ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာညချမ်းပါခင်ဗျာ …

ဒီနေ့မှာ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ဘာသာပြန်စာရေးဆရာကြီး မောင်ထွန်းသူ ရဲ့ “တို့ယာမြေ” ဆိုတဲ့ စာအုပ်ပါပဲ။ အမေရိကန်စာရေးဆရာကြီး Erskine Preston Caldwell ရေးတဲ့ Tobacco Road ကို ဆရာမောင်ထွန်းသူက “တို့ယာမြေ” အဖြစ် ဘာသာပြန် ရေးသားထားတာပါ။ 

၁၉၃၀ ခုနှစ်ဝန်းကျင်က အမေရိကန်တောင်ပိုင်း ယာသမားတွေရဲ့အကြောင်းကို ရေးဖွဲ့ထားတယ်။ အချစ်၊ အလွမ်း၊ အဆွေးတွေကို ခံစားဖတ်ရှုရမှာမဟုတ်ဘဲ တကယ့် အဖြစ်အပျက်နဲ့ ဒီဖြစ်စဉ်ကြီးထဲမှာ ပါဝင်ခဲ့တဲ့ လူတွေရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ရိုးသားမှုတွေကို ကျေးလက်ရနံ့သင်းသင်းလေးနဲ့ ဖတ်ရှုကြရမှာပါ။ 

“သူတို့သည် သဘာဝအပေါ်တွင် များစွာ ယုံကြည်စိတ်ချကြသည်။ မြေပေါ်တွင်လည်း များစွာ ယုံကြည်စိတ်ချကြသည်။ မြေကြီးထဲမှ ပေါက်လာသည့် အပင်များ အပေါ်တွင်လည်း များစွာ ယုံကြည်စိတ်ချကြသည်။ ထို့ကြောင့်လည်း မြေက သူတို့အပေါ်ဘယ်ပုံဘယ်နည်း တာဝန် ပျက်ကွက်သည်ကို သူတို့နားမလည်နိုင်ကြခြင်းဖြစ်သည်။”  

စာရေးသူ အာစကင်းကော့ဒ်ဝဲဟာ ဂျောဂျီယာပြည်နယ်မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်တယ်။ ထိုခေတ်ထိုကာလရဲ့ အမေရိကန်နိုင်ငံ စီးပွားရေးဟာ ဗရုတ်ဗရက်ကာလ၊ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ အခြေခံ ယာသမား၊ လယ်သမားတွေအတွက် မှီခိုအားထားရာက ဓနရှင်လူတန်းစားတွေရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမဟုတ်၊ သူတို့ပိုင်တဲ့ ယာမြေတွေသာဖြစ်တယ်။ ဆင်းရဲစုတ်ချာလွန်းလှတဲ့ ယာမြေလူတန်းစားမှာ တောက်ပြောင်သစ်လွင်လွန်းတဲ့ ပိုင်ဆိုင်မှုဆိုလို့ တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့ ယာမြေတွေအပေါ်ထားရှိတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်သာ ဖြစ်တော့တယ်။
 
“သူတို့သည် ဝါအပေါ်တွင်ယုံကြည်စိတ်ချမှုအပြည့်အဝ ရှိနေကြဆဲ ဖြစ်သည်။ တချို့လူများ ဘုရားသခင်ကို ယုံကြည်ကြသည့် နည်းတူ သူတို့သည် ဝါကို ယုံကြည်စိတ်ချနေကြသည်။ သူတို့သည် သူတို့အမှီပြုရာ မြေကြီးနှင့် ထိုမြေကြီးထဲမှ ပေါက်လာသော အပင်များအပေါ်တွင် ယုံကြည်စိတ်ချနေကြသည်။

မနှစ်က ဤမြေ၏ အရူးလုပ်ခြင်းကို သူတို့ခံခဲ့ရပြီးပြီ၊ ဟို အရင့်အရင်ကလည်း နှစ်ပေါင်းများစွာ အရူးလုပ်ခြင်းကိုခံခဲ့ရဖူးပြီ၊ သို့သော်လည်း သူတို့သည် ဤမြေပေါ်၌ မိုးရေ အလုံအလောက်ရကာ ဝါပင်များပေါက်လာပြီး ဝါသီးများသီး၍ ဝါပွင့်များ ဖွေးဖွေးလှုပ်မျှ ပွင့်လာသဖြင့် ပြိုးပြိုးပြက်ပြက်နှင့် အရောင်တလက်လက် ထွက်နေလိမ့်မည်ဟု အခိုင်အမာယုံကြည်နေကြဆဲ ဖြစ်ပါ၏။” 

ချုံ့ပြောရမယ်ဆိုရင်တော့ ဝန်ဇင်းစာချစ်သူတွေ အတွက် ဒီစာအုပ်ဟာ မတူညီတဲ့ အတွေးအမြင်နဲ့ ရသခံစားမှုကို ပေးစွမ်းပါလိမ့်မယ်။

ကဲ .. ဒီတော့ အခုမိတ်ဆက်လိုက်တဲ့ ဘာသာပြန်စာအုပ်ကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ..။  ဖတ်ရှုချင်တဲ့ သူငယ်ချင်းတွေလည်း ရှိနေတာမို့ ပြန်မျှဝေ ( Share ) ပေးဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ။ 
 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။

Related Posts