ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဒုတိယကမ္ဘာစစ်ကြီး၏ အဓိကဇာတ်ကောင် တရားခံဖြစ်သူ ဟစ်တလာအကြောင်း သိထားသင့်သမျှ ]

စာအုပ်အမည် - ဟစ်တလာ
စာရေးဆရာ - လင်းယုန်မောင်မောင်

*ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - ၁,၀၀၀ ကျပ်*

ဖတ်ညွှန်း - ဒီစာအုပ်ဟာ နိုင်ငံခြားဘာသာဖြင့် ရေးထားတဲ့ စာအုပ်တစ်အုပ်ကနေ တိုက်ရိုက်ပြန်ဆိုထားတာ မဟုတ်ဘူး။ ဟစ်တလာနဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားစာအုပ် လေးငါးအုပ်နှင့်တကွ ဒုတိယ ကမ္ဘာစစ်နှင့် ဟစ်တလာအကြောင်း ရေးပြီးသား မြန်မာစာအုပ်အချို့မှ အချက်အလက်များစွာကို စုပေါင်းပြီး အထောက်အထား အကိုးအကား ခိုင်မာစွာဖြင့် ပြန်လည် ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဆရာလင်းယုန်မောင်မောင်ရဲ့ ရှင်းလင်းတဲ့ အရေးအသားဟန်နဲ့ အဓိကကျတဲ့ အကြောင်းအချက်များကို စနစ်တကျ ဖော်ပြနိုင်မှုကတော့ အထူးပြောစရာ မရှိပါဘူး။ စာဖတ်သူရဲ့ အသိထဲကို ဒက်ခနဲ ဝင်ရောက်သွားစေတဲ့ ရှင်းလင်းပြတ်သား အရေးအသား၊ သမိုင်းထဲက အဓိက ကျတဲ့ အဖြစ်အပျက်နဲ့ ဟစ်တလာရဲ့ ကောက်ကြောင်းတို့ကို ဖော်ထုတ်တင်ပြထားပုံက အရမ်းမိုက်တယ်ဆိုတာကို ဒီစာအုပ်ဖတ်ပြီးတာနဲ့ အလိုလို ဝန်ခံမိသွားပါလိမ့်မယ်။ 

ဘာအကြောင်းကြောင့် ဟစ်တလာအကြောင်း ရေးရာမှာ နိုင်ငံခြားစာအုပ်တစ်အုပ်ကို ရွေးချယ်ပြီး တိုက်ရိုက် ဘာသာပြန်ဆိုမှု မပြုသလဲ ? ဒီကိစ္စကို ဆရာက အမှာစာထဲမှာ ရှင်းလင်းထားပုံကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ခုလို ဟစ်တလာအကြောင်း ရေးသားဖြစ်တဲ့ စာအုပ်ရဲ့ ရည်ရွယ်ချက်ကို စာချစ်သူများ သိရှိနိုင်ဖို့ ဖော်ပြပါရစေ။ 

[ ရည်ရွယ်ချက်မှာ အတိုချုပ်အားဖြင့် လူသားတို့ အနှစ်နှစ်အလလ ကြိုးပမ်းတည်ဆောက်လာခဲ့ကြသော ယဉ်ကျေးမှု အနုပညာ အရပ်ရပ်တို့နှင့်တကွ ထို့ထက်ပို၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်ပေါင်း မြောက်မြားစွာ ဆုံးရှုံးပျက်ပြုန်းစေခဲ့သည့် ကမ္ဘာ့စစ်ပွဲကြီးများကို တားဆီး၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆန္ဒပြုလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ] ( လင်းယုန်မောင်မောင် ) 

၁၉၃၉ - ၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ရသော ဒုတိယကမ္ဘာစစ်ကြီးရဲ့ အဓိကဇာတ်ကောင် တရားခံ ဟစ်တလာအကြောင်း ဘာတွေ ဖတ်ရမလဲ ? ဟစ်တလာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်မှာ အထောက်အထား ခိုင်လုံလှပုံကအစ ဆိုဗီယက်ခေါင်းဆောင်ကြီး မာရှယ်စတာလင်နဲ့ အမေရိကန်သမ္မတကြီး ရုစဘဲ့တို့ကို သတ်ဖြတ်ဖို့ ဟစ်တလာအမိန့် အကြံအစည်အပြင် အခြားအခြားသော ဟစ်တလာ ဖန်တီးခဲ့တဲ့ ဖြစ်ရပ်များ၊ အကြံအစည်များနဲ့ သမိုင်းထဲက ဟစ်တလာပုံရိပ်ကို အပြည့်အဝ မြင်တွေ့ရမှာပါ။ 

ဟစ်တလာရဲ့ ဘဝ
ဟစ်တလာရဲ့ ခံယူချက်
စစ်ကြီးအတွင်း ဟစ်တလာရဲ့ လှုပ်ရှားမှု … ဘာတွေ ဘယ်လို ဖတ်ရှုရမလဲ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts