ယနေ့အတွက် ဖတ်စရာကဏ္ဍ


“တန်ခိုးရှင်များစွာနှင့် မိစ္ဆာအပေါင်းတို့၏ ဌာနေဖြစ်ရာ ခမ်းနားထည်ဝါလှသော စတေးဝါးမြို့တော်ကြီးနှင့် ဂျိနင်ရဲ့ အင်မော်တယ်လမ်းစဉ် ဘာလဲဘယ်လဲ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့ကတော့ ဝန်ဇင်းစာချစ်သူများအတွက် သတင်းထူးကြားရမယ့် နေ့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ‘ဒေါက်တာပန်ဒါ’ ( Dr. Panda ) ရဲ့ ဓားတန်ခိုးရှင်၏ဒဏ္ဍာရီဝတ္ထုရှည်ကြီးရဲ့ နောက်ထပ် စာစဉ်တွေကို စောင့်စားနေကြသူ စာဖတ်ပရိသတ်ကြီးအတွက်၊ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ဓားတန်ခိုးရှင်၏ဒဏ္ဍာရီ စာစဉ် - ၇ ကို တင်ဆက်လိုက်ပြီဖြစ်တဲ့ အကြောင်းပါပဲ။ “စာစဉ်သစ်မထွက်သေးဘူးလား၊ ဘယ်တော့ဆက်လက်ဖတ်ရှုရမှာလဲ” … စသဖြင့် ဓားတန်ခိုးရှင်စာစဉ်တွေကို စဉ်ဆက်မပြတ်အားပေး ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီး အခိုင်အမာရှိနေတာကို သိရတဲ့အတွက်လည်း ဝန်ဇင်းမှ အထူးကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျ။ 

“ဓားတန်ခိုးရှင်၏ဒဏ္ဍာရီ” စာစဉ်များကို ဝန်ဇင်းမှ တင်ဆက်လာခဲ့သည်မှာ ယခုဆိုရင်တော့ စာစဉ် ( ၇ ) အထိကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ( စကားစပ်လို့ဆိုရရင် Wun Zinn App ထဲမှာ ဒီဝတ္ထုရှည်ကြီးရဲ့ စာစဉ် ၁ နဲ့ ၂ ကို *အခမဲ့* ဖတ်ရှုခွင့်ပေးထားတယ်ဆိုတာကိုလည်း သတင်းစကားလေး ပါးပါရစေဦးဗျ။ ) အခု ထွက်ရှိလာတဲ့ စာစဉ် ( ၇ ) ကတော့ - “စတေးဝါးတားမြို့တော်” ပဲ ဖြစ်ပါတယ်။ 

ထုံးစံအတိုင်း စာအုပ်အကြောင်း ပြန်ညွှန်းရရင်တော့ Desolate Era ဆိုတဲ့ wuxia အမျိုးအစား ဝတ္ထုရှည်ကြီးကို ‘ဒေါက်တာပန်ဒါ’ က အခန်းဆက်အဖြစ် မြန်မာပြန်ဆိုနေတာပဲဖြစ်ပြီး သိုင်းဝတ္ထုရှည်ကြီးတစ်ပုဒ်လို့ ဆိုချင်လည်းရပါတယ်။ ဒါပေမဲ့ … အရင့်အရင့် ဖတ်ရှုမြင်တွေ့ကြ သမားရိုးကျ သိုင်းဝတ္ထုတွေနဲ့မတူဘဲ ( လုံးဝ ) လုံးဝကို ထူးခြားဆန်းသစ်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတဲ့ ခေတ်သစ်သိုင်းဝတ္ထုလို့ ဆိုရမှာပါ။ လူ့ပြည်၊ ငရဲပြည် နဲ့ နတ်ပြည် - သုံးလောကကို အခြေပြုပြီး ထွက်လာတဲ့ ဝတ္ထုအစ ( စာစဉ် ၁ ၊ ၂ ) တွေမှာကတည်းက စိတ်ဝင်စားမှုက အထွတ်အထိပ်ပါပဲ၊ စိတ်စွမ်းအင် - ချက္ကရစွမ်းအင် - ‘ယင်’ နှင့် ‘ယန်’ ကဲ့သို့သော လောကနိယာမတရားတွေ၊ စကြာဝဠာဆိုင်ရာ စွမ်းအင်များ၊ အဲ့ဒီအရာတွေနဲ့ ဆက်စပ်နေတဲ့ ကျင့်စဉ်သဘောတရားနဲ့ ရှုပ်ထွေးနက်နဲတဲ့ တန်ခိုးရှင်၊ ဝိညာဉ်တွေနဲ့ မိစ္ဆာပေါင်းများစွာတို့နဲ့အတူ ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုရှည်ကြီးဟာ “သိပ်ကိုလန်းလွန်းတယ်” လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ 

………….

သူ့ကိုယ်သူတော့ အခြေခံမခိုင်မာသေးဟု ယူဆပြီး အဖေ၊အမေနဲ့ ဦးလေးတို့အတွက် လက်စားချေနိုင်ဖို့ ကျောင်းတစ်ကျောင်းကိုတက်၊ အဓိကအင်အားကြီးတစ်ခုကို ကျောထောက်နောက်ခံယူပြီး ခိုလှုံဖို့ “စတေးဝါးတား” မြို့တော်ကြီးကို သွားရောက်ဖို့ ပြင်ဆင်နေတဲ့ ‘ဂျိနင်’ ၊ သူ့ရဲ့ အစီအစဉ်ထဲမှာတော့ ကျောင်းဝင်ခွင့်ရခဲ့ရင် အဆင့်မြင့် နတ်ဘုရားကျင့်စဉ်တွေနဲ့ ထိပ်တန်းအဆင့် ကီကျင့်စဉ်တွေကို လေ့ကျင့်ခွင့်ရဖို့ …. ။ 

တန်ခိုးရှင်တွေနဲ့ မိစ္ဆာပေါင်းစုံ စုဝေးရာဌာနေဖြစ်တဲ့ အရှေ့ပိုင်းမြို့တော်၊ အနောက်ပိုင်းမြို့တော်၊ တောင်ပိုင်းမြို့တော်နဲ့ မြောက်ပိုင်းမြို့တော်အပြင် ယင်းတို့ရဲ့ အလယ်ဗဟိုမှာရှိပြီး အခွင့်မရှိ မဝင်ရ လုံးဝတားမြစ်ထားတဲ့ ဘုရင်ခံနယ်မြေတို့နဲ့အတူ ပေါင်းစည်းထားသော “စတေးဝါးတား” မြို့တော်ကြီး၊ အရှေ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့တော်တွေမှာ တိုက်ခိုက်မှုကိုတားမြစ်ထားပြီး အင်မော်တယ်ပေါင်းစုံက အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ နယ်မြေ၊ အစွမ်းထက်လှတဲ့ ကျောင်းတော်ကြီးတွေ ကလန်ကြီးတွေနဲ့ ဂိုဏ်းကြီးတွေ လာရောက်ပြီး ကျောင်းခွဲတွေဖွင့်လှစ်ထားတဲ့ အနောက်ပိုင်းမြို့တော်။ 

စတေးဝါးနယ်မြေကြီးထဲမှာ ဂျိနင်တစ်ယောက် သိတာဆိုလို့ နှင်းနဂါးတောင် တစ်ခုပဲရှိပြီး အခြား အင်အားကြီးတွေအကြောင်း နကန်းတစ်လုံးမျှမသိ၊ ဒါပေမဲ့ စတေးဝါးနယ်မြေထဲမှာ နှင်းနဂါးတောင်ဟာ ထိပ်တန်းစာရင်းဝင်ကျောင်းလားဆိုတော့လည်း မဟုတ်၊ အင်မော်တယ်တွေ စောင့်ရှောက်နေတဲ့ ကျောင်းတော်တွေသာ ထိပ်တန်းစာရင်းဝင်တွေဖြစ်တဲ့အခါမှာတော့ အချက်အလက် စိုးစဉ်းကာမျှဖြင့် ‘နင်’ တစ်ယောက် စတေးဝါးရဲ့ ထိပ်တန်းအဆင့်ကျောင်းတော်ကြီးကို ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်တက်ရောက်မလဲ ? ဂျိနင်ရဲ့ အင်မောတယ်လမ်းစဉ်အတွက်ရော ဒီခရီးက အထောက်အကူဖြစ်စေမှာလား၊ ဘာတွေကြုံတွေ့ရဦးမလဲ ?

“ဒီဓားသိုင်း … ဒီလောက်အစွမ်းတွေ … ဒါက နတ်ဘုရားသိုင်းပညာ မဟုတ်တော့ဘူး။ သူ့ရဲ့ ရှုပ်ထွေးလှတဲ့ ဓားသိုင်းနဲ့ဆိုရင် သူကအခုဆို တာအိုနယ်မြေအဆင့်ကို ရောက်နေပြီပဲ၊ ဒါပေမဲ့ သူက ဇီဖူအဆင့်ပဲ ရှိသေးတာဆိုတော့ ပြောရတာလည်း ခက်တယ်။ သူ ဒီလောက်ကို မြင့်မားတဲ့ နားလည်မှုအဆင့်ကို ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး … ဒါပေမဲ့ ဒီဓားချက်၊ ငါအခုမြင်နေတာတွေက တကယ်ပဲလား” ( ….. ) 

“အိုး … မဖြစ်ဘူး မဖြစ်ဘူး … လူတွေအများကြီး အခုကြည့်နေကြတာ၊ ဒီသတင်းက သေချာပေါက်ကို ပျံ့နှံ့တော့မှာပဲ၊ ငါ့ရဲ့ဂိုဏ်းက ဒီလို အင်မတန်မှ ကြောက်စရာကောင်းလှတဲ့ ပါရမီရှင်တစ်ယောက် င့ါကြောင့် ကျောင်းကို မဝင်လာတော့တာ သိသွားကြရင် ငါ ဒုက္ခလှလှတွေ့ပြီ” ( ….. )
 
သာမန်ဇီဖူတန်ခိုးရှင်တစ်ယောက်အတွက်တော့ ကျောင်းတက်နိုင်ဖို့ ခက်ခဲပေမယ့်လည်း ဂျိနင်လို ပါရမီရှင်မျိုးအတွက် အင်အားကြီးတွေကို ခိုလှုံဝင်ရောက်ဖို့အတွက်ရော လွယ်ကူမှာလား ? ဂျိနင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြတဲ့ ဂိုဏ်းအသီးသီး အဖွဲ့အစည်းအသီးသီးက တန်ခိုးရှင်တွေ … စတေးဝါးမှာ ကျောင်းတက်ခွင့်ဖို့ နဂါးမှန်းသိအောင် အမောက်လည်းထောင်၊ မီးလည်းမှုတ်ပြလိုက်တဲ့ ဂျိနင်တစ်ယောက် ဘယ်လိုတိုက်ပွဲမျိုးတွေ ရင်ဆိုင်ရမလဲ … အရာအားလုံးဟာ စိတ်ဝင်စားဖို့ကောင်းနေတာမို့ ခုပဲ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ၏

ဒေါက်တာပန်ဒါရဲ့ ထွက်ခဲ့ပြီးသော စာစဉ်များကိုလည်း Wun Zinn App ထဲမှတစ်ဆင့် ရယူဖတ်ရှုနိုင်ပါတယ်လို့ ဖြည့်စွက်ပြောကြားပါရစေခင်ဗျာ။ 
…….
ဒေါက်တာပန်ဒါရဲ့ မြန်မာပြန်လက်ရာ သိုင်းဝတ္ထုရှည်ကြီးကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။






Related Posts