ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ လူတိုင်းအတွက် ဆရာမင်းသိင်္ခ၏ တစ်သက်တာ ဟောစာတမ်းနှင့် အပျင်းပြေဖတ်ဖို့ တာတေရဲ့ ‘စုန်းကိုး မှော်ကိုး ကဝေကိုး’ … ]
…….
သင့်ဖတ်ဖို့ စာအုပ် ( ၁ ) 
စာအုပ်အမည် - စုန်းကိုး မှော်ကိုး ကဝေကိုး
စာရေးဆရာ - တာတေ

ဖတ်ညွှန်းတို - ဒီတစ်ခေါက်ကတော့ တာတေတစ်ယောက် ချစ်သူငယ်ချင်း မဖဲဝါကို ခဏအနားပေးထားပုံရတယ်။ အခုထွက်လာတဲ့ ဇာတ်လမ်းထဲမှာ မဖဲဝါကို မတွေ့ရသေးဘူး။ ဒါပေမဲ့ မဖဲဝါဇာတ်လမ်းတွေထက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်း အဖြစ်အပျက်တွေ ပါဝင်လာတယ်။ 

ပထမဆုံး ဖတ်ရမှာကတော့ တာတေရဲ့ ဆရာတစ်ယောက်က ‘ကြောင်တစ်ရာဗိုလ်အစွမ်း’ ရရှိရေး ကြိုးစားတဲ့ ကမောက်ကမ ဖြစ်ရပ်၊ ဒါနဲ့ တစ်ဆက်တည်း ဖတ်ရှုရမှာက ‘စုန်းကိုး မှော်ကိုး ကဝေကိုး’ အစီအရင်ကြီးအကြောင်း၊ နောက်တစ်ပုဒ်က တာတေကိုယ်တိုင် ပါဝင်တဲ့ ‘ကဝေသားခြောက်’ ၊ ပြီးတော့ ‘ဝါဘီလူးတောင်’ ၊ ‘ကျိန်စာသင့်တဲ့ဓား’ … စတဲ့ သရဲတစ္ဆေ ကဝေဂမ္ဘီရဆိုင်ရာ ဇာတ်လမ်းတွေကို ဖတ်ရှုရဦးမှာပါ။ 

ဒါကြောင့် အပျင်းပြေဖြစ်ဖြစ် အပျော်ဖြစ်ဖြစ် ဖတ်မယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ မြန်မာငွေကျပ် *၂၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

သင်ဖတ်ဖို့ စာအုပ် ( ၂ ) 
စာအုပ်အမည် - သင့်အတွက် ဘဝတစ်သက်တာ ဟောစာတမ်း
စာရေးဆရာ - မင်းသိင်္ခ

ဖတ်ညွှန်းတို - ဆရာမင်းသိင်္ခရဲ့ ဒီစာအုပ်ဟာ လူတိုင်းလူတိုင်း အိမ်မှာဆောင်ထားသင့်တဲ့ ဘဝတစ်သက်တာ ဟောစာတမ်းပဲ ဖြစ်ပါတယ်။ နေ့သားအလိုက် အသက်အပိုင်းအခြားအလိုက် ကံကြမ္မာကို ဟောပြော တွက်ချက်ထားပြီး ဆောင်ရန်ရှောင်ရန်များ၊ ကံပွင့်လာဘ်ပွင့်စေဖို့ ပြုလုပ် ဆောင်ရွက်ရမယ့် ယတြာများ၊ ဆောင်ပုံဆောင်နည်းများကိုလည်း အကျအန ရှင်းလင်း ဖော်ပြထားပါတယ်။ 

[ သင့်ဘဝ တစ်သက်တာအတွက် လွန်စွာမှ တိကျမှန်ကန်သော ဟောစာတမ်း ဖြစ်ပါတယ်။ သင့်ဘဝ၏ အခက်အခဲများကို ကြိုတင်သိရှိပြီး ကူညီဖြေရှင်းနိုင်စေရန်အတွက် မင်းသိင်္ခဆိုသည့် လူသားတစ်ဦး တွက်ချက်စီရင် ရေးသားပေးထားပါတယ်။ ကျွန်ုပ်ကိုယ်တိုင် မရှိတော့သည့် နောက်ပိုင်း ကျွန်ုပ်၏ ဝိညာဉ်သည် သင်တို့အနားမှာ တဝဲလည်လည်ဖြင့် သင်တို့၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးနေဦးမှာပါ။ ] ( မင်းသိင်္ခ )

***ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ ‘၁,၀၀၀’ ကျပ်***

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts