ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မိုးအေးအေးနဲ့ အခန်းအောင်းရင်းဖတ်ဖို့ ဝတ္ထုသုံးအုပ်”

မင်္ဂလာပါ ဝန်ဇင်းချစ်ပရိသတ်ကြီးရှင့် … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ စာအုပ်သစ်တွေ ထွက်ရှိလာပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ ခွန်သက်တင်ဆန်းရဲ့ “လွင့်မျောမိုးတိမ်နှင့် စစ်ဝတ္ထုတိုများ” ၊ စာရေးဆရာကြီး ရန်အောင်ရဲ့ “စာဆိုနှင့် လက်ရာမွန်ဝတ္ထုတိုများ” ၊ စာရေးဆရာမ မိုဇာလျန်းဝေရဲ့ “ချစ်မိတဲ့သူကို” … စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ရှင့်။ ဒီစာအုပ်တွေကို ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ မိုးအေးအေးမှာ အခန်းအောင်းရင်း ဖတ်ရှုလိုက်ရအောင်နော်။ 

၁။ “လွင့်မျောမိုးတိမ်နှင့် စစ်ဝတ္ထုတိုများ” – စာရေးဆရာ ခွန်သက်တင်ဆန်းရဲ့ “လွင့်မျောမိုးတိမ်နှင့် စစ်ဝတ္ထုတိုများ” စာအုပ်ကို ဖတ်ရှုလိုက်မယ်ဆိုရင် တပ်မတော်သားဘဝကို နှစ်ပေါင်း ၄၀ ကြာ ဖြတ်သန်းခဲ့သူတစ်ဦးရဲ့ စစ်သားဘဝ ဖြစ်ရပ်မှန်အတွေ့အကြုံတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ စစ်သားဘဝကို အခြေခံပြီး စစ်ဝတ္ထုတို ( ၁၇ ) ပုဒ်အဖြစ် ရေးသားဖွင့်ဟထားတာဖြစ်ပြီး ရသစုံကို ဖတ်ရှုခံစားကြရမှာပါ။ 

စာရေးသူရဲ့ … ဘဝကန္တာရထဲမှ ဟာသပျားရည်စက်များ၊ ရင်သို့စူးဝင်စစ်မြေပြင်၊ အသိုက်အဝန်း … စတဲ့ စာအုပ်တွေကိုလည်း စာဖတ်သူတွေ နှစ်သက်အားပေးခဲ့ကြပါတယ်။ အခုတစ်ကြိမ်မှာလည်း စစ်သားဘဝအတွေ့အကြုံတွေပါဝင်တဲ့ ဝတ္ထုတိုစာအုပ်သစ် ထပ်မံထွက်ရှိလာတာပဲ ဖြစ်ပြီး ဖတ်ရှုမိလိုက်တိုင်း ဝတ္ထုတိုတစ်ပုဒ်ချင်းစီဟာ စာဖတ်သူအတွက် ရသတစ်မျိုးစီ ရစေမှာပဲ ဖြစ်ပါတယ်ရှင့်။ ဒီတော့ ဝန်ဇင်းစာချစ်ပရိသတ်ကြီးလည်း ကိုယ့်နိုင်ငံရဲ့ တပ်မတော်တွင်းမှာ စစ်သားဘဝအဖြစ်၊ တပ်မတော်အရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးရဲ့ ရင်ထဲက ပြောလိုတဲ့စကားတွေကို သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါဦးနော်။ 

၂။ “စာဆိုနှင့် လက်ရာမွန်ဝတ္ထုတိုများ” - ဒီစာအုပ်ထဲမှာတော့ နာမည်ကျော် စာရေးဆရာဖြစ်သူ ဆရာကြီးရန်အောင်ရဲ့ လက်ရာမွန်ဝတ္ထုတိုပေါင်း ( ၉ ) ပုဒ်ကို ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ်၊ ဧကရာဇ်ခေတ်မှ စာဆိုများ ( စာရေးဆရာများ ) ကို ပြန်လှည့်ကြည့်ပြီး … 

မင်းလိုလိုက်ပြီး မင်းကြိုက်လျှောက်ရတဲ့
တော်သုံးစာဆိုတော်ကြီး မဖြစ်ချင်ပါဘူး။
ကိုယ်ရေးချင်တာကို လွတ်လွတ်လပ်လပ်
ရေးနိုင်တဲ့ စာဆိုရိုးရိုးဘဝကိုပဲ နှစ်သက်ပါတယ်။ … ဆိုတဲ့ “စာဆို” ဝတ္ထုတိုကစလို့ ကန်ဇွန်းနွယ်၊ နှစ်ဇာတ်တစ်စိတ်၊ ရာဇဝင်၊ ပညာရှင်၊ မာလာရီ၊ ဤရနံ့၊ အလုပ်သမား၊ တိုင်းလုံးကျော် … စတဲ့ ဝတ္ထုတိုတွေဟာ ဝန်ဇင်းစာချစ်ပရိသတ်ကြီးများအတွက် မမေ့နိုင်စရာ ရသဝတ္ထုတိုတွေအဖြစ် ရင်ထဲကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် ဆရာကြီးရန်အောင်ရဲ့ ဝတ္ထုတိုလက်ရာတွေကို ဖတ်ရှုခံစားနိုင်ဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။ 

၃။ “ချစ်မိတဲ့သူကို” - စာရေးဆရာမ မိုဇာလျန်းဝေရဲ့ ဒီဝတ္ထုကတော့ ဝန်ဇင်းစာချစ်သူတို့ရင်ထဲကို မေတ္တာရေအလျဉ် စီးဆင်းသွားစေမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင့်။ ဒီစာအုပ်ထဲမှာ မိခင်ကွယ်လွန်သွားပြီးနောက်ပိုင်း ဖခင်နဲ့ မောင်နှမသုံးယောက်တို့ကြားက မိသားစု သံယောဇဉ် ချစ်ခြင်းမေတ္တာကို ဦးစွာ မြင်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။ 

[ ဖခင်အတွက် ဟင်းကိုဦးချခွဲထားပြီး မောင်နှမနှစ်ယောက် ထမင်းလက်ဆုံစားသည်။ ဟင်းချေးများခဲ့သော မေဖြိုးဆွေက ထမင်းကို အားရပါးရစားနေသည်။ ညီမနှင့် မောင်လေး ထမင်းစားသည်ကိုကြည့်ပြီး မေမိုးဆွေရဲ့ ရင်ထဲမှာ ထမင်းကောင်း ဟင်းကောင်းများ ကျွေးချင်သည့် စေတနာတွေ တဖွားဖွား ပေါ်လာနေသည်။ 
“ကြက်သားဟင်းမစားရတာကြာပြီနော် မမဖြိုး”
“အေးဟယ် .. ကြက်ဝက်ဆိုတာ စိတ်ကူးယဉ်နဲ့စားနေရတဲ့ ဟင်းတွေပေါ့”
ရယ်မောနောက်ပြောင်ပြောသော မျိုးဆွေရဲ့စကားက မေမိုးဆွေရဲ့ရင်ကို နင့်ခနဲ ခံစားစေသည်။
“ဟုတ်ပါ့ဗျာ၊ ဒီဘဲဥကြော်လေးကို ဝက်သားပေါင်းလို သဘောထားပြီး စားရတာ မြိန်လိုက်တာဗျာ”
“မမမိုး အလုပ်လျှောက်ထားတာလဲ မရသေးဘူးကွယ်၊ မမမိုး ဝင်ငွေရှိလာရင် မောင်လေးနဲ့ ညီမလေးကို ဟင်းကောင်းတွေ ချက်ကျွေးမယ်သိလား” 
“အလုပ်မြန်မြန်ရအောင် လုပ်စမ်းပါ မမမိုးရယ်”
“ကြိုးစားနေပါတယ် မောင်လေးရယ်” 
မောင်လေးတွေ ညီမလေးတွေကို ပြည့်စုံကြွယ်ဝသော ဘဝမှာ မေမိုးဆွေက ထားချင်ပါသည်။ ဝယ်ချင်စားချင်သည့် ဆန္ဒတွေ အကုန်လုံးကို ဖြည့်ဆည်းပေးလိုလှပါသည်။ ]

ဆယ်တန်းအောင်ပြီး ညီမချောလေး မေဖြိုးဆွေ၊ စာပေဝါသနာပါတဲ့ အငယ်ဆုံးမောင်လေး မျိုးဆွေ၊ သူတို့လေးတွေအတွက် အမကြီး အမိရာနေမှာရှိနေသူ အသက် ၂၀ ကျော်စအရွယ် မေမိုးဆွေ၊ အရက်မဖြတ်နိုင်သေးပေမဲ့ သားသမီးတွေအပေါ် မေတ္တာမပျက်၊ တတ်နိုင်သလောက် အိမ်စရိတ် ရှာဖွေပေးနေသူ ဖခင်။ သူတို့မိသားစုရဲ့ ရှေ့ဆက်ခရီးလမ်းမှာ ဘာတွေကြုံတွေ့ရမလဲ၊ စာရေးသူ အမည်ပေးထားတဲ့ ဝတ္ထုနာမည်က ဘယ်လိုဇာတ်လမ်းမျိုးကို ခင်ကျင်းပေးသွားမှာလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီဝတ္ထုလေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါဦးနော်။ 
…………. 
ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတွေ၊ စာအုပ်တွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူဖတ်ရှုလို့လည်းရ၊ ကိုယ်နဲ့မကွာ ရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ … ဒီလို အခွင့်အရေးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီလို စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦး။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ဝတ္ထုစာအုပ်ကောင်းတွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  


Related Posts