ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ ကမ္ဘာ့ဂန္ထဝင် “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထု စာအုပ်အမှတ် ( ၅ ) နှင့် အမှတ် ( ၆ ) ဆက်လက် ထွက်ရှိ ]

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူများအတွက် လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး မိတ်ဆက်တင်ပြခဲ့သော ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီး၊ “စစ်နှင့်ငြိမ်းချမ်းရေး” ရဲ့ စာအုပ် အမှတ် ( ၅ ) နှင့် စာအုပ် အမှတ် ( ၆ ) တို့ဟာဆိုရင် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ဆက်လက်ထွက်ရှိလို့လာပါပြီ။ ဝန်ဇင်းစာချစ်သူတွေအတွက် ဖတ်ရှုရ ဝန်ပေါ့အောင် ထူထဲလှတဲ့ဝတ္ထုကြီးကို ကျွန်တော်တို့ဝန်ဇင်းက အခုလို အပိုင်းများခွဲ၍ စာအုပ်တွဲများ သတ်မှတ်ပြီး စာချစ်သူများထံ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ စတင်မိတ်ဆက်ခဲ့ပါတယ်။ 

“စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ်အမှတ် ( ၁ )၊ ( ၂ )၊ ( ၃ ) နဲ့ ( ၄ ) တို့ကို ဝန်ဇင်းမှ မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ စာအုပ်လေးတွဲမှာ ( အမေ့ဥယျာဉ်စာအုပ်တိုက်ထုတ်မူအရ ) အခန်း ( ၁ ) မှ အခန်း ( ၈ ) အထိ ပါဝင်ခဲ့ပြီဖြစ်လို့ ယခု ဆက်လက်ထွက်ရှိလာတဲ့ အမှတ် ( ၅ ) နဲ့ ( ၆ ) မှာတော့ အခန်း ၉၊ ၁၀၊ ၁၁၊ ၁၂ တို့ကို ဆက်လက်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဒီဝတ္ထုကြီးကို ဆရာမြသန်းတင့် မြန်မာပြန်ဆိုခဲ့တာ စာချစ်သူတိုင်း အသိဖြစ်ပါတယ်။ စတင် မြန်မာပြန်ဆိုပြီးတဲ့အခါမှာတော့ ပုဂံစာအုပ်တိုက်ကနေ ( ၁၂ ) တွဲခွဲပြီး ထုတ်ဝေခဲ့တယ်။ ထိုသို့ထုတ်ဝေခဲ့စဉ်က “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးအပေါ် မိတ်ဆက်ရေးသားချက်ကို ဝန်ဇင်းစာချစ်သူများ ဖတ်ရှုရအောင် “တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဖွင့်ဟဝန်ခံချက်” စာအုပ်မှ အောက်ပါအတိုင်း ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ 

[ ‘စစ်နှင့်ငြိမ်းချမ်းရေး’ တွင် နပိုလီယန်၊ ရုရှားဘုရင် အလက်ဇန်ဒရာ စသည့် ဧကရာဇ်များအစ၊ နန်းတော်သား မှူးကြီးမတ်ရာ သေနာပတိများ၊ နယ်စား မြို့စားများ၊ စစ်ဗိုလ်ချုပ်များ အလယ် လယ်သမားများ အဆုံး ဇာတ်ကောင်ပေါင်း များစွာပါရှိပါသည်။ ထိုဇာတ်ဆောင်များမှာ ရာဇဝင်အစောင်စောင်ကို လှန်လှောညှိနှိုင်း၍ အသက်သွင်းထားခြင်း ဖြစ်ပါသည်။ အချစ်ဇာတ်လမ်း၌မူ ဇာတ်ကောင်သုံးဦးပါရှိပါသည်။ ၎င်းတို့မှာ မင်းသားလေး အင်ဒရေး၊ ပီယာနှင့် နာတာရှာတို့ ဖြစ်သည်။ ဆရာကြီး တော်လ်စတွိုင်းသည် ဤဇာတ်ဆောင် သုံးဦးကို ဖန်တီးရာ၌ သူ၏အစ်ကိုဖြစ်သော ဆာဂျီတော်လ်စတွိုင်းနှင့် မိမိတို့နှစ်ဦး၏ စိတ်နေသဘောထား အယူအဆတို့ကို ပေါင်းစပ်၍ အင်ဒရေးကို ဖန်တီးသည်ဟုလည်းကောင်း၊ မိမိ၏ စိတ်နေသဘောထားနှင့် အသွင်လက္ခဏာအချို့တို့ကို ထုတ်နုတ်၍ ပီယာကို အသက်သွင်းပေးသည်ဟုလည်းကောင်း၊ မိမိ၏ခယ်မတော် သူ တီတီယန်နာဘားစ်ကို ကြည့်၍ နာတာရှာကို ရွေးချယ်ခြင်းဖြစ်သည်ဟုလည်းကောင်း အဆိုရှိပါသည်။

‘စစ်နှင့်ငြိမ်းချမ်းရေး’ကို ဝေဖန်ဖွင့်ဆိုသော ကျမ်းကြီးကျမ်းငယ်များမှာ နှစ်ထောင်ထက်မနည်း ပေါ်ထွက်ခဲ့ပြီဟု ထင်ပါသည်။ အချို့သော စာပေဝေဖန်ရေးပညာရှင်ကြီးများ၊ စာရေးဆရာကြီးများကပင် ‘စစ်နှင့် ငြိမ်းချမ်းရေး’သည် ကြီးကျယ်ခမ်းနားသော ဂန္တဝင်ဝတ္ထုတစ်ပုဒ်မှန်းကို လူတိုင်းသိသော်လည်း၊ မည်သည့် အတိုင်းအတာအထိ ကြီးကျယ်ခမ်းနားကြောင်းကို သိသူကား ရှားလှပေသည် - ဟု ရေးခဲ့ရသည်အထိ ဖြစ်ပါ သည်။ ] 

ကဲ … ခုလို ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီး “စစ်နှင့်ငြိမ်းချမ်းရေး” ကို ဝန်ဇင်းက  ပြန်လည် အပိုင်းခွဲ စီစဉ်လိုက်တဲ့ စာအုပ် အမှတ် ( ၅ ) နဲ့ ( ၆ ) ကို ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဒီပို့ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော် …
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 





Related Posts