ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“တာတေရဲ့ Action Drama ဇာတ်လမ်းဆန်တဲ့ ညမဖတ်ရစီးရီးတစ်အုပ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများထဲက တာတေရဲ့ ပရိသတ်တွေအဖို့ ခပ်မိုက်မိုက်ဇာတ်လမ်းတွေပါဝင်တဲ့ ဝတ္ထုသစ်တစ်အုပ် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာတဲ့ “ကွင်းပိုင်နှမမဖဲဝါ” ပဲ ဖြစ်ပါတယ်။ တာတေရဲ့ ‘ညမဖတ်ရ’ စီးရီးအသစ်အဖြစ် ထွက်လာတာပဲ ဖြစ်ပြီး အပျော်ပဲဖတ်ဖတ်၊ အပျင်းပြေဖတ်ဖတ်၊ အတည်ပဲဖတ်ဖတ်၊ အရယ်ပဲဖတ်ဖတ် … ဖတ်ရပျော်မယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။ 

မဖဲဝါကို ကန်ထရိုက်ဆွဲထားတဲ့အတိုင်း တာတေရဲ့ အရင့်အရင့် ဇာတ်လမ်းတွေမှာတော့ မဖဲဝါကိုကိုက်တဲ့တစ္ဆေ၊ ငရဲခွေးကြီးတွေနဲ့မဖဲဝါ၊ မဖဲဝါကိုဖမ်းမဲ့ကဝေ … စသည်စသည်ဖြင့် မဖဲဝါတစ်ယောက် ကံနိမ့်နေချက်က ခုထိ မပြီးဘူးလို့ဆိုရမယ်ဗျ။ ဒီစာအုပ်ထဲမှာလည်း မဖဲဝါတစ်ယောက် သူ့ထက်အဆင့်မြင့် ဝါရင့်သမ္ဘာရင့် ကဝေတစ်ပါးရဲ့ ဖမ်းဆီးချုပ်နှောင်မှုကိုခံရပြီး ကိုယ်ရောင်ပင် မဖော်ပြနိုင်အောင် ဘေးဒုက္ခကြုံနေရပြန်လေရဲ့။ 

[ ကျုပ်တို့ ထနောင်းကုန်းသားတွေအတွက်ကတော့ ဒီနေ့ဟာ ‘ခြေရာနေ့’ ဖြစ်သွားတော့တာပေါ့ဗျာ။ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစ်နေ့လုံး ဒီခြေရာအကြောင်းတွေပဲ ပြောနေတော့တာပေါ့ဗျာ။ ရွာထဲက သက်ကြီးရွယ်အိုတွေကလည်း သူတို့ဘဝမှာ တွေ့ကြုံခဲ့ဖူးတဲ့ ခြေရာတွေအကြောင်း ပြောကြတော့တာပေါ့ဗျာ။ 

တချို့ကလည်း ဒါကို ဘီလူးခြေရာလို့ ပြောကြတယ်။ ရွာနီးတစ်ဝိုက် ညဘက်မသွားဖို့ မလာဖို့ ပြောတဲ့လူကပြော၊ နေဝင်ရင် ရွာပြင်မထွက်ကြနဲ့ … ရွာနားကို ဘီလူးကပ်တယ်လို့ ဆိုသူကဆို။ ညဘက်ကို ကလေးငယ်လေးတွေ သိပ်မငိုအောင် အမေတွေက ဂရိုစိုက်ဖို့ ပြောတဲ့လူကပြော။ 

တချို့လူကြီးတွေကျတော့လည်း ဒါဟာ မြေဘုတ်ဘီလူးခြေရာလို့ ပြောကြတယ်။ ညရောက်ရင် ဝိုင်းဝက မြေကြီးပေါ်မှာ ဖယောင်းတိုင်ငါးတိုင်စိုက်ပြီး ထွန်းဖို့ ပြောကြတယ်။ ဒီတော့မှ ကျုပ်လည်း ခြေရာဆိုတာ လူတွေ စိတ်ဝင်စားတဲ့ အရာတစ်ခုပဲဆိုတာ သိရတော့တယ်။ ] ( ကွင်းပိုင်နှမမဖဲဝါ … မှ ) 

မဖဲဝါဝိညာဉ်တွယ်နေတဲ့ အရုပ်ကလေးရှိနေတာကို ရွာကို အသိမပေးဘဲ ဖုံးကွယ်ထားတဲ့ တာတေတစ်ယေက်၊ သူ့ရဲ့ သူငယ်ချင်းလိုလိုကို ဖြစ်နေတဲ့ မဖဲဝါဟာ အခြားအဆင့်မြင့် ပညာရှင်တစ်ဦးရဲ့ ဖမ်းချုပ်ခြင်းကို ခံရပြီး ဒုက္ခသုက္ခရောက်နေချိန်မှာတော့ မဖဲဝါပျောက်လို့ လိုက်ရှာနေရရှာတဲ့ သူ့အကိုကွင်းပိုင်ကြီး၊ မိတ်ဆွေအရင်းအချာလို ဖြစ်နေသူ တာတေကလည်း နေမထိ ထိုင်မသာ၊ ရွာမှာလည်း အထူးအဆန်းတွေ ဖြစ်ပေါ်လို့ပေါ် ….. 

ဒီလိုနဲ့ပဲ တာတေနဲ့ မဖဲဝါတို့ရဲ့ Action Drama ဇာတ်လမ်းကတော့ ဘယ်လိုဖြစ်မလဲဆိုတာ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၂၅၀* ကျပ်တည်းဖြင့် ဈေးနှုန်းအလွန်သက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ကြပါဦးခင်ဗျ။ 

တာတေရဲ့ အခုစာအုပ်ထဲမှာ ‘ကွင်းပိုင်နှမမဖဲဝါ’ အပြင် အပိုဆောင်းအနေဖြင့် ‘ကိုယ်တော်လေးရဲ့ကြင်ယာတော်’ ၊ ‘တစ်ပွဲစားသရဲ’ ၊ ‘တွင်းအောင်တစ္ဆေ’ … စတဲ့ အခြားစိတ်ဝင်စားဖွယ်ကောင်းသော ဝတ္ထုတိုဇာတ်လမ်းများကိုလည်း ဖတ်ရှုရဦးမှာ ဖြစ်ပါတယ်။ 
…….
တာတေရဲ့စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts