ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာအုပ်အမည် 	-	အပျိုစင်ဒွေးချိုး

စာရေးသူ	-	ဗျူး

စာအမြည်း	-	"ကျွန်တော် ဘာထူးခြားလာသလဲဆိုတာ ကိုကို အသိဆုံး ဖြစ်သင့်တယ်"

"ဘာရယ် မင်းစကားက ဘာလဲ ဇုန်"

"ကျွန်တော့်ကို ကိုကိုပဲ အင်္ဂလန်ပို့ခဲ့တာလေ၊ ကျွန်တော့်အတွက် သင့်တော်မယ်ထင်လို့ ကိုကို စီမံခဲ့တာပဲ၊ အခုတော့ ဘာမှ ထူးခြားမလာဘူး ထင်တာပဲ"

"ဇုန် မင်း ငါ့ကို ရိနေတာလား မင်းအတွက် ငါ့မှာ ရည်ရွယ်ချက်တွေနဲ့ ဒီမှာ အစီအစဉ်တွေ ဆွဲခဲ့တယ်၊ အားစိုက်ခဲ့တယ်၊ မင်းအလုပ်ထွက်ခဲ့တဲ့ စက်ရုံကြီးက အတွေ့အကြုံတွေနဲ့ ကိုကို့ရဲ့ အသားစည်သွပ်ဘူး စက်ရုံမှာ မင်း ဦးဆောင်နိုင်ဖို့ ရည်ရွယ်ခဲ့တာကွ"

"အဲဒါ ကိုကို့ စီမံကိန်းလား၊ ဆောရီးပဲ ကိုကို ကျွန်တော် ဘာမှမသိဘူး၊ ကိုကို ဘာမှလည်း မပြောခဲ့ဘူး၊ ပြောခဲ့ရင်လည်း ကျွန်တော် စိတ်ဝင်စားမှာ မဟုတ်ဘူး"

"ဟင်"

"ဟုတ်တယ် ကျွန်တော့်အနာဂတ်ကို ကျွန်တော့်ဘာသာ ထုဆစ်ချင်တယ် ကိုကိုရဲ့ ပုံစံခွက်ထဲမှာ ကျွန်တော် ဘယ်လိုမှ ပုံပေါ်လာမှာ မဟုတ်ဘူး၊ ကျွန်တော် ဝန်ခံတယ်၊ ကိုကို့လောက် ကျွန်တော် မတော်ဘူး"

----------------------------

"ဇုန် စကား ဘာမှားသွားသလဲ ကိုကို၊ မေးသင့်တဲ့ မေးခွန်းကို မေးတာပါ၊ အမှန်ဆို မွေးနေ့ညကတည်းက ဒေါ(လ်) ရှေ့မှာ မေးမလို့"

"ဟေ့ကောင် မင်းပါးစပ်ပိတ်ထား"

"ဘာလို့ ဒီလောက် ဒေါသကြီးနေတာလဲ၊ ဒေါ(လ်) ကို ကိုကို ချစ်နေသလား မေးမိတာလောက်နဲ့ ရှုးရှုးရှားရှား ဖြစ်စရာမရှိဘူး"

"မင်းစကားက ဘာလဲ ဇုန်၊ ဒေါ(လ်) နဲ့ မင်း လက်ထပ်မယ်လို့ မင်း ငါ့ကို ဖွင့်ပြောတယ်၊ ပြီးတော့ မင်း ဒီရက်တွေမှာ ဒေါ(လ်) ကို ဆက်ဆံနေပုံတွေက မဟုတ်ဘူး"

"ကျွန်တော့်စိတ်နဲ့ ကျွန်တော် လုပ်နေတာတွေကို ကိုကို ဘာလို့ ဝေဖန်နေတာလဲ၊ ဒေါ(လ်) ကို ကျွန်တော် လက်ထပ်မယ် ပြောခဲ့တာပဲ ရှိတယ်၊ တကယ် လက်ထပ်တာ မထပ်တာ ကျွန်တော့်ကိစ္စပဲ" 

- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၆၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ  

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။

- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts