ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဇာတ်လမ်းအရှိန်မြင့်မြင့်နဲ့ ဝတ္ထုမျိုးကိုမှ ဖတ်ရှုခံစားချင်တယ်ဆိုရင် … ရော့ … ဒီမှာ … မာယာနေခြည်”

………….

စ,ကိုင်လိုက်တာနဲ့ လက်မချတမ်း ဖတ်ရှုခံစားသွားချင်တဲ့ အချစ်နဲ့ အိမ်ထောင်ရေး ရောယှက်ထားတဲ့ ဝတ္ထုတွေကို ရှာဖွေနေပါသလား။ အဝေးကြီးရှာမနေပါနဲ့။ ဝန်ဇင်းမှာ ရှိပါတယ်။ အခုပဲ စာချစ်သူရှေ့ ရောက်လာပါပြီ။ အဲ့ဒီစာအုပ်ကတော့ - 

စာရေးဆရာမ ကြယ်စင်မှုးဝေ ရဲ့ ဝတ္ထုလက်ရာတစ်ပုဒ်။

စာအုပ်နာမည်က - ‘မာယာနေခြည်’  ….. ။
 
ဒီဝတ္ထုကို စဖတ်လိုက်တာနဲ့ စာဖတ်သူဟာ 

-	ဇာတ်လမ်းအစမှာတင် ဝတ္ထုကို လက်ကမချင်တော့ဘူ။

-	ဝတ္ထုအလယ်လောက်ရောက်တဲ့အခါ ရေထသောက်ဖို့တောင် မေ့သွားလိမ့်မယ်။


-	ပြီးတော့

-	ဝတ္ထုအဆုံးထိ မျက်တောင်မခတ်ဘဲ မျောပါသွားလိမ့်မယ်။ 

အဲ့ဒီလို ဝတ္ထုကတော့ ဝန်ဇင်းကနေ ယနေ့ထွက်ရှိလာတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်။ 

ရွာသူဖြစ်ပေမဲ့ ဆယ်ကျော်သက်အရွယ် ၁၈ ကျော် ၂၀ စ၊ တောစံပယ်ဖြူလေး၊ မိန်းမချော မိန်းမလှလေးဖြစ်သူ ‘မြပုန်းညက်’ - မိခင်ကြီးရဲ့ ကျန်းမာရေးအခြေအနေမကောင်းလို့ တစ်ဖက်ရွာကို ဆေးမှူးသွားအပင့်၊ လမ်းမှာ သင်္ချိုင်းတစ်ခုကို ဖြတ်၊ ကလေးငိုသံကို သဲ့သဲ့ကြားလိုက်ရတယ်။ ( မှတ်ချက် ။ သရဲဇာတ်လမ်းမဟုတ်။ ) 

တကယ်တော့ စွန့်ပစ်ခံထားရသူက အသက် ၄ နှစ်အရွယ်ခန့် ဖြူဖြူချောချော မိန်းကလေး၊ စကားနည်းနည်း ပြောတတ်ခါစ၊ လိပ်ပြာလွင့်မတတ်ကြောက်နေလို့ ကလေးမလေးကို ပြုစုပေးပြီး အကြောက်ပြေတဲ့အခါ မေးခွန်းတွေကို ပြန်ဖြေလာတယ်။ 

သူမ နာမည်က - ‘ထက်လွန်းဝတီ’ ၊ ရန်ကုန်က …. ။ 

အမေတစ်ခု သမီးတစ်ခု ဘဝထဲကို ဝင်လာတဲ့ ‘ထက်လွန်းဝတီ’  ဆိုတဲ့ ကလေးမလေးကို အကြောင်းပြုပြီး ဘယ်လိုမျိုး ဇာတ် လမ်း မျိုး တွေ ပေါ် ပေါက် လာ လေ မလဲ … ။ 

ဝတ္ထုရဲ့ ဇာတ်လမ်း အခြားတစ်ဖက်မှာက - ပြည်မှာကို ပညာတော်သင်သွားရသလို အလုပ်နဲ့လက်နဲ့လည်း မပြတ်ရသူ ‘ဘုန်းသင်္ခါ’ ၊ နဂိုကတည်းက နှစ်မြို့ခြင်းမရှိပေမဲ့ မိဘပေးစားလို့ ယူခဲ့ရသည့် မိန်းမဖြစ်သူ ‘အဉ္စလီ’ နှင့်က တကျက်ကျက်။ ဘုန်းသင်္ခါမှာ သမီးနှစ်ယောက်ရှိတယ်။ 

-	ထက်လွန်းဝတီ
-	စစ်လွန်းဝတီ

[ “သြော် ကိုကို … ဒါ အဉ္စလီ့မောင်ဝမ်းကွဲလေးလေ။ ဘဒွေးကမွေးတာ။ သူလည်း နိုင်ငံခြားထွက်ချင်လို့ သင်တန်းတွေ လာတက်ရင်း အိမ်မှာတည်းနေတယ်။ ကိုကို့ဒရိုင်ဘာ ဘကြီးဝင်းကလည်း သူ့မြေးနဲ့ပြန်နေမယ်ဆိုပြီး အလုပ်ထွက်သွားတာနဲ့ မောင်လေးပဲ ဆွဲခိုင်းနေရတယ်”

“အင်းအင်း”

အဉ္စလီ၏ ထုချေလွှာတွေကို နားထောင်ရင်း ဘုန်းသင်္ခါ ဘဝင်မကျ။ ခေတ်ကြီးက ပြောလို့ရတာမဟုတ်။ မဖွယ်မရာတွေ ကြားရလွန်းလို့ ရူးပင်ရူးချင်ချင်။ လူတွေက ဟီရိ သြတ္တပ္ပတရားတွေ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးလာကြသည်က ခပ်များများ။ ရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်လာပေမဲ့ ကမ္ဘာကြီးထဲ ဟန်ချက်မညီမျှမှုတွေကြောင့် နှလုံးသား၊ ဝိညာဉ်တွေကတော့ ပုပ်သိုး၊ နံစော်နေကြလေပြီ။ 

ဘုန်းသင်္ခါသည် အဆိုးမြင်ဝါဒီတစ်ဦး မဟုတ်ပေမဲ့ သူမြင်နေရသည့် ကမ္ဘာကြီးက သိပ်ပြီး အဆီအငေါ်မတည့်လှ။ ယခုလည်း အဉ္စလီ၏ မောင်ဝမ်းကွဲဆိုသူကို ကြည့်ပြီး ဘုန်းသင်္ခါ၏ ခေါင်းထဲမှာ အချက်ပြမီးတွေ တလက်လက်။ ]

ပထမအိမ်ထောင်နှင့်ရတဲ့ သမီးလေးဖြစ်သူ ထက်လွန်းဝတီဟာ သူ အိမ်ပြန်ရောက်ချိန်ကျတော့ မတွေ့ရတော့။ သိပ်ချစ်ရတဲ့ သမီးကို မတွေ့လိုက်ရတဲ့အခိုက်မှာ ဘုန်းသင်္ခါတစ်ယောက် အရူးတစ်ပိုင်း ….။ 

[ “အဲ့ဒီနေ့က အဉ္စလီတို့ မိသားစုလိုက် တောင်ကြီးမီးပုံပျံပွဲကို သွားကြတာပါ။ သမီးနှစ်ယောက်လုံးကလည်း ပျော်လို့။ ထက်လွန်းလေးခမျာလည်း အရမ်းပျော်နေရှာတာ”

အဉ္စလီက မင်းသမီးတစ်ယောက် သရုပ်ဆောင်နေသလို မာယာတွေနှင့် ကျကျနန၊ မျက်ရည်တွေနှင့် တရှိုက်ရှိုက် ငိုနေလေ၏။ ဘုန်းသင်္ခါ သတင်းဆိုးကို ကြိုတင်ခန့်မှန်းမိနေတာမို့ လူက ရင်ကွဲနာကျလုလု။ အချစ်ဦး မျက်နှာငယ်မလေးရဲ့ ကိုယ်ပွား၊ သူတို့နှစ်ယောက်ရဲ့ အချစ်သင်္ကေတလေး။

“အိုက်တင်တွေ လုပ်မနေနဲ့၊ မြန်မြန်ပြောစမ်းပါ။ ငါ့ရင်တွေ မီးလိုပူနေပြီ”

“တောင်ကြီး မီးပုံပျံပွဲကိုသွားရင်း ကလေးက ပျောက်သွားတာ”

“ဘာ” 

စကားက ပေါ့ပေါ့တန်တန်။ သူ့နားထဲ သူ့အသည်းထဲ လက်ပစ်ဗုံးတွေ အတွဲလိုက်ကွဲပြီ။ လူတစ်ကိုယ်လုံး တစ်စစီ လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ] 

ကဲ … ဒါ ဝတ္ထုအစပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီ့ထက်ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ၊ ရင်ထထိတ်ထိတ်နဲ့ ဖတ်ရှုရမယ့် ဖြစ်ရပ်တွေနဲ့အတူ ဇာတ်ရှိန်မြင့်မြင့် ဖတ်ရှုရမယ့် ဒီဝတ္ထုကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ပါဦးခင်ဗျ။ 

သြော် .. ဒါနဲ့ခင်ဗျ၊ ဝယ်မယ်ဆိုရင်လည်း ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပြီနော်။ တန်မှတန်ဗျာ …. ။ 

စာအုပ်များဝယ်ယူရန် ။       ။ အခြားစာအုပ်များကိုလည်း Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

………….

ဆရာမ ကြယ်စင်မှူးဝေရဲ့ ဝတ္ထုစာအုပ်တွေအပြင် စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts