ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


" လှပသောစိတ်ကို ဖွံ့ဖြိုးတိုးတက်စေသင့်သည်ဟု အထင်ရောက်ပြီဆိုလျှင် ယခုစာအုပ်သည် စိတ်အလှဖြင့် ဘဝတွင် နေသားတကျဖြစ်ဖို့ အဖိုးထိုက်လှသောစာအုပ်ပင် " 

ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ .......

အထက်မှာ ဖော်ပြခဲ့သလိုပဲ စိတ်အလှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ( လုံးဝ ) အထောက်အကူပြုမယ့် စာအုပ်တစ်အုပ်နဲ့ ဝန်ဇင်းစာချစ်ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုပါတယ်။ အဲ့ဒါကတော့ စာရေးဆရာမြတ်ငြိမ်း ဘာသာပြန်ထားတဲ့ "စိတ်အလှဖြင့် ဘဝကိုအလှဆင်" စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဆရာမြတ်ငြိမ်းက ဒီစာအုပ်ပါ အကြောင်းအရာတွေကို 'မိုးဂျာနယ်' မှာ လစဉ်အခန်းဆက်အဖြစ် ဖော်ပြခဲ့ပြီး အခုလို စာအုပ်အဖြစ် တစ်စုတစ်စည်းတည်း ထုတ်ဝေလိုက်တာပါ။ ယခုစာအုပ်ရဲ့ မူရင်းစာအုပ်ဟာ "How To Have a Beautiful Mind" ဖြစ်ပြီး ရေးသားသူကတော့ စဉ်းစားတွေးခေါ်မှုနယ်ပယ်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ကျင်လည်ခဲ့တဲ့ Edward de Bono ပါပဲ။ 

ကျွန်တော်တို့ဟာ ဂရိတွေးခေါ်ပညာရှင်ကြီး အရစ္စတိုတယ်လ်ပြောသလို Social animal ( လူမှုရေးသတ္တဝါ ) တွေပါပဲ။ ကျွန်တော်တို့နဲ့ ပတ်သက်ဆက်စပ်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ဟာ နေ့စဉ် ထိတွေ့ ဆက်ဆံနေရတာဖြစ်ပါတယ်။ ဒီအခါ နှုတ်မှုရေးရာကိစ္စက အဓိက အရေးပါဆုံးအချက် ဖြစ်လာပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ ဒီလို နှုတ်မှုရေးရာ ပြောဆိုနည်းတွေနဲ့အတူ စိတ်အလှတည်ဆောက်နည်းကိုပါ ဦးစားပေး ဖော်ပြထားတာတွေ့ရမှာပါ။

" စိတ်အလှဟူသည် လှပသော ပင်ကိုယ်အရည်အသွေးတစ်ခုမျှသာ မဟုတ်ပေ။ လှပသော ပင်ကိုယ်အရည်အသွေးသည် သင့်စိတ်ကို လှပအောင် ဖန်တီးပြုပြင်နိုင်သလို အခြားသူများ၏ စိတ်ကိုလည်း လှပစေနိုင်ပါသည် " ( ယင်းစာအုပ်မှ ... ) 

ဒီစာအုပ်ထဲမှာ စဉ်းစားတွေးခေါ်မှု ပုံစံမျိုးမျိုးကို မိတ်ဆက်ထားတယ်။ အဓိကဇောင်ပေး တင်ပြထားတာတွေကတော့ လူမှုဆက်ရေးအသိုင်းအဝိုင်းမှာ လိုအပ်တဲ့ နှုတ်မှုရေးရာ ပြောဆိုနည်းလမ်းများပဲ ဖြစ်ပါတယ်။ စကားဝိုင်းနဲ့ ဆွေးနွေးပွဲတွေမှာ လိမ္မာပါးနပ်စွာ ပြောဆိုတတ်အောင် လေ့ကျင့်ပြီး ချစ်သူခင်သူ ပေါများလာအောင်၊ မိမိကိုယ်မိမိ နှစ်လိုဖွယ်ကောင်းသူတစ်ယောက် ဖြစ်အောင် လေ့ကျင့်တည်ဆောက်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းတွေကို ဖတ်ရှုရမှာပါ။ 

" သင်သတိရနေရမည့် အရေးအကြီးဆုံးအချက်မှာ ဤစာအုပ်ထဲတွင် ဖော်ပြထားသမျှ အရာရာတိုင်းသည် စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု၏ တစ်ပိုင်းတစ်ကဏ္ဍသာ ဖြစ်သည်ဆိုသည့်အချက် ဖြစ်၏။ သည်လို စဉ်းစားတွေးခေါ်နိုင်ဖို့ ညဏ်ရည်ပြကိန်း မြင့်မြင့်မားမား ရှိဖို့မလို။ ပညာတွေ အကြီးအကျယ် တတ်ထားဖို့မလို။ သတင်းအချက်အလက်တွေ နားလျှံအောင် ကြားသိထားဖို့မလို။ ကြိုးစားလုပ်ဆောင်လျှင် ဘယ်သူမဆို စိတ်အလှကို ဆောက်တည်ယူလို့ရ၏။ " ( စာအုပ်၏နိဂုံးအပိုင်းမှ ... ) 

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့အတူ စာဖတ်သူရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလာအောင် တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြ ပြောဆိုထားတာကို စိတ်ဝင်တစား တွေ့မြင်ရမှာပါ။ 

ကဲ.. ဒီလိုဆိုရင်ဗျာ၊ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်ရအောင် ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts