ယနေ့အတွက် ဖတ်စရာကဏ္ဍ


လူမှုဘဝအဖုံဖုံကို ခြုံငုံသိမြင် နားလည်ခံစားလိုသူများ ဖတ်ရှုဖို့ ဘဝရသဝတ္ထုတိုများစာအုပ်

………….

လူမှုလောက ဘဝအဖုံဖုံ ဖြစ်ရပ်အစုံစုံကို ဖတ်ရှုခံစားပြီး ရသတစ်စုံတစ်ရာ ရရှိသွားမယ့် စာအုပ်ကတော့ ဝန်ဇင်းစာချစ်သူများ ရှေ့ကို ရောက်ရှိလာပါပြီ။ အဲ့ဒီစာအုပ်ဟာ “ပခုက္ကူဦးအုံးဖေ စာပေဆုရစာအုပ်” ဖြစ်တဲ့အပြင် “အမျိုးသားစာပေဆုရ” စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ 

စာအုပ်နာမည်ကတော့ - “တွင်းကောက်ရှာသောမြွေများနှင့် အခြား ဘဝရသ ဝတ္ထုတိုများ” ပဲ ဖြစ်ပါတယ်ခင်ဗျ။ ရေးသားသူက ရသဝတ္ထုတိုလောကမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ ( ဆရာ ) ကျွန်းစဉ်မြေစောခက် ပဲ ဖြစ်ပါတယ်။ စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက်ဟာ သူ့ရဲ့ ဝတ္ထုတိုရေးသား ဖြတ်သန်းမှုဘဝနဲ့ ပတ်သက်ပြီး ခုလို ပြောပြထားတယ်။ 

“ဝတ္ထုတိုများ ရေးသားခြင်းဖြင့် လူမှုဘဝအဖုံဖုံတို့၏ ဒုက္ခသစ္စာ ပင်စည်ခက်လက်များကို ထုဆစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အာဃာတ တရားတို့၏ အစွန်းထွက်ဖြစ်ရပ်များကို လှစ်ပြသည်။ အတုယူစရာ၊  သတိထားစရာ၊ ဆင်ခြင်စရာဟူ၍ စာဖတ်သူများ၏ အသိအိမ်တွင် ခိုဝင်စေချင်သော စေတနာဆန္ဒြုဖင့် မေတ္တာရည်၍ ရေးသားခဲ့ပါသည်။” 

ဒါ့အပြင် စာရေးသူက ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာ 

-	စာရေးသူရဲ့ စာပေဖြတ်သန်းမှု ဘဝပုံရိပ်တွေကို ထင်ဟပ်နေတယ်။
-	စာရေးသူ၏ ဘဝအစိတ်အပိုင်းအချို့ရဲ့ သဘာဝပန်းချီကားများပင် ဖြစ်တယ်လို့ ဖွင့်ဟထားပါတယ်။ 


ဒီစာအုပ်ထဲမှာ တွင်းကောက်ရှာသောမြွေများ အပါအဝင် သမုဒ္ဒရာထဲက ရေချိုတွင်း၊ ဒုတိယမြစ်ကျဉ်း၏ ပဉ္စလက်ရေစီးသံ၊ လောကသစ်မှ ပုတ်ထုတ်လိုက်သည်၊ သံမေနတို့ အလွမ်းဇာတ်၊ အဖြေတူသော ပုစ္ဆာအမှားများ၊ သံယောဇဉ်တောင်တန်းပေါ်က ကောင်းကင်သစ်၊ ၅၂၈ ရင်ဘတ်နဲ့ ခရီးသွားနေသည်၊ ဆည်တဲ့ကန်သင်းပေါ်က မီးလျှံ၊ ပေးဆပ်ခြင်း အသီးအပွင့်များ၊ မေတ္တာလမ်းနှင့် မြစမ်းသီတာ၊ စစ်အတွင်းက လမ်းဒဏ်ရာ နှင့် ပြည်တွင်းစစ်မီးအတွင်းက မြေးအဘွား …. စတဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုရမှာပါ။ 

တကယ်တော့ ဘဝသရသဝတ္ထုတိုတွေဟာ စာဖတ်သူရဲ့ စိတ်ဓါတ်ရင့်ကျက်မှုကို အထောက်အကူ ဖြစ်စေတဲ့ စာပေအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ် ဘဝသရုပ်ဖော် ရသဝတ္ထုတွေ ဖတ်ရှုခြင်းဟာ 

-	ဘဝနဲ့ ပတ်သက်ပြီး အသိအမြင်သစ်တွေ ရရှိစေတယ်။ 
-	လူတွေအကြောင်း ပိုမို နားလည်လာစေတယ်။ 
-	ကိုယ်ချင်းစာစိတ်ကို တိုးမြင့်စေတယ်။ 

ဒီလို အကျိုးကျေးဇူးတွေအပြင် စာဖတ်သူအတွက် ရသခံစားမှု ပေးစွမ်းနိုင်မယ့် ဝတ္ထုတိုပေါင်း ( ၁၃ ) ပုဒ်ကို ခု မိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ ဖတ်ရှုရပါလိမ့်မယ်။ စိတ်ကူးယဉ်မဟုတ်တဲ့ လူမှုဘဝထဲက ဖြစ်ရပ်မှန် အကြောင်းအရာတွေကို ရုပ်လုံးဖော်ထားတဲ့ ဒီဝတ္ထုတိုတွေထဲမှာ ရယ်ရမောရ ပျော်ရွှင်ရတာတွေလည်း ပါတယ်၊ ပူဆွေး ငိုကြွေးရတာတွေလည်း ပါတယ်။ “အဖြစ်အပျက် အလုံးစုံတို့သည် ဘဝမှန် ပြည်သူများ၏ ပြေးလမ်းပေါ်က မိုင်တိုင်များပင် ဖြစ်ပေသည်” ဆိုပြီး စာရေးသူက တင်စားပြောဆိုထားပါတယ်။ 

ကဲ … ဝန်ဇင်းစာချစ်သူတို့ရော၊ ဘဝမှန် ပြည်သူတွေရဲ့ ပြေးလမ်းပေါ်က မိုင်တိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒီနေ့မိတ်ဆက်လိုက်တဲ့ စာအုပ်လေးကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

စာအုပ်များဝယ်ယူရန် ။       ။ အခြားစာအုပ်များကိုလည်း Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။
 
ဝန်ဇင်းသတင်းစကား ။       ။ ဝန်ဇင်း၏ ယနေ့ထွက်စာအုပ်အညွှန်းကဏ္ဍကို နေ့စဉ် ည ( ၈ ) နာရီအချိန်တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

…….

ဝတ္ထုတို စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန်၊ ဝတ္ထုရှည် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts