ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါဗျာ ...

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့ မင်းမြတ်သူရရဲ့ "ဆားပုလင်းမင်းအောင်နှင့် မိုးပျံတိမ်တိုက်"၊ မြသန္တာရဲ့ "ခံစားဖူးရင်နားလည်ပါ"၊ ဆရာမြသန်းတင့်ရဲ့ "အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ" စတဲ့ စာအုပ်များပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) 
ဦးစွာ တင်ပြချင်တာက မောင်ခေတ်ထွန်း ဘာသာပြန်တဲ့ "ကမ္ဘာကျော် နိုင်ငံတကာပုံပြင်များ" စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ Oxford University Press တိုက်ထုတ်နဲ့ English by stages စာစဉ်များ အပါအဝင် ဟောင်ကောင်၊ နော်ဝေး စတဲ့ နိုင်ငံများမှ ပုံပြင်ကောင်းများကို ရွေးချယ်ပြန်ဆိုထားပြီး ကမ္ဘာ့ပုံပြင်အချို့ကို သိမြင်နိုင်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ 

ဝက်ဝံအမြီး အဘယ့်ကြောင့် တိုနေရသနည်း၊ ပြောတိုင်းယုံလျှင် ခံရမည်ပင်၊ နွားသိုးနို့၊ အသုံးအစွဲကြီးသူ စသည်တို့ အပါအဝင် ပုံပြင်ပေါင်း ၁၀ ပုဒ်ကို စိန်ဝင်စားဖွယ် ဖတ်ရှုကြရမှာပါ။ 

( ၂ ) 
ဒုတိယမိတ်ဆက်ပေးလိုတာက စာရေးဆရာမ မြသန္တာရေးသားတဲ့ "ခံစားဖူးရင်နားလည်ပါ" ဆိုတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ပါပဲခင်ဗျ။ ဘွားအေဖြစ်သူနဲ့ အတူနေတဲ့ စိုင်းစံနောင်ဆိုတဲ့ ကောင်လေး၊ သူနဲ့အတူ လက်ထပ်မယ့် ငယ်ချစ်ဦး ပန်းပုံ့ပုံ့ဟာ မင်္ဂလာဖိတ်စာဝေပြီးချိန်မှာ ပျောက်သွားတယ်၊ ဒီအပေါ် မာနနဲ့နေတဲ့ ဘွားအေဖြစ်သူ အဘွားအံ့ဟာ သူ့ဂုဏ်သိက္ခာမကျစေလိုတဲ့အပြင် အခြားရည်ရွယ်ချက်တွေအရ ကောင်မလေးကို အပူအပြင်းရှာဖို့ မြေးဖြစ်သူကို ဖိအားပေးခိုင်းစေတယ်။ မြေးဖြစ်သူ စိုင်းနောင်ကလည်း သူကိုယ်တိုင်တောင် မရေရာတဲ့အပြင် အဘွားဖြစ်သူလည်းမသိတဲ့ အကြောင်းတွေနဲ့ ... ဒါ့အပြင် သူလက်ထပ်မှာက ဖြူနှင်းပုံ့လား ? ပန်းပုံ့ပုံ့လား ? 
ဒီဝတ္ထုထဲမှာ လူငယ်တစ်ယောက်ရဲ့ အချစ်မေတ္တာအပေါ် ခံယူချက်နဲ့ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ အတွေးအခေါ် သဘောထားတို့ကို လွန်ဆန်ရခက်သော ဘွားအေဖြစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဂရုစိုက်ရမယ့် ပတ်ဝန်းကျင်အကြား ဘယ်လို သရုပ်ဖော်တင်ပြသွားမလဲဆိုတာကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။ 

( ၃ ) 
နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ စာရေးဆရာကြီး ဆရာမြသန်းတင့်ရဲ့ အနုပညာနဲ့ပတ်သက်တဲ့ ခံယူချက်နဲ့ အယူအဆတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မယ့် "အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ" စာအုပ်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ၁၉၉၀ ဝန်းကျင်ကာလက စာပေဟောပြောပွဲ၊ အခမ်းအနားတွေမှာ ဟောပြောခဲ့တဲ့ အကြောင်းအရာတွေကို ရုပ်သံမဂ္ဂဇင်း၊ အနုပညာကြေးမုံမဂ္ဂဇင်း၊ စာကြည့်တိုက်နှင့် သုတပညာမဂ္ဂဇင်းတို့ကတစ်ဆင့် အခုလို စာအုပ်အဖြစ် စုစည်းထားတာပါ။ ဒီစာအုပ်ထဲမှာ အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ၊ ကျော်ဟိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောခဲ့သည့်စကား၊ မြစ်တစ်စင်းတွင် စီးဆင်းနေသော ရေစီးကြောင်းများ၊ ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း၊ ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း၊ လမင်းကို ထရံပေါက်မှချောင်းကြည့်ခြင်း၊ ပြည်သူ့ဥယျာဉ်စေ့စပ်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ဂရုဏာတော်သည် သင်နှင့်အတူ ရှိပါစေသော်ဝ် စတဲ့ ခေါင်းစဉ်တွေနဲ့အတူ စာပေ၊ ဂီတ၊ ပန်းချီ၊ သမိုင်းဆိုင်ရာတွေအပေါ် ဆရာမြသန်းတင့်ရဲ့ သဘောထား အယူအဆတွေကို တစ်စုတည်း သိရှိနိုင်မှာဖြစ်လို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေ။ 

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးဗျ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts