ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဇာတ်ကောင်စရိုက်အားပြိုင်မှု ပြင်းထန်တဲ့ သုံးပွင့်ဆိုင် အချစ်ဝတ္ထုတစ်ပုဒ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

အခုဆိုရင်တော့ ဝန်ဇင်းပရိသတ်ကြီးထဲက ဝတ္ထုချစ်သူများအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ “အလင်းငတ်လမင်းရဲ့ ချစ်ခြင်း” ဆိုတဲ့ ဝတ္ထုပါပဲ။

ဒီဝတ္ထုထဲမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုကို စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်အားပြိုင်မှု ပြင်းထန်ပြီး ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းဇာတ်အိမ်အရလည်း စာဖတ်သူရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်စွမ်းရှိတာကြောင့် ဝန်ဇင်းစာချစ်သူများလည်း ကြိုက်နှစ်သက်မှာ သေချာနေပါတယ်။ 

[ “ကုဋေ … မင်းကို မမ တောင်းပန်ပါတယ်။ မင်းသွားပါတော့။ မင်းနဲ့မမ ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းဆိုတာ ‘မ’ အပေါ်မှာပဲ မူတည်တာပါ” 
“ဟုတ်တယ်၊ မမအပေါ်မှာပဲ မူတည်တယ်။ မင်းကလည်း မင်းမာနနဲ့မင်း၊ ငါကလည်း ငါ့မာနနဲ့ငါပဲ ကုဋေ၊ ငါက လူတစ်မျိုးပဲ။ အချစ်အတွက်နဲ့ မာနကို ခဝါချမယ့်မိန်းမမျိုးမဟုတ်ဘူး၊ ကိုယ့်ကိုမကြည်ဖြူတဲ့ အသိုင်းအဝိုင်းထဲကို ဘယ်တော့မှ ခေါင်းငုံ့မတိုးဘူး၊ အဲ့ဒါ ငါ့မာနပဲ” ]

အိမ်ထောင်ရေးပြိုကွဲသွားပြီးနောက် မိခင်ဖြစ်သူက စီးပွားရေးထဲမှာသာ ခေါင်းနှစ်ရင်း သားငယ်ဖြစ်သူကို မိဘမေတ္တာ နွေးထွေးမှု လုံခြုံမှုပေးဖို့ မေ့လျော့တဲ့အခါ၊ အထီးကျန်ဆန် မိဘမေတ္တာငတ်ပြီး လုပ်ချင်ရာလုပ် ပြောချင်ရာပြောရင်း တဇွတ်ထိုးတဇောက်ကန်းဖြင့် လွဲမှားသော အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာသူ ကုဋေထက်သာ … 

ကဗျာ၊ ဝတ္ထုတိုလေးတွေကစလို့ လုံးချင်းဝတ္ထုလေးငါးအုပ်လောက် ထုတ်ဝေပြီးသည်ထိ နာမည်ရစပြုလာသော စာရေးဆရာမလေး ဖြူစင်ကြယ် …

ဖြူစင်နဲ့ ကုဋေတို့ဟာ သိပ်ချစ်ကြတဲ့ မောင်နဲ့မစုံတွဲ ဖြစ်ခဲ့ပေမဲ့ တစ်ဖက် လူကုံထံအသိုင်းအဝိုင်းဖြစ်တဲ့ ကုဋေ့ရဲ့ မိခင်ဟာ အခြေခံလူတန်းစာ ဖြူစင်နဲ့ သဘောမတူ၊ မာန အတ္တများစွာဖြင့် ကုဋေ့ရဲ့ နှလုံးသားကို အမိန့်ပေးပြီး အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ဆက်ပေးဖို့ ဖြစ်လာတဲ့အခါကျတော့ ငွေကြေးမချမ်းသာပေမဲ့ မာနမြင့်မားသူ ဖြူစင်က ကုဋေကို လက်လွှတ်ပြီး သင့်တော်တဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ဖို့ထိ အကြောင်းဖန်လာခဲ့တယ်။ 

[ “ရိုင်းတော့ ဘာဖြစ်လဲ မ၊ ကျွန်တော့်ကို သောက်ဂရုမစိုက်လို့ ရိုင်းနေတာ၊ ရှေ့ဆက်တိုးကြည့် ကျွန်တော် ဒီထက်ပိုရိုင်းပြဦးမှာ” 
“ရိုင်းတာယဉ်တာတွေကို ဈေးကြီးကြီးပေးဝယ်ပြီး မွမ်းမံခြယ်သရတာမှ မဟုတ်ဘဲညီ။ ရိုင်းခွင့်တော့ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကိုတော့ အဲဒီ ယဉ်တာရိုင်းတာတွေက ခွဲခြားသတ်မှတ်ပေးတာပါ”
“သတ်မှတ်ချင်တာနဲ့ သတ်မှတ်ဗျာ။ ကျွန်တော် ဂရုမစိုက်ဘူး။ တန်ဖိုးတွေနဲ့ ကျွန်တော့်ကိုလာပြီး ခြိမ်းခြောက်မနေနဲ့၊ ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်မယ်” 
“ညီ”
“မခေါ်နဲ့၊ ခင်ဗျား ကျွန်တော့်ကို အဲဒီလို ခေါ်စရာမလိုဘူး။ အပျော့ဆွဲနဲ့ လူယဉ်ကျေးဟန်ဆောင်ပြီး ကျွန်တော့်ချစ်သူကို မသိမ်းပိုက်နဲ့၊ ကျွန်တော်ကတော့ ရှင်းရှင်းပဲ။ မ ကို ကျွန်တော် အဆုံးရှုံးမခံနိုင်ဘူး၊ အရမ်းချစ်တယ်။ ကျွန်တော့်ရင်ခွင်ကို ခြေစုံကန်ပြီး ထွက်သွားရဲ ထွက်သွားကြည့်” ] 

တစ်ချိန်က သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေဟာ အတ္တ မာနကိုယ်စီဖြင့် ခွာပြဲသွားတဲ့အခါ … အချစ်ကြီးလွန်းတဲ့ ကုဋေ၊ ကျားနာတစ်ကောင်လိုဖြစ်နေသော ကုဋေ့ရဲ့ အချစ်ကြီးမှုကို နားလည်ပေးတတ်သော ဝေယံ၊ ချစ်သူရဲ့မိဘနဲ့ ကိုယ့်ရဲ့မာနအားပြိုင်မှုကြားမှာ မြေစာပင်ဖြစ်နေရှာတဲ့ ကုဋေကို သံယောဇဉ်ရှိနေသေးတဲ့ နှလုံးသားဆန္ဒကို မာနဖြင့် ဖုံးအုပ်ထားသူ ဖြူစင် - - - သုံးပွင့်ဆိုင် ဒီဇာတ်လမ်းမှာ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်သင့်တဲ့အခြေအနေ၊ အချစ်ကြီးမှုနဲ့ မာနကြီးမှု၊ ပေးဆပ်ခြင်းနဲ့ ရယူခြင်း … စတဲ့ ဆန့်ကျင်ဘက်အားပြိုင်မှု အများအပြားကို မြင်တွေ့ရမှာဖြစ်ပြီး ဆရာမ မိုးစက်ပွင့်က ဘယ်အရာကို အနိုင်ပေးမလဲဆိုတာသိရအောင် ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီဝတ္ထုကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
…….
ခုလိုမျိုး ရသအချစ်ဝတ္ထု စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ လုံးချင်းဝတ္ထုစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts