ခံစားရေးဖွဲ့ထားတဲ့ စာမျိုးတွေ ဖတ်ရှုရတာ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts