ယနေ့အတွက် ဖတ်စရာကဏ္ဍ


"ချမ်းမြေ့ဝင်း (ဘာသာပြန်)၏ ဂရုမစိုက်ခြင်းအနုပညာ"

စာအုပ်အမည်      -           ဂရုမစိုက်ခြင်းအနုပညာ

စာရေးသူ            -           ချမ်းမြေ့ဝင်း (ဘာသာပြန်)

စာအမြည်း          -           ဒီစာအုပ်ကတော့ နာမည်ကြီး ဘလော့ဂါတစ်ဦးဖြစ်သူ Mark Manson ရေးသားခဲ့တဲ့ The Subtle art of not giving a f*ck ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ စတင်ထုတ်ဝေပြီးချိန်ကနေ အခုအချိန်အထိ အကြိမ်ကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ အရောင်းရဆုံး စာအုပ်တစ်အုပ်လည်းဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာလည်း အောင်မြင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ချမ်းမြေ့ဝင်းကတော့ ဘာသာပြန်သူရဲ့ အမှာစာမှာ “၂၀၁၇ နှစ်ကုန်ပိုင်း အချိန်တွေဟာ ကျွန်တော့်အတွက် အမှောင်မိုက်ဆုံး အချိန်တွေ။ အသက်က သုံးဆယ်စွန်းစွန်း၊ ဘဝကို အားနဲ့မာန်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန်၊ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှု တစ်ခုကြောင့် မောင်းတင်ထားသမျှတွေ အကုန် ပြတ်ထွက်ကုန်တယ်။ ပြင်ဆင်ထားတဲ့အရာ အတော်များများကလည်း ယိုင်နဲ့နဲ့ ဖြစ်ကုန်တယ်။ အရှေ့ကို ဆက်ဖို့ဆိုတာလည်း ဝေဝါးဝါးရယ်။

အဲဒီအချိန်မှာ Mark Manson ရဲ့ စာအုပ်ကို ဖတ်မိတယ်။ သူ့စာအုပ်က ရှင်းတယ်၊ ရိုးတယ်၊ ရိုင်းတယ်။ ဖတ်တဲ့သူကို ချိုချိုသာသာ ဆွဲဆောင်တဲ့ စာအုပ် မဟုတ်ဘူး။ Self-help လို့ ခေါ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်တွေကြားမှာ သူ့စာအုပ်က ထင်းထင်းကြီး ဖြစ်နေတယ်။ သူ့စာအုပ်ကို ဖတ်ပြီးတဲ့ အချိန်မှာ စိတ်ချမ်းသာသွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ဆင်းရဲမှုတွေကို ပိုပြီး နားလည်လာတယ်။ ဒုက္ခဆိုတဲ့ စက်ယန္တရားရဲ့ အသေးစိတ်လည်ပတ်ပုံတွေကို သဘောပေါက်လာတယ်။ ပြဿနာတွေကို စနစ်ကျကျ ရင်ဆိုင်ဖို့ ပိုသိလာတယ်” လို့ ရေးသားထားတဲ့ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေကိုဆိုတာ ဒီနေ့ခေတ် ကာလကြီးမှာ လူငယ်တွေ ရှောင်မရတဲ့ အရာတစ်ခုလို ရှိနေခဲ့ပြီမို့ အဲဒီ ဆုံးရှုံးမှုတွေကို ဂရုမစိုက်ဘဲ လက်တွေ့ကျကျ ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်မာကြောမှုမျိုး ရရှိအောင် မွေးမြူဖို့ လိုအပ်တဲ့ စိတ်ခွန်အားကို ပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။

 

- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၁၀၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ https://static.xx.fbcdn.net/images/emoji.php/v9/f10/1.5/16/1f917.png????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။

- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts