ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ လင်နဲ့မယားကြားက ချစ်ခြင်းကို ဟာသဆန်ဆန် အဖြစ်အပျက်တွေနဲ့ ရောမွှေတင်ပြထားတဲ့ စာရေးဆရာမင်းလူရေးသားသော “အမည်မဖော်လိုသူအချစ်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

သမီးရည်းစားတွေနဲ့ ညားခါစလင်မယားတွေရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို နေ့စဉ် လူမှုဘဝပြဿနာနဲ့ စားဝတ်နေရေးအခက်အခဲ၊ မိဘသဘောမတူမှု .. စတဲ့ အကျပ်အတည်းတွေကကြားကနေ ဟာသစွက်ပြီး ထုတ်ဖော်တင်ပြထားတယ်။ 
စာသမားပေသမား ကိုအောင်ထူးနဲ့ မုန့်ဟင်းခါးရောင်းနေရတဲ့ မမွှေးတို့ လင်မယားရဲ့ အကြောင်းက ဒီလို …

[ ဒီလိုအိပ်မက်မျိုး နေ့စဉ်မက်လျှင်ကောင်းမည်ဟု အိပ်မက်ထဲမှာပင်တောင့်တ မိလေသည်။ အိပ်မက်ထဲမှာတောင် တကယ်မဟုတ်မှန်း အိပ်မက်မက်နေခြင်းသာ ဖြစ်မှန်း သိနေ၏။ ဒါကိုကြည့်လျှင် အပြင်မှ တကယ့်အခြေအနေက သူ့ကို ဘယ်လောက် လွှမ်းမိုးထားမှန်းသိသာ၏။

အိပ်မက်ထဲမှာတော့ သူသည် သူ့မိန်းမ မမွှေးကို တံမြက်စည်းနှင့်လှိမ့်ရိုက်နေ၏။ အပြင်မှာ တစ်ခါမှ မရိုက်ဖူးသဖြင့် အိပ်မက်ထဲမှာ တော်တော်အရသာရှိသည်။ တစ်ခုရှိတာက အသားကို ရိုက်ရတာနဲ့မတူဘဲ မှို့အိတ်ကြီးကို ရိုက်ရသလိုမျိုး ဖြစ်နေခြင်း၊ အသံကလည်း ရုပ်ရှင်ထဲမှာ အထူးပြုလုပ်ချက်ထည့်ထားသလိုမျိုး  ဂျိမ်းခနဲ ဂျိမ်းခနဲ မြည်နေ၏။ နောက်ခံ သည်းထိတ်ရင်ဖိုတီးလုံးတွေလည်း ကြားနေရသေးသည်။ မမွှေးသည် လုံးဝတုံ့ပြန်တိုက်ခိုက်ခြင်းမရှိ။ ကြမ်းပေါ်မှာ ခေါင်းငုံ့ဝပ်ဆင်ပြီး လုပ်သမျှ ခံနေသည်။ ပါးစပ်ကလည်း “ကျွန်မသေသင့်ပါတယ်” ဆိုသောစကားကို တရုတ်လို ပြောနေ၏။ ] … ဒါကတော့ မိန်းမကြောက်ရတဲ့ ကိုအောင်ထူးရဲ့ အကြောင်းပဲဗျ၊ အိပ်မက်နဲ့ လက်တွေ့ ဘယ်လိုကွာခြားပြီး လင်နဲ့မယား ဘယ်လိုတွေ လျှာနဲ့သွားလို ဖြစ်ပျက်ကြသလဲဆိုတာ စိတ်ဝင်တစားနဲ့ ပေါ့ပေါ့ပါးပါး ဖတ်ရှုကြရမှာပါခင်ဗျ။
ဒီစာအုပ်ထဲမှာ ဆရာမင်းလူက သူတို့နှစ်ဦးအပြင် အသက် ၇ နှစ်လောက်ကွာတဲ့ ကိုစံပနဲ့ ချွဲချွဲတို့ လင်မယား …
[ လင်မယားနှစ်ယောက်ထဲမို့ အိမ်ခန်းကျဉ်းကျဉ်းလေး တစ်ခန်းငှားပြီးနေကြသည်။ ဟိုအရင်ကတော့ မိန်းမငယ်ငယ်လေးရရင် ဇိမ်ပဲဟုထင်ခဲ့၏။ ခုတော့ ဒီလိုမဟုတ်။

ချွဲချွဲသည် ရုပ်ကလေးလှသည်ဟု ဆိုနိုင်သည်။ ဒီမှာတွင်ပဲ ချွဲချွဲ၏အရည်အချင်းများ ကုန်လေသည်။ ထမင်းဟင်း မချက်တတ်၊ အိမ်မှုကိစ္စဝါသနာမပါ၊ သူလုပ်တတ်တာက အိမ်တကာလည်ပြီး အတင်းပြောခြင်းသာဖြစ်၏။
ထို့ကြောင့် ယခုအခါ ကိုစံပသည် ထမင်းဟင်း ကိုယ်တိုင်ချက်နေရလေသည်။ ဒီအတွက် အခက်ခဲတော့ မရှိ။ တစ်ကောင်ကြွက်ဖြစ်သောကြောင့် လူပျိုဘဝကတည်းက ကိုယ်တိုင်ချက်စားလာရတာပဲ။ ဒါသည်ပင် ချွဲချွဲ၏ ကုသိုလ်ကံကောင်းမှုတစ်ခုဟု ဆိုသော်ရ၏။ ] … ကိုအောင်ထူးလိုပင် မိန်းမခပ်ကြောက်ကြောက် ကိုစံပရဲ့ သရုပ်သကန်ကလည်း စာချစ်သူများအတွက် စိတ်ဝင်စားစရာပဲခင်ဗျ။ 

“အမည်မဖော်လိုသူအချစ်” လို့ ဆရာမင်းလူက အမည်ပေးထားတဲ့အတိုင်း ဒီစာအုပ်ထဲမှာ ဖော်ပြလိုတဲ့ ချစ်ခြင်းမေတ္တဆိုတာ ကန့်လန့်ကာနောက်ကွယ်က လူလုံးမပြတဲ့ ကားလိပ်ချဆရာပါပဲ။ လင်နဲ့မယား၊ သမီးရည်းစားကြားက ပြဿနာတွေ ဘယ်လိုပင်တက်တက်၊ ဘယ်သို့ပင်ပြောဆိုနေကြပါစေ …သူတို့ရင်ထဲမှာ ခိုင်မြဲပြီးဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ဆရာမင်းလူက အမည်မဖော်လိုသူအချစ် အဖြစ် ဖုံးကွယ်ထားသယောင်နဲ့ စာဖတ်သူကို ဖတ်ရင်းဖတ်ရင်း သိရှိလာစေမှာပါ။
ထူးခြားချက်က အထက်မှာဖော်ပြခဲ့တဲ့ စုံတွဲ ၂ တွဲအပြင်၊ ဇော်မျိုးနိုင်နဲ့ မေသွယ်၊ အောင်ချမ်းမြေ့နဲ့ နှင်းပွင့်ဖူး၊ နေလင်းအောင်နဲ့ ချစ်သက် … စတဲ့ ဇာတ်ကောင်တွေ အများအပြား ထည့်သွင်းထားပါသေးတယ်။ ကဲ … ဒီဝတ္ထုဟာ စုံတွဲ၊ ဇာတ်ကောင်တွေ အများအပြားနဲ့ ဘယ်လိုတင်ဆက်သွားမလဲဆိုတာ စိတ်ဝင်တစား ဖတ်ရှုချင်တယ်ဆိုရင်တော့ …
ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ဝယ်ယူ ဖတ်ရှုနိုင်ပါပြီခင်ဗျာ ..။

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts