ယနေ့အတွက် ဖတ်စရာကဏ္ဍ


ဖြူစင်လှပတဲ့ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဘဝကို မထိခိုက်စေဘဲ အတ္တကင်းကင်းနဲ့ ရှင်သန်နေထိုင်စေလိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ရေးဖွဲ့ထားသော အချစ်ဝတ္ထုကောင်းတစ်ပုဒ် - အတ္တမြစ်ကဗျာ၏ မာယာအပြုံး
…….
???? စာမြည်း ????

“ကျွန်မဖြစ်ချင်တာက ဆရာဝန်လေ၊ အခု ကျွန်မဖြစ်ရတာ သရုပ်ဆောင် မင်းသမီး၊ မင်းသမီး မင်းသားကို ရုပ်ရှင်တို့ ဗီဒီယိုတို့ထဲမှာပဲ ကြည့်တာ အပျင်းပြေ အပျော်သဘောပဲလေ၊ ဝါသနာရယ်လို့ စွဲစွဲမြဲမြဲ မရှိဘူး၊ ဖြစ်ချင်တယ်လို့ တစ်ခါမှ မတောင့်တဖူးဘူး၊ လုပ်ကြည့်ရင်း ဖြစ်သွားတာကို အံ့ဩတယ်၊ ပြီးတော့ အားကစားတို့၊ ရေကူးသွားတာတို့ကို ကျွန်မ ဘယ်လိုမှ ဝါသနာမပါဘူး၊ ကျွန်မ ဝါသနာပါတာ ဟင်းကောင်းကောင်းချက်မယ်၊ သိုးမွေးထိုးမယ်၊ စာဖတ်မယ်လေ၊ ဆရာဝန်မဖြစ်တော့ စာရေးဆရာမဖြစ်ချင်တဲ့ စိတ်ရူးလေး ဝင်လာတယ်၊ အခု အားလုံး ပျောက်ကွယ်သွားပြီလေ” ( ပန်းဝေလှိုင် ) 

“လူတွေက မွေးလာပြီးကတည်းက သေရဖို့ပဲ မဟုတ်လား၊ လမ်းစရှိရင် လမ်းဆုံးရှိနေမှာပဲ၊ ကျွန်မကတော့ ကြံ့ကြံ့ခိုင်နိုင်အောင် ကြိုးစားရမှာပဲလေ၊ မမျှော်လင့်တာတွေကို အံ့သြတုန်လှုပ်ရုံအပြင် ကျွန်မ ဘာများ တတ်နိုင်ဦးမှာလဲ” ( စိမ်းလဲ့နဒီ ) 

“သူ အလှကြိုက်နိုင်လောက်အောင် လိုတာရနေတော့ ပိုကြိုက်ဖြစ်တာပေါ့၊ မိန်းကလေးတိုင်းက အလှကြိုက်တာ ဓမ္မတာပါပဲလေ။ ကျွန်တော်တော့ ဒီအိမ်မှာ ဇာတ်ဝင်ခန်းလုပ်ဖို့ တော်တော် စဉ်းစားရမယ်၊ ကျွန်တော့် ဇာတ်လိုက်မင်းသမီးကို လိုတာရ နတ်သမီးတစ်ပါးလိုတော့ မမွှမ်းနိုင်ဘူးဗျာ၊ လူ့ဘဝနဲ့ နီးစပ်တဲ့ မင်းသမီး၊ သာမန်လူထဲက လူဖြစ်တဲ့ မင်းသမီးပဲ ဖြစ်ရမယ်လေ” ( ဇွဲလူ ) 

“အရင်လူအကြောင်းကို လုံးဝမေ့ထားပြီး နှလုံးသားနဲ့ ဘဝနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ စဉ်းစားလိုက်ပါဗျာ၊ ငါ့ကို လူတစ်ယောက်ဟာ ဖန်သားပေါ်မှာ ကြည့်ပြီး မြတ်မြတ်နိုးနိုးနဲ့ စွဲလမ်းခဲ့သူ ရှိပါလား၊ ငါ့ကိုရော၊ င့ါအနုပညာကိုပါ မြတ်နိုးတဲ့သူ ရှိပါလား၊ ဒီလိုဆိုရင် ငါ့ဘဝဟာ ကိုယ်မြတ်နိုးတဲ့ အနုပညာကို လွတ်လွတ်လပ်လပ် လုပ်လို့လည်း ရမယ်၊ အရိပ်အေးမှာပဲ နားခိုလို့ရနိုင်အောင် လုံခြုံမှုပေးတဲ့ လူလည်း ဖြစ်နိုင်တယ်ဆိုတာကို ထည့်စဉ်းစားနော်” ( ကျော်ကြားဦး ) 

???? စာအုပ်အမည် - အတ္တမြစ်ကဗျာ၏ မာယာအပြုံး
✍စာရေးဆရာမ - မြသန္တာ
⏭ အနုပညာလောကကို နောက်ခံထားတဲ့ ဒီဝတ္ထုကို ဖတ်ဖို့ ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts