ယနေ့အတွက် ဖတ်စရာကဏ္ဍ


ဆရာမြသန်းတင့် နောက်ဆုံးဘာသာပြန်ဆိုခဲ့သော စာအုပ်၏ နောက်ဆုံးအတွဲကို ဝန်ဇင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ဒီနေ့ကတော့ စာချစ်သူများအတွက် သတင်းကောင်းကြားရတဲ့နေ့ပါပဲခင်ဗျ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ စတင်မိတ်ဆက် တင်ပြခဲ့တဲ့ ဆိုဗီယက်စာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ “လူများ၊ သက္ကရာဇ်များ - ဘဝ” စာအုပ်၊ ဒီစာအုပ်ကို ပင်ကိုရေးနှင့် ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ဆိုခဲ့တဲ့ နောက်ဆုံးပိုင်းကို ဝန်ဇင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။
 
ကမ္ဘာကျော် ဆိုဗီယက်စာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Ilya Ehrenberg’s Memories; Men, Years-Life” ဆိုတဲ့စာအုပ်ကို ဘာသာပြန်ထားတာပဲဖြစ်ပြီး ဆရာမြသန်းတင့် မကွယ်လွန်မီ နောက်ဆုံးနှစ်များအတွင်း ဘာသာပြန်ခဲ့တဲ့ လက်ရာကောင်းတစ်ခုလို့ ဆိုရမှာပါ။ အခုဖတ်ရှုနိုင်မယ့်စာအုပ်ထဲမှာ စာရေးသူဖြတ်သန်းခဲ့တဲ့ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းပုံရိပ်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ 

[ ငြိမ်းချမ်းသောကာလ၌ လူတစ်ယောက်သည် သူ့လမ်းကြောင်းအတိုင်း သူသွားပါသည်။ သူ့ကိုယ်ပိုင် ပျော်ရွှင်မှုနှင့် သူ့ကိုယ်ပိုင် ဝမ်းနည်းမှုများ ရှိပါသည်။ စစ်မှာမူ အရာအားလုံးကို အရောင်တစ်ရောင်တည်း ခြယ်ပစ်လိုက်ပါသည်။ ထိုမျှမက ခံစားချက် ကွဲပြားမှုတို့ကိုလည်း အဆုံးသတ်ပစ်လိုက်ပါသည်။ ] ( အမှတ်တရမှတ်တမ်းများ … မှ ) 

“ကျွန်တော်က ဟစ်တလာကြီးကျယ်တာကိုလည်း စိတ်မဝင်စားဘူး။ သူ့ကိုလည်း အထင်မသေးဘူး။ သူက သူပဲ။ အဲ တစ်ခုတော့ရှိတယ်။ ဟစ်တလာက ဂျာမန်လူမျိုးရဲ့ ဇာတိမာန်ကိုတော့ နှိုးပေးခဲ့တာ အမှန်ပဲ။ ဒီတစ်ချက်ကတော့ သူ့ကို ချီးကျူးရမယ်။ နာဇီပါတီရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ကွန်မြူနစ်ဝါဒ အမြစ်ဖြုတ်ရေးနဲ့ ရေဝတီသုတ်သင်ရေး လုပ်ငန်းစဉ်တွေပါတယ်။” ( ဂျာမန်ထောက်လှမ်းရေးအရာရှိ အော်တိုဇင်းစကား ) 

[ အာရင်ဘတ်သည် စာရေးဆရာတစ်ယောက်အဖြစ် ပါရမီကြီးလှသည်သာမက အသက်ရှင်နိုင်သည့် အရေးတွင်လည်း မှတ်သားရလောက်အောင် ပါရမီထူးလှသူဟု ပြောစမှတ်ပြုကြသည်။ သူ ရှင်သန်နေထိုင် ဖြတ်သန်းခဲ့ရသည့် ကာလများကို သရုပ်ကျကျ ပြန်လည်တွက်ချက်ကြည့်မည် ဆိုပါက သူသည် အနည်းဆုံး ၃ ကြိမ် ၄ ကြိမ်က သေမိန့်ကျသင့်သည့်သူတစ်ယောက် ဖြစ်နေသည်မှာ သေချာလွန်းလှသည်။ ဤစာအုပ်တွင် သူ့ဘဝ သူ့အကြောင်း သူ့အမြင်ကို အိတ်သွန်ဖာမှောက် မခြွင်းမချန် မကွယ်မဝှက် ရေးသားခဲ့သည်ဟု ယူဆကြပေသည်။ ] ( စာအုပ်မှ … ) 

အာရင်ဘတ်ရဲ့ စာပေတွေဟာ စာချစ်သူတို့နဲ့ စိမ်းနေမှာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ “The Life of the Automobile” ကို ဆရာကြီးမြသန်းတင့်က “မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ” အဖြစ်၊ ကမ္ဘာကျော်လက်ရာဖြစ်တဲ့ “The Fall of Paris” ကို “ပါရီကျဆုံးခန်း” အဖြစ် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ဖူးပါတယ်။

အာရင်ဘတ်ဟာ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စပိန်ပြည်တွင်းစစ်တွေမှာ စစ်သတင်းထောက်အဖြစ် ပါဝင်လှုပ်ရှားခဲ့တဲ့ စာနယ်ဇင်းသမား၊ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ သမိုင်း၊ လူနေမှုအခြေအနေ၊ နိုင်ငံရေး၊ ခေတ်စနစ် အနေအထားနဲ့ စာပေနယ်ပယ်ထဲက ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားတွေအပြင် ကဏ္ဍအသီးသီးက အသိပညာရှင် အတတ်ပညာရှင်များ …. စသူတို့နဲ့ ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်၊ ကိုယ်ပိုင်အတွေးအမြင်တို့ကို ဒီစာအုပ်ထဲမှာ မခြွင်းမချန် ထုတ်ဖော်ထားတယ်။ 

အတ္ထုပ္ပတ္တိစာပေဖြစ်ပေမဲ့ မိမိတစ်ယောက်တည်းအကြောင်းကိုချည်း သီးသန့်ရေးထားတာမဟုတ်သလို ရသဆန်ဆန် စာနယ်ဇင်းအရေးအသားကြောင့် စာဖတ်သူတို့ ငြီးငွေ့ရမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် … ဆရာမြသန်းတင့်ရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့စာအုပ်ကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ဆရာကြီး မြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts