ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“စာဖတ်သူကို နှစ်သက်မှုရသ အပြည့်ပေးနိုင်မယ့် အက်ဆေးများ”

မင်္ဂလာ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် ယခင်က တင်ပြနေကြ စာအုပ်တွေနဲ့မတူတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ “သစ်ရွက်ပေါ်က ပျားရည်စက်များ” ဆိုတဲ့ စာအုပ်ပါပဲ။ စာရေးဆရာမင်းချမ်းမွန်ရေးသားထားတဲ့ ရသအက်ဆေးတွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဝတ္ထုရှည်၊ ဝတ္ထုတိုတွေ ဖတ်ရှုရတာ ငြီးငွေ့နေပြီဆိုရင် အခုမိတ်ဆက်လိုက်တဲ့ ရသအက်ဆေးလေးတွေကို ဖတ်ရှုခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်ထဲမှာပါတဲ့ အက်ဆေးတွေဟာ စာချစ်သူတွေကို နှစ်သက်မှုရသ အပြည့်ပေးနိုင်မှာမို့ပါပဲ။ 

‘အက်ဆေး’ ဆိုတာ စာရေးသူက စာဖတ်သူနှင့် စကားလက်ဆုံကျသည့် စာပေ Conversational Literature ဆိုလည်း မမှားပါဘူး။ အက်ဆေးဆရာက သူ့အတွေးအမြင်ကို တင်ပြစကားဆိုခြင်းသာဖြစ်ပြီး ပညာပေးနေတာ၊ သြဝါဒပေးနေတာမျိုးလည်း ဟုတ်ဘဲ စာဖတ်သူကို သဘောတူ မတူ၊ ငြင်းခုံခွင့်လည်း ပေးထားတဲ့၊ အကြောင်းအရာတစ်ခုခုကို စာဖတ်သူနှင့် တန်းတူရည်တူ ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အက်ဆေးအချို့ရဲ့ ကောက်နုတ်စာတွေကို ဝန်ဇင်းစာချစ်သူများအတွက် စာမြည်းအဖြစ် ဖော်ပြလိုက်ပါတယ်။ 

…….
“တစ်အိမ်လုံးမှာ ခေတ်ပေါ်၊ ခေတ်လွန် ရုပ်ဝတ္ထုပစ္စည်းတွေအပြည့်။ သို့သော် ဖတ်စရာ စိတ်ဝတ္ထုဟူသည့် စာအုပ်တစ်အုပ်မျှမရှိ။ မရှိခြင်းက အထင်မကြီးခြင်း၊ တန်ဖိုးမထားခြင်းဟူ၍လည်း အနက်အဓိပ္ပါယ် ကောက်ယူနိုင်ပေသည်။ စာအုပ်စာပေတွေကိုပင် အမှိုက်တွေဟု ထင်မြင်ယူဆနေမလားမသိ” ( အမှိုက်များ … မှ ) 

“စစ် … ။ လူသားများ၏ ခက်ခက်ခဲခဲ ရယူပွေ့ဖက်ထားရသည့် အသက်တွေ၊ ဘဝတွေကို တဆစ်ဆစ် ကိုက်ခဲလျက်ရှိသည့် စစ်။ ကမ္ဘာ့မြေပုံ အနှံ့အပြားတွင် ထိန်းမနိုင်၊ သိမ်းမရ စိတ်တိုင်းကျ ဖြစ်နေကြသည်။ အဘယ်သို့သော အကြောင်းတရားများကြောင့် ဖြစ်ပွားနေကြရပါသနည်း” ( တောင်ပြိုရာပြတ်တဲ့မြက်တွေ … မှ ) 

“တန်ဂိုဂီတနောက်ခံတဲ့ ရှန်ပိန်ပုလင်းဖောက်သံနဲ့ ကျောက်ပုစွန်ဝါးသံနဲ့ ရန်ကုန်က ညကြည့်မျက်မှန်တပ်လေပြီ။ ခွေးက သွေးဆိုးတဲ့ အမူးသမားကို ထိုးဟောင်လိုက်။ ညက ကျွန်တော့်ကို ထိုးဟောင်လိုက်။ မြို့လယ်ကောင် ကားမီးရောင်မှာ ကျွန်တော်နဲ့ ကျွန်တော့်အရိပ် လိပ်တစ်ကောင်လို သောင်တင်ဆဲ” ( ခေါင်းမီးတောက်နေတဲ့ ညနေခင်းတွေ … မှ )

“တကယ်တော့ ကလပ်တိုကရေစီသည် ဒီမိုကရေစီကဲ့သို့ ဂရိဘာသာစကားမှ ဆင်းသက်ခဲ့ပြီး Kleptes က သူခိုး၊ Cracy က အာဏာ သို့မဟုတ် အုပ်ချုပ်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ရာ ‘သူခိုးများက အုပ်ချုပ်ခြင်း’ ဟု ဆိုနိုင်ပေသည်” ( ကျိန်စာ … မှ ) 
…….

‘အက်ဆေး’ ဆိုတာ အဆင့်မြင့်စာပေပုံသဏ္ဌာန်တစ်ရပ်၊ လေးစားလောက်ဖွယ် အရည်အသွေးရှိတဲ့ စာလည်းဖြစ်ပါတယ်။ အခု မိတ်ဆက်လိုက်တဲ့ ဆရာ မင်းချမ်းမွန်ရဲ့ “သစ်ရွက်ပေါ်က ပျားရည်စက်များ” ဆိုတဲ့ ရသအက်ဆေးစုစည်းမှု စာအုပ်ထဲမှာ အက်ဆေး ၂၀ ကျော်ကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီလို အက်ဆေးတွေကနေ စာချစ်သူကို ဘယ်လိုရသမျိုး ခံစားရရှိစေမလဲ ဆိုတာကတော့ … 

ကဲ၊ 'ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ရသအက်ဆေးတွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts