ယနေ့အတွက် ဖတ်စရာကဏ္ဍ


နာမည်ကြီး စာရေးဆရာမ ပုညခင်ရဲ့ classic လက်ရာတစ်ခုဖြစ်တဲ့ ‘အနောက်တောင်အရပ်မှ လာခဲ့သူ’ ကို ဝန်ဇင်းမှာ ဖတ်နိုင်ပါပြီ ? ဆရာမရဲ့ fan မဟုတ်ဘူးဆိုရင်တောင် ဒီဝတ္ထုကို ဖတ်ကြည့်ဖို့ အထူး ညွှန်းချင်ပါတယ် ????
…..
???? စာအုပ်အမည် - အနောက်တောင်အရပ်မှ လာခဲ့သူ
✍ စာရေးဆရာမ - ပုညခင်
ဝတ္ထုရဲ့ ထူးခြားချက် ⏭ ဒီဝတ္ထုဟာ အချစ်အလွမ်း ချစ်ကြိုက်ကွဲညားဇာတ်လမ်း မဟုတ်ဘူးဗျ။ ခေတ်ကာလ သုံးခုကို အချိတ်အဆက်မိမိ ရေးပြသွားတယ်။ ပုညခင်ဆိုရင် အချစ်ဝတ္ထုပဲ ရေးနေတယ်လို့ ထင်သူတွေအတွက် လုံးဝ SURPRISE!!! ဖြစ်စရာပါပဲ။ သမိုင်းနောက်ခံဝတ္ထု ဟိုး … ရှေးရှေးကာလကို ပြန်လှည့်ထားတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် သုံးဆယ်ဝန်းကျင်က အဖြစ်အပျက်တွေကို ယူထားတာပဲ ဖြစ်တယ်။ “သမိုင်းနောက်ခံ…” လို့ ကြားလိုက်တာနဲ့ ပျင်းစရာကြီးနေမှာပဲလို့ မထင်ပါနဲ့။ ဖတ်ကြည့်လိုက်ပါဦး …. ။ 

	၁၉၈၀ ကျော် နှစ်များဆီက မန္တလေး ဦးပိန်တံတားကြီးနံဘေးမှာ ရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ ကျင်လည်ရာ ဘဝအထွေထွေ ပုံရိပ်တွေ … ။

	ပြီးတော့ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကာလ၊ မတည်မငြိမ် ခေတ်အခြေအနေအတွင်းမှာ မိသားစု ဘဝနေထိုင်ရေးအတွက် ရုန်းကန်ရင်း ဘဝရဲ့ ဒဏ်ရာတွေကို သင်ခန်းစာယူပြီး ရေမဆေးကျောက်တူးသမားဘဝကနေ အောင်မြင်မှု ရရှိလာတဲ့ - ဦးမင်းသစ်နိုင် … ။

	နောက်တစ်ဦးကတော့ - သတင်းထောက် မြတ်စောနှင်း - ၂၀၀၈ နာဂစ်ကြောင့် မိဘနဲ့ မောင်နှမတွေကို ဆုံးရှုံးပြီး စိတ်ဓာတ်တွေ အောက်ဆုံးအထိ ကျသွားရာကနေ လောကဓံကို ကြံ့ကြံ့ခံပြီး ခိုင်မာပြတ်သားတဲ့ ခံယူချက်နဲ့ ဘဝကို ကြိုးစားတည့်မတ်ခဲ့တဲ့ အတုယူစရာ မိန်းမသားပဲ … ။

	ပြီးတော့ - ခေတ်သွေး - သူဟာ အဆင်မပြေ နွေးထွေးမှုမရှိတဲ့ မိသားစုဘဝကနေ ဘေးကိုရောက်ပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေတဲ့ လူငယ်တစ်ယောက်၊ နောက်တော့ ဘဝကို  ကောင်းကောင်းမွန်မွန် ပြန်တည်ဆောက်နိုင်တဲ့သူ … ။ 

ကဲ … ဒီလို ဇာတ်ကောင်တွေကို ဘယ်လို ဇာတ်လမ်းမျိုးထဲမှာ ဘယ်လိုမျိုး လှလှပပလေး ချိတ်ဆက်ရေးသားပြသွားမလဲ ? ကိုယ့်ရဲ့ လက်ရှိ ဘဝအတွက် အသုံးချဖို့ ဘယ်လို သင်ခန်းစာယူစရာတွေ ရသွားမလဲ ? ဝတ္ထုကပေးတဲ့ ရသက ဘယ်လိုဖြစ်မလဲ ? ဆရာမ ပုညခင်ရဲ့ နာမည်ကြီးလက်ရာဟာ ဘယ်လိုများနေမလဲ ? 

ဝတ္ထုမှ ကောက်နုတ်စာသား ???? သမိုင်းသည် အစဉ်အမြဲ နာကြည်းနေရန် မဟုတ်၊ သင်ခန်းစာယူရန် ဖြစ်သည်။ သမိုင်းသည် နောက်ကြောင်းပြန်ရင်း နောက်တွင် ကျန်ရစ်နေမည် မဟုတ် … ။ ရှေ့သို့လှမ်းဖို့ ခွန်အားတစ်ရပ် ဖြစ်သည်။ သမိုင်းအား မေ့ဖို့ ကြိုးစားရန်မလို … ၊ ထာဝစဉ် အမှတ်ရရင်းဖြင့်သာ ကိုယ်စိတ်နှစ်ပါး ရင့်ကျက်စေရမည်ပင်။ လူတိုင်းတွင် အတိတ်ရှိသည်။ နိုင်ငံတိုင်းတွင် သမိုင်းရှိသည်။ အတိတ်နှင့်သမိုင်းသည် ဖျောက်ဖျက်လို့မရနိုင်ချေ။ 
….
ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ဆရာမပုညခင်ရဲ့ ဖေ့ဘုတ်စာမျက်နှာ ( Ponnya Khin ) မှာ ဖော်ပြခဲ့ဖူးတဲ့ မှတ်တမ်းလေးကို အမှတ်တရအဖြစ် ဖော်ပြလိုက်ပါရစေ ????
ဝတ္ထုပြီးချိန် - ၁၀. ၁၂. ၂၀၁၅
ဝတ္ထုအမျိုးအစား - သမိုင်းနောက်ခံဝတ္ထု
ဝတ္ထုရေးသားချိန် - ၃ လခွဲ
ဝတ္ထုမရေးခင် အချက်အလက်စုဆောင်း၊ စာဖတ်၊ စဉ်းစား၊ ခရီးထွက်၊ လေ့လာမေးမြန်းချိန် - ၂ လ
လက်ရေးစာမျက်နှာ - ၇၉၀ 
…..
။	။ စာချစ်သူတို့လည်း ဆရာမ ပုညခင်ရဲ့ ဒီဝတ္ထုကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line – 09 96999 8500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

 “ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts