ယနေ့အတွက် ဖတ်စရာကဏ္ဍ


“စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကို ဖတ်ရှုရမယ့် ဝတ္ထုကောင်းတစ်ပုဒ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများထဲမှာ စာရေးဆရာမင်းမြတ်သူရရဲ့ ပရိသတ်တွေ အများအပြားရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဆားပုလင်းမင်းအောင်ပါဝင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ဆောင်တွေနဲ့အတူ ခင်းကျင်းထားတဲ့ စွန့်စားခန်းဇာတ်အိမ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ စာချစ်သူများအတွက် ဒီနေ့မိတ်ဆက်ပေးမယ့် စာအုပ်လေးကိုလည်း ဖတ်ရှုကြည့်သင့်ပါတယ်လို့ ဦးစွာတိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ စာရေးဆရာ မင်းမြတ်သူရရဲ့ “ဆားပုလင်းမင်းအောင်နှင့် မိုးပျံတိမ်တိုက်” ဆိုတဲ့ စာအုပ်ပါပဲ။ 

စာအုပ်ရဲ့အမည်ကို ဖတ်ရှုလိုက်ရတာနဲ့တင် စွန့်စားခန်းတွေကို ဖတ်ရှုရတော့မယ်လို့ ခံစားရမိမှာပါ။ ဝတ္ထုထဲမှာလည်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စွန့်စားခန်း ဇာတ်လမ်းတွေကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

အင်္ဂလိပ်နယ်ချဲ့လက်အောက် ရောက်နေတဲ့အခါ နယ်ချဲ့တို့ရဲ့ ကျွန်ပညာရေးစနစ်ကို သင်ယူပြီး မြို့အုပ်အရေးပိုင်မလုပ်လိုဘဲ စွန့်စွန့်စားစား အလုပ်လုပ်လိုတဲ့ လူငယ် - ‘တိမ်တိုက်’ … ။

“ကျုပ်ဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ ဦးနှောက်ရှိတယ်၊ ခွန်အားသန်မာတဲ့ လက်တွေခြေထောက်တွေရှိတယ်၊ ဒါတွေ ရှိနေသရွေ့ ကမ္ဘာပေါ်မှာ ကျုပ် အသက်ရှင်နေထိုင်လို့ရတယ်၊ ကျုပ်ဟာ ထမင်းစားဖို့ အလုပ်လုပ်တာမဟုတ်ဘူး၊ ကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်ဖို့ ထမင်းစားတာဖြစ်တယ်” ( တိမ်တိုက် ) 

“လောကကြီးမှာ တစ်ခါတစ်ရံ အမှန်တိုင်းမပြောသင့်တဲ့ နေရာတွေရှိတယ်၊ ကိုယ်က အမှန်အတိုင်း ပြောလိုက်လို့ သူတစ်ပါး အကျိုးရှိသွားတာရှိတယ်၊ တစ်ခါတလေတော့လဲ အမှန်တိုင်းပြောလိုက်လို့ သူတစ်ပါး စိတ်ဆင်းရဲပြီး ဒုက္ခရောက်ရတာရှိတယ်” ( စောရမိုးပျံ ) 

ကိုယ့်ရဲ့နယ်ကျောတလျှာက်မှာ အချမ်းသာဆုံးလှေသူကြီးရဲ့သားဖြစ်တဲ့အတိုင်း စွန့်စားလုပ်ကိုင်ရတဲ့ လှေထိုးသားသာဖြစ်ချင်ပြီး ပင်ကိုစိတ်အရ ကျွန်ပညာရေးစနစ်ကို မုန်းတီးတဲ့ တိမ်တိုက်ဟာ ကျောင်းဆက်မတက်လိုသူ၊ တစ်ရက်မှာတော့ နာမည်ကြီး စောရတစ်ယောက်ဖြစ်တဲ့ “စောရမိုးပျံ” ရဲ့ အစီအစဉ်တွေကြောင့် တိမ်တိုက်တစ်ယောက် ကျောင်းထွက်လိုက်ရတယ်။ 

“ယောက်ျားဖြစ်ပြီး နဖူးကို ပြောင်နေအောင် ဆီလိမ်းပြီး မျက်နှာကို စနိုး၊ ပေါင်ဒါလိမ်းတဲ့ကောင်းတွေဟာ မိန်းမသဘာဝနဲ့ နီးစပ်တယ်လို့ ငါထင်တယ်၊ တကယ်တော့ ယောက်ျားဟာ အလှပြင်ဖို့မလိုဘူး။ ကျန်းမာရေးကောင်းပြီး သန့်ရှင်းစင်ကြယ်ဖို့၊ သပ်သပ်ရပ်ရပ်နေတတ်ဖို့ပဲ လိုတယ်” ( လှေသူကြီး ဦးတိမ်ညို )
 
“ရင်ထဲမှာ ဘာကိုမှလည်း ပြည့်သိပ်နေအောင် ထည့်မထားဘူး၊ လူတွေဟာ ရင်ထဲမှာ အမြဲပြည့်သိပ်အောင် ထည့်ထားတဲ့အတွက် ဘာကိုမှမသိနိုင်ဘူး၊ ထိုးထွင်းသိမြင်နိုင်စွမ်းလဲမရှိဘူး” ( ရန်ကနား ) 

မိဘတွေမသိအောင် တိမ်တိုက်တစ်ယောက် စောရမိုးပျံနဲ့ လက်တွဲမိပြီးနောက်ပိုင်း … ဂျပန်သူလျှိုများနဲ့ ပတ်သက်ပြီး ဗြိတိသျှအစိုးရတွေဘက်က လျှို့ဝှက်စွာကြံစည်ခဲ့သော အစီအမံများ၊ ယင်းတို့ကို အကောင်အထည်ဖော်ဖို့ ဗြိတိသျှအစိုးရက စောရမိုးပျံအား တိတ်တဆိတ် အကူအညီတောင်းခံလာသောအခါ … မိုးပျံနဲ့တိမ်တိုက်တို့နှစ်ယောက် ဘယ်လိုစွန့်စားခန်း ဖွင့်ကြမလဲ၊ ဆားပုလင်းမင်းအောင်ကရော ဘယ်လိုနေရာက ပါဝင်လာမလဲဆိုတာ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာဖြင့် ငွေကျပ် *၄၅၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ 
…….
ခုလိုမျိုး ဆရာမင်းမြတ်သူရရဲ့ ဝတ္ထုကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts