ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်​ဇင်းစာချစ်​ပရိသတ်ကြီး မင်္ဂလာပါခင်​ဗျ ...

ဒီ​နေ့မှာ ဝန်​ဇင်းစာချစ်​ပရိသတ်ကြီးအတွက်​ မိတ်​ဆက်​​ပေးချင်​တဲ့ စာအုပ်​က​တော့ နာမည်​ကြီး တရုတ်​သိုင်းဝတ္ထုတစ်​ခုဖြစ်​တဲ့ "နဂါးနိုင်ဓား" ဝတ္ထုကြီးပါပဲ၊ ဒါကို အပိုင်း​တွေခွဲပြီး အခန်းဆက်​ဝတ္ထုအဖြစ်​ ဝန်​ဇင်းပရိသတ်ကြီးထံ တင်​ပြသွားမှာပါခင်​ဗျ။

ဒီ "နဂါးနိုင်​ဓား" ဝတ္ထုဟာ တရုတ်​လူမျိုး စာ​ရေးဆရာ ကျင်း​ရုံ​ရေးသားတဲ့ Yǐ Tiān Tú Lóng Jì လို့​ခေါ်တဲ့ The Heaven Sword and Dragon Saber အခန်းဆက်​ဝတ္ထုပါပဲ၊ ဒီစာအုပ်​ကို ( ဆရာ ) တက္ကသိုလ်​​နေလင်း​အောင်​က "နဂါးနိုင်​ဓား" အဖြစ်​ ဘာသာပြန်​ ​ရေးသားထားပါ။ မူရင်းစာ​ရေးဆရာဖြစ်​တဲ့ ကျင်းရုံ ( Jin Yong ) ဟာဆိုရင်​ Wuxia လို့​ခေါ်တဲ့ သိုင်းဝတ္ထုမျိုး​ရေးရာမှာ တကယ့်​ ထိပ်​တန်းစာ​ရေးသူတစ်​​ယောက်​အဖြစ်​ သတ်​မှတ်​ခြင်းခံရပါတယ်​။ ဒါ့အပြင်​ သူဟာ ကျွန်​​တော်​တို့ မြန်​မာစာဖတ်​ပရိတ်​သတ်​နဲ့လည်း မစိမ်းလှပါဘူး။ သူ့ရဲ့ သိမ်းငှက်​သူရဲ​ကောင်း ဝတ္ထုနဲ့ ဇာတ်​လမ်းကို ဝန်​ဇင်းပရိတ်​သတ်​ ရင်းနှီးပြီးသားဖြစ်​ပါတယ်​။

အခု ဝတ္ထုကိုလည်း ဇာတ်​လမ်းတွဲ ( series ) အဖြစ်​ ကြည့်​ဖူးကြပါလိမ့်​မယ်​၊ အ​တော်​ကိုလည်း ဆွဲ​ဆောင်​နိုင်​တဲ့ သိုင်းဇာတ်​လမ်းအဖြစ်​ ရုပ်​သံကြည့်​ဖူးတဲ့သူတိုင်း သတ်​မှတ်​မိမှာပါ။ အခု​ဆိုရင်​ ဒါကို မြန်​မာပြန်​ထားတဲ့ ဆရာ​နေလင်း​အောင်​ရဲ့ ဘာသာပြန်​လက်​ရာကို မိမိရဲ့ဖုန်းထဲမှာ ထည့်​သွင်းဖတ်​ရှုနိုင်​ပါပြီ။ ရုပ်​သံဇာတ်​လမ်းကို ကြည့်​ရတာနဲ့ ဝတ္ထုအဖြစ်​ ဖတ်​ရှုရတာဟာ ရသတစ်​မျိုးစီ ကွဲပြားတာ အားလုံးအသိပါ၊ အချို့က ဝတ္ထုဖတ်​ရတာ ပိုနှစ်​သက်​တယ်​၊ အချို့က ရုပ်​သံ။ သိုင်းဝတ္ထုဆိုရင်​ တိုက်​ခိုက်​ခန်း​တွေ အများဆုံး ပါဝင်​​လေ့ရှိ​တော့ ရုပ်​သံကြည့်​ရတာကို ပိုသ​ဘောကျတယ်​လို့ ဆိုသူ​တွေ များကြတယ်​။ ဒါ​ပေမယ့်​ ဝတ္ထုကိုလည်း ဖတ်​ကြည့်​ဖို့ တိုက်​တွန်းပါတယ်​၊ ရုပ်ရှင်​အဖြစ်​ ရိုက်​တဲ့အခါ၊ ဝတ္ထုကို ဇာတ်​ညွှန်းအဖြစ်​ ပြန်​လည်​​ ဖြတ်​​တောက်​၊ စီစဉ်​ရတာဖြစ်​တဲ့အတွက်​ ရုပ်​သံထဲမပါတဲ့ ဇာတ်​လမ်းဇာတ်​ကွက်​ အချို့ကို ဝတ္ထုထဲမှာ မြင်​​တွေ့နိုင်​တယ်​။ ဒီ့အပြင်​ စာအဖြစ်​ ဖတ်​ရှုရတာ အားသန်​သူအဖို့ ဒီသိုင်းဝတ္ထုက ဝန်​ဇင်းပရိတ်​သတ်​ကြီးကို ထမင်း​မေ့ဟင်း​မေ့ ဆွဲ​ခေါ်သွားမှာ ​သေချာသ​လောက်​ပါပဲခင်​ဗျ။

အခုမိတ်​ဆက်​မယ့်​ "နဂါးနိုင်​ဓား" မူရင်းဝတ္ထုဟာ ၁၉၇၉ ခုနှစ်​မှာ ထွက်​ရှိခဲ့တယ်​။ ဒီမတိုင်​ခင်​မှာ​တော့ ၁၉၆၁ ခုနှစ်​၊ ဇူလိုင်​ ၆ ရက်​​နေ့က​နေ ၁၉၆၃ ခုနှစ်​၊စက်​တင်​ဘာ ၂ ရက်​​နေ့အထိ ​ဟောင်​​ဟောင်​အ​ခြေစိုက်​ သတင်းစာဖြစ်​တဲ့ Ming Pao newspaper မှာ နှစ်​,နှစ်​​ကျော်​ကြာ အခန်းဆက်​ ​ဖော်​ပြခဲ့တာပါ​​။ ဒီဝတ္ထုမှာ သမိုင်း​နောက်​ခံအဖြစ် မွန်​ဂိုဘုရင်​​တွေ အုပ်​စိုးခဲ့တဲ့ ယွန်​မင်းဆက်​ ( Yuan Dynasty ) ​​နှောင်းပိုင်းကာလကို အ​ခြေခံပြီး ​ရေးဖွဲ့ထားတာ ​တွေ့ရပါလိမ့်​မယ်​။

အခု ဝန်ဇင်းပရိသတ်ကြီးအတွက်​ အပိုင်း​များခွဲပြီး စာစဉ်​အတွဲ​တွေအဖြစ်​ တင်​ပြသွားပါမယ်​။ ပထမဆုံး စာစဉ်​ ( ၁ ) မှာ​ အခန်း​ပေါင်း ( ၁၂ ) ခန်းထည့်​သွင်း တင်​ပြထားပါတယ်​။

"နဂါးနိုင်​ဓား" ဟာ တရုတ်​သိုင်းဝတ္ထုပီသစွာပဲ ဇာတ်​အိမ်ကြီးမားပြီး ဇာတ်​​ကောင်​​တွေ ကျယ်​ကျယ်​ပြန့်​ပြန့်​ ပါဝင်​နေတယ်​၊ ဇာတ်​အိမ်​ ဘယ်​​လောက်​ကြီးကြီး ဇာတ်​​ကောင်​ ဘယ်​​လောက်​များများ ဟာကွက်​မရှိ၊ ဇာတ်​လမ်းထဲ အံခွင်​ဝင်​ကျ ဖြစ်​​နေတာက​ ချီးကျူးစရာပါပဲ။

ဦးစွာ အခန်း (၁) ဖြစ်​တဲ့ ခွန်​လွန်​ဘုရား​ကျောင်း အခန်းမှာ​တော့ ​ကော့လင်း ဆိုတဲ့ မိန်းမပျို​လေးတစ်​​ယောက်​ရဲ့ ပုံရိပ်​က​နေ ဇာတ်​လမ်းကို စ,ထားတယ်​။ သူမဟာ ထိပ်​သီး သိုင်းပညာရှင်​ ​ကော့ချင်းနဲ့ အမျိုးသမီး သိုင်းပညာရှင်​ စစ်​ရုံတို့ရဲ့ သမီး​ထွေး​တစ်​​ယောက်​၊ ​ကျော့ရှင်းလှပပြီး မဟုတ်​မခံစိတ်​နဲ့ စပ်​စပ်​စုစုနိုင်​တဲ့ အ​ကြောက်​အလန့်​မရှိသူ သိုင်းသမပျို​လေး၊ ဒါ့အပြင် ​ချစ်​သူရဲ့ စွန့်​ပစ်​ခြင်းကို ခံထားရသူလည်း ဖြစ်​​သေးတယ်​။ ဒီအခန်းမှာ သူမရဲ့ စပ်​စုစိတ်​​ကြောင့်​ ​ရှောင်​လင်​​ကျောင်း​တော်​က အညတြဘုန်းကြီး ကြွယ်​ရွှင်​တို့ ​တွေ့ဆုံပြီး အခြား ​​ရှောင်​လင်​ကိုယ်​​တော်​​တွေနဲ့ပါ ပြဿနာတက်​ပုံကို ဇာတ်​လမ်းပျိုးထားတယ်​။

" ​ရှောင်​လင်​ဘုရား​ကျောင်းက သိုင်းပညာကို အစပျိုးခဲ့တဲ့ အရင်းခံ ​ရေ​သောက်​မြစ်​ကြီးပဲဆိုတာ လူတိုင်းလက်​ခံထားကြတယ်​၊ ဒါ​ပေမယ့်​ ဝါဆန်း​တောင်​မှာ ကျင်းပမယ့်​ ဓား​ရေးပြိုင်​ပွဲကြီးမှာကျ​တော့ ဒီ​ကျောင်းက သိုင်းပညာရှင်​ ဘုန်း​တော်​ကြီး​တွေ ဘာ​ကြောင့်​ မပါရတာလဲ၊ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှာ ​ရှောင်​လင်​​ကျောင်းဂိုဏ်း တစ်​ခုတည်း မပါလာတာလား၊ အင်း .. ဒီ​ကျောင်း ဘုန်း​တော်​ကြီး​တွေဟာ နိုင်​မယ်​မထင်​လို့ သွားမယှဉ်​ပြိုင်​တာလား၊ ဒါမှမဟုတ်​ အစဉ်​အလာကြီးမားခဲ့တဲ့ ​ကျောင်း​တော်​ရဲ့ နာမည်​ဂုဏ်​သိက္ခာ​တွေ ကျသွားမှာ စိုးရိမ်​လို့ပဲလား " ... ဇာတ်​လမ်းအစမှာတင်​ စာဖတ်​သူ​တွေအတွက်​ ပြဿနာကို ရင်​ဆိုင်​​တွေ့စပြီး အ​ဖြေမ​ပေးထားတဲ့ ပ​ဟေဠိ​တွေနဲ့ မိတ်​ဆက်​ထားတာကို စိတ်​ဝင်​စားဖွယ်​ ​တွေ့ရမှာပါ။ သည်​အခန်းမှာတင်​ "နဂါးနိုင်​ဓား" ရဲ့ မူလဇာတ်​​ကောင်​လို့ ဆိုရမယ့်​ ကျန်​ဆန်းဖုန်းကို အနည်းငယ်​ အ​ယောင်​ပြ ​ဖော်​ပြထားပါ​သေးတယ်​​။

နောက်​တစ်​ခန်းဖြစ်​တဲ့ 'တစ်​ကိုယ်​နှစ်​စိတ်​' မှာ​တော့ ​ရှောင်​လင်​​ကျောင်းကို လာပြီး သိုင်းပညာပြိုင်​မယ့်​ ခွန်းလွန်​ဘုရားသုံးဆူလို့ တင်​စားခံရတဲ့ ကျားထိုး​တော်​ပြီး ဂီတတီးရင်း သိုင်း​လေ့ကျင့်​သူ တစ်​ကိုယ်​နှစ်​စိတ်​ သိုင်းပညာရှင်​ ဟိုကျူး​တောက်​နဲ့ ​ကော့လင်းတို့ ​ဆုံ​တွေ့ပုံက မထင်​မှတ်​ထားစရာပဲ။ ​ရှေ့အခန်းက ​ရှောင်​လင်​ပြဿနာ​တွေကို ဒီအခန်းမှာ အရှိန်​မြှင့်​ထားတယ်​။ ပြီး​နောက်​ တတိယအခန်းဖြစ်​တဲ့ အရှုံးအနိုင်​မှာ​တော့ ​ရှောင်​လင်​​ကျောင်းမှာ ဘာသိဘာသာ​နေတဲ့ ကြွယ်​ရွှင်​ကိုယ်​​တော်​မြတ်​ရဲ့ အံ့အားသင့်​ဖွယ်​ အတွင်းအားနဲ့ ​ရှောင်​လင်​လက်​သီးအ​ခြေခံသိုင်းကို​ အတွင်းအားမြင့်​မားစွာနဲ့ အသုံးချပြီး ဟိုကျူး​တောက်​ကို အနိုင်​ယူခဲ့တဲ့ ဘယ်​သူမှမထင်​မှတ်​ထားတဲ့ ကျန်​ဆန်းဖုန်း၊ ဒီဖြစ်​ရပ်​​တွေအ​ပေါ် ​ရှောင်​လင်​ရဲ့ အဓိပတိ ကိုယ်​​တော်​​တွေက တုန်​လှုပ်​အံ့အားသင့်​ပြီး စာဖတ်​သူရဲ့ သိလိုစိတ်​ကို မဲပြတ်​နှိုးဆွမယ့်​ ပ​ဟေဠိ​တွေကို တသီတသန်းကြီး တင်​ပြထားပါတယ်​။

ကြွယ်​ရွှင်​ကိုယ်​​တော်​မြတ်​နဲ့ ကျန်​ဆန်းဖုန်းတို့ရဲ့ သိုင်းပညာမြင့်​မားမှုက ​ရှောင်​လင်​​ကျောင်း​တော်​ကြီးရဲ့ အဓိကကျတဲ့ သမိုင်း၊အစိတ်​အပိုင်း​တွေနဲ့ ဆက်​စပ်​​နေတာကိုလည်း စာဖတ်​သူကြီး မြင်​​တွေ့ရမှာပါ။ သည့်​​နောက်​ နဂါးနိုင်​ဓားအခန်းမှာဆိုရင်​ စာ​ရေးသူက အ​ရေးကြီးတဲ့ လျှို့ဝှက်​ဇာတ်​​ကောင်​တစ်​​ယောက်​ကို အသား​ပေးပြီး စာဖတ်​သူရဲ့ သိချင်​စိတ်​ကို အဆက်​မပြတ်​ စီးဆင်း​စေပါတယ်​။ ဟူတန်းဂိုဏ်း​ခေါင်း​ဆောင်​ ( ဟူတန်းခုနှစ်​​ဖော်​ ) ကျန်​ဆန်းဖုန်းရဲ့ တတိယ​မြောက်​တပည့်​ လူငယ်​ ရီတိုက်​ရွှင်​၊ ဟိုင်​ဆားဂိုဏ်းသား​တွေနဲ့ လျှို့ဝှက်​​ဇာတ်​​ကောင်​ ပိုးအင်္ကျီနဲ့လူငယ်​ တို့ရဲ့ နဂါးနိုင်​ဓားအတွက်​ တိုက်​ခိုက်​ကြပုံ၊ မ​မျှော်​လင့်​တဲ့သူဆီက ဒဏ္ဍာရီသဖွယ်​ဖြစ်​တဲ့ နဂါးနိုင်​ဓားကို ရရှိသွားတဲ့ ရီတိုက်​ရွှင်​တို့ အ​ကြောင်းဟာ အလွန်​ကို စိတ်​ဝင်​စားဖွယ်​ ​ကောင်းလှတာ ​တွေ့ရမှာပါ။

ထပ်​မံပြီး နဂါးနိုင်​ဓားကို လာရှာတဲ့ မျက်​ခုံးဖြူဂိုဏ်းရဲ့ ​လုပ်​ရပ်​နဲ့ သူနဲ့ပတ်​သက် ဆက်​စပ်​​နေသူအ​ကြောင်း​တွေ၊ နဂါးနိုင်​ဓားဟာ မထင်​မှတ်​ဘဲ အလစ်​ငိုက်​ခံရလိုက်​ရတဲ့ ရီတိုက်​ရွှင်​ကတစ်​ဆင့်​ အင်​အားကြီးဂိုဏ်းတစ်​ခုထဲ ​ရောက်​သွားပုံဟာ မြန်​ဆန်​လွန်းလှပြီး မထင်မှတ်​ထားတဲ့ ဇာတ်​ကွက်​အလှည့်​အ​ပြောင်း၊ ​နောက်​ပိုင်းမှာ အရံဇာတ်​​ကောင်​​တွေနဲ့ ရုတ်​တရက်​​ပေါ်လာတဲ့ ​ဇာတ်​​ကောင်​​တွေ များပြားလာပြီး တစ်​ခုနဲ့တစ်​ခု အချိတ်​အဆက်​မိမိ စာ​ရေးသူက ဘယ်​လို​ဖော်​ထုတ်​ တင်​ပြထားတယ်​ဆိုတာ ​တွေ့ရပါလိမ့်​မယ်​။ အခု မိတ်​ဆက်​​ပေးတဲ့ စာစဉ်​ ( ၁ )၊ အခန်း ( ၁၂ ) ခန်းမှာတင်​ တစ်​ခန်းတဲ့တစ်​ခန်းရဲ့ အဖြစ်​အပျက်​​တွေဟာ ချိတ်​ဆက်​မိလှပြီး သိုင်းပညာတိုက်​ခိုက်​ခန်းမှာဆိုရင်​ သွက်​လက်​လှတဲ့ အ​ရေးအသား​တွေ၊ လျင်​မြန်​တဲ့ အဖြစ်​အပျက်​ ... ဥပမာဆိုရင်​ ပထမဆုံးအခန်းမှာ ကျန်​ဆန်းဖုန်းကို ၁၆နှစ်​အရွယ်​နဲ့ ​ဖော်​ပြထားပြီး အခန်း (၄) ​ရောက်​တဲ့အခါ ဟူတန်း​​ဂိုဏ်းချုပ်​ကြီး အသက်​ ၉ဝ အရွယ်​ ကျန်​ဆန်းဖုန်းအဖြစ်​ ချုံ့ပစ်​လိုက်​တဲ့ ဇာတ်​ကွက်​ကို မ​မျှော်​လင့်​ဘဲ မြင်​​တွေ့ရမှာပါ။ ဒီလို ချုံ့ပစ်​လိုက်​တဲ့ ဇာတ်​ကွက်​အချို့က​နေ အခြား အ​ရေးကြီးတဲ့ ဇာတ်​​ကောင်​​တွေကို ​ဖော်​ထုတ်​လိုက်​ပြီး စိတ်​ဝင်​စားဖွယ်​ ​ရေးသားတင်​ပြသွားပုံကို ဝန်​ဇင်းပရိသတ်ကြီး ကြိုက်​နှစ်​သက်​မှာ အမှန်​ပါပဲခင်​ဗျ။

ဆက်​လက်​ပြီး စာမြည်း​ပေးရရင်​ ကျန်​ဆန်းဖုန်းရဲ့ တပည့်​ရီတိုက်​ရွှင်​ဟာ ဒဏ်​ရာနဲ့အတူ ​ရွှေငါးအာမခံဌာနကို ​ရောက်​သွားပုံ၊ ချင်​လူငယ်​၊ ​ရှောင်​လင်​ထွက်​ လူငယ်​ တိုးတာကျင်းနဲ့ ​တွေ့ဆုံပြီး ​ရှောင်​လင်​နဲ့ဟူတန်းဂိုဏ်းတို့ ရန်​စမရှိ​ပေမယ့်​ အဆက်​အဆံမရှိပုံ​တွေကို စိတ်​ဝင်​စားဖွယ်​ မြင်​​တွေ့ရဦးမယ်​။ ​နောက်​ပြီး ဟူတန်းခုနှစ်​​ဖော်​အခန်းမှာဆိုရင်​ ဟူတန်းဂိုဏ်းသား တစ်​ဦးချင်းစီရဲ့ မတူညီတဲ့ အရည်​အချင်း​တွေ၊ ကျန်​ဆန်းဖုန်းကြီးရဲ့ အ​ကြောင်းနဲ့ မထင်​မှတ်​ထားတဲ့ တိုက်​ပွဲ​တွေ​ပေါ်​ပေါက်​လာတာကို စိတ်​လှုပ်​ရှားဖွယ် ဖတ်​ရှုကြရမယ်​။

အခန်း ၁၀ နဲ့ ၁၁ ဖြစ်​တဲ့ မိန်းမ​ချော​လေး၊ ပ​ဟေဠိဆန်​​သောမိန်းက​လေး တို့မှာ ​နောက်​ပိုင်းဇာတ်​လမ်း​တွေရဲ့ အဓိကဇာတ်​​ကောင်​တစ်​ဦး ဖြစ်​လာဦးမယ့်​ အဆင့်​မြင့်​သိုင်းပညာရှင်​ မိန်းက​လေးတစ်​ဦးအ​ကြောင်းကို ပ​ဟေဠိဆန်​စွာ ဝန်​ဇင်းပရိတ်​သတ်​ကြီး ဖတ်​ရှုခံစားရဦးမှာပါ။ အခန်း ၁၂-ဓားပြပွဲ အခန်းမှာ​တော့ နာမည်​ကြီး ဟူတန်းဂိုဏ်းက ခွန်းလွန်​ဂိုဏ်းနဲ့ ​တွေ့ဆုံပုံ၊ ဒီအခန်းမှာ လူစုံတက်​စုံဖြစ်​ပြီး နဂါးနိုင်​ဓား ​ပေါ်ထွက်​လာပုံ၊ ဒါ့အပြင်​ မျက်​ခုံးဖြူဂိုဏ်း၊ ​ဝေလငါးဂိုဏ်း၊ ဟိုင်​ဆားဂိုဏ်း၊ လက်​သီးဘုရင်​ဂိုဏ်းတို့ အသီးသီး ဓားပြပွဲကို ​ရောက်​လာပြီး ပြင်းထန်​တဲ့တိုက်​ပွဲ​တွေ ......

ကဲ .. ဒီလိုဆိုရင်​ ရုပ်​သံဇာတ်​လမ်းအြ​ဖစ်​​ရော ဝတ္ထုအဖြစ်​ပါ ​အောင်​မြင်​ခဲ့တဲ့ တရုတ်​သိုင်းဝတ္ထုကြီးကို ဖတ်​ရှုရ​အောင်​ အခုပဲ ဝန်​ဇင်းမှာ (၄၀၀)ကျပ်တည်းဖြင့် ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့ပါနဲ့ဦးဗျ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်​ဗျာ ။

ဝန်​ဇင်းပရိ​သတ်​ကြီးကို ချစ်​ခင်​စွာဖြင့် ......

Related Posts